သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ဝန်ကြီးချုပ် ချီးကျူးဂုဏ်ပြု


NLD ပါတီကို ထောက်ခံအားပေးသူများကို ရန်ကုန်မြို့မှာ တွေ့ရ။ (နိုဝင်ဘာ ၀၈၊ ၂၀၂၀)
NLD ပါတီကို ထောက်ခံအားပေးသူများကို ရန်ကုန်မြို့မှာ တွေ့ရ။ (နိုဝင်ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ဂျပန် ဝန်ကြီးချုပ် Yoshihide Suga
ဂျပန် ဝန်ကြီးချုပ် Yoshihide Suga

ဂျပန် ဝန်ကြီးချုပ် Yoshihide Suga က အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူး ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။ ဂျပန် အစိုးရအနေနဲ့ နောက်တက်လာမယ့် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်သလို တိုင်းပြည်ရဲ့ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းတွေကိုလည်း အင်ပြည့်အားပြည့် ဆက်လက် အကူအညီ ပေးသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်ရဲ့ ဂုဏ်ပြု သဝဏ်လွှာမှာ ပါရှိကြောင်း ဂျပန်အစိုးရက ပြောပါတယ်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Toshimitsu Motegi ကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ်သာမက နိုင်ငံခြားရေး ဝန်ကြီး အဖြစ်ပါ တာဝန်ယူထားသူ ဒေါ်အောင်ဆန်းစုကြည်ကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလထဲ ရွေးကောက်ပွဲကို အောင်အောင် မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အပေါ် ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့က အထွေထွေ ရွေးကောက်ပွဲ ကျင်းပအပြီးမှာ လွှတ်တော်မှာ နေရာ အများစုကို ထိန်းထားနိုင်တဲ့ မဲဆန္ဒနယ်မြေ အများစုမှာ အနိုင်ရရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာထားတာပါ။

၅ နှစ်အတွင်း ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ မြန်မာ့ ရွေးကောက်ပွဲကို ပွင့်လင်းပြီး မျှတစွာ ကျင်းပရာမှာ အထောက်အကူ ပြုစေဖို့ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့တစ်ဖွဲ့ကို ရွေးကောက်ပွဲ မတိုင်မီ ဂျပန်နိုင်ငံက စေလွှတ်ခဲ့တယ်လို့လည်း Mainichi သတင်းစာက ပြောပါတယ်။

ရွေးကောက်ပွဲ ရလဒ်တရားဝင်ထုတ်ပြန်ချက်ကို EU ဥရောပသမဂ္ဂနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စောင့်စားနေကြပါတယ်။ လက်ရှိအာဏာရ NLD ပါတီအနေနဲ့ တနိုင်ငံလုံးမှာ နေရာအများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်တဲ့အခြေအနေမှာ အပြည့်အဝရှိတယ်လို့ ပါတီပြောခွင့်ရသူတွေက VOA ကို ပြောထားပါတယ်။

ရွေးကောက်ပွဲနောက်ဆုံးရလဒ်တွေကိုတော့ နောက်ပိုင်း သတင်းပေးပို့ချက်တွေမှာ စောင့်မျှော်နားဆင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG