သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ေရြးေကာက္ပြဲရလဒ္ေတြ အျငင္းပြားစရာရွိေနေၾကာင္း ျပည္ခုိင္ၿဖိဳးပါတီဥကၠ႒ေျပာ


ႀကံခိုင္ဖံြ႔ၿဖိဳးေရးပါတီ USDP ဥကၠဌ ဦးသန္းေဌး

(Zawgyi/Unicode)

လက္ရွိထြက္ေပၚလာေနဆဲ ၂၀၂၀ ေရြးေကာက္ပဲြရလဒ္ေတြမွာ အျငင္းပြားစရာေတြရွိေနၿပီး ဥပေဒနဲ႔မညီတာေတြ ရွိေနေၾကာင္း အေထာက္အထားအခိုင္အလံု မျပပဲ ႀကံခိုင္ဖံြ႔ၿဖိဳးေရးပါတီ USDP ဥကၠဌ ဦးသန္းေဌးက မေန႔ အဂၤါေန႔က ေျပာၾကားခဲ့ပါတယ္။

ႏို၀င္ဘာလ (၈)ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ အေထြေထြေရြးေကာက္ပဲြနဲ႔ပတ္သက္လို႔ ပါတီရဲ႕ Facebook ကေန အဂၤါေန႔က ထုတ္လႊင္တဲ့ USDP ဥကၠဦးသန္းေဌးရဲ႕ ဗီြဒီယိုမိန္႔ခြန္းမွာ ေရြးေကာက္ပဲြျဖစ္စဥ္မွာ ဥပေဒနဲ႔ မညီတဲ့ အျငင္းပြားဖြယ္ရာလုပ္ရပ္ေတြေၾကာင့္ တရားေရးလမ္းေၾကာင္းကေန ရင္ဆိုင္ဖို႔ ရွိေနေၾကာင္း အခုလိုေျပာၾကားခဲ့ပါတယ္။

“မဲေပးျခင္းလုပ္ငန္းစဥ္ေတြ ၿပီးဆံုးသြားတဲ့ ျဖစ္စဥ္ေတြ တခုလံုးဟာ ဥပေဒနဲ႔အညီ ျဖစ္သလား ၊ မျဖစ္ဘူးလားဆိုတာကေတာ့ အျငင္းပြားဖြယ္ရာ ေျမာက္မ်ားစြာ ရွိခဲ့တယ္၊ ရွိေနစဲ ။ ဆက္ၿပီးေတာ့လည္း အေထာက္အထားေတြ ထြက္ေပၚေနစဲျဖစ္ေတာ့ ဒီခရီးဟာ မၿပီးေသးႏိုင္တဲ့ မဆံုးႏိုင္ေသးတဲ့ ခရီးအရွည္ၾကီးျဖစ္မယ္လို႔ က်ေနာ္တင္ျပခ်င္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ဥပေဒနဲ႔အညီျဖစ္တဲ့ မွ်တတဲ့ ေရြးေကာက္ပြဲအေျဖျဖစ္ေအာင္ က်ေနာ္တို႔က ဥပေဒနဲ႔အညီ ဆက္ၿပီးေတာ့ ႀကိဳးစားသြားမွာ ျဖစ္ပါတယ္။”

USDP အေနနဲ႔ လက္ရွိေရြးေကာက္ပဲြမွာ အရင္ ၂၀၁၅ေရြးေကာက္ပဲြ တုန္းက ရခဲ့တဲ့ မဲအေရအတြက္ ေလာက္ေတာင္ မရရွိဘူးလို႔ ေဒသသတင္းေတြမွာေဖၚျပေနၾကပါတယ္။ ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္အေနနဲ႔တိုင္းနဲ႔ ျပည္နယ္အလိုက္ အႏိုင္ရရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕အမည္စာရင္းေတြကို အခ်ိန္နဲ႔ တေျပးညီထုတ္ျပန္ ေၾကညာေပးေနတာပါ။

တတိုင္းျပည္လံုး ေနာက္ဆံုးမဲ စာရင္းရလဒ္ေတြကို မသိရေသးေပမဲ့ လက္ရွိ စာရင္းေတြအရ ျပည္သူ႔လႊတ္ေတာ္က စုစုေပါင္း ၃၁၅ ေနရာမွာ အာဏာရ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ NLD က ၂၄၀ ရေနၿပီး၊ အမ်ဳိးသားလႊတ္ေတာ္မွာေတာ့ စုစုေပါင္း ၁၆၁ ေနရာအနက္ ၁၁၃ ကို NLD က ရရွိထားပါတယ္။ လႊတ္ေတာ္ႏွစ္ရပ္လံုးအတြက္ NLD ပါတီက ေနရာ ၃၂၂ ေက်ာ္ကို အႏိုင္ရထားၿပီးျဖစ္ပါတယ္။ ဒီအေရအတြက္ဟာ NLD အေနနဲ႔ ျပည္ေထာင္စုအစိုးရကို လြတ္လြတ္ကြ်တ္ကြ်တ္ ဖဲြ႔စည္းႏိုင္တဲ့ အေျခအေန ရွိေနေၾကာင္း ျမန္မာ့အေရးအကဲခတ္ေတြက ေျပာပါတယ္။

ၿမိဳ႕နယ္ (၉ )ၿမိဳ႕နယ္အပါအ၀င္ ေနရာအမ်ားအျပား ေရြးေကာက္ပဲြ ဖ်က္သိမ္းခံခဲ့ရတဲ့ ရခိုင္ျပည္နယ္မွာ က်င္းပခဲ့တဲ့ အခ်ဳိ႕ မဲ ဆႏၵနယ္ေျမေတြမွာ ရခိုင္အမ်ဳိးသားပါတီ ANP ကိုယ္စားလွယ္ေတြ မဲ အႏိုင္ရခဲ့ၾကတဲ့အတြက္ ျပည္နယ္လႊတ္ေတာ္မွာ ANP ပါတီက အမ်ားစုေနရာမွာရွိေနမယ္လို႔လည္း သံုးသပ္ခ်က္ေတြ ရွိေနပါတယ္။ အလားတူ ရွမ္းနဲ႔ ကယားျပည္နယ္မွာလည္း တိုင္းရင္းသား ပါတီကိုယ္စားလွယ္ေလာင္းေတြ အမ်ားစု မဲအႏိုင္ရရွိခဲ့ၾကပါတယ္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကေတာ့ ကုိဗစ္ေရာဂါ ထိန္းခ်ဳပ္ေရးဆုိင္ရာ စည္းခ်က္ေတြနဲ႔ အညီ ႏုိ၀င္ဘာ ၁၁ ရက္၊ ဗုဒၶဟူးေန႔ ညေန ၃ နာရီမွာ ေနျပည္ေတာ္မွာ ရွိတဲ့ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ရုံးမွာ သတင္းစာရွင္းလင္းပြဲ က်င္းပသြားမယ္လုိ႔ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ရွေးကောက်ပွဲရလဒ်တွေ အငြင်းပွားစရာရှိနေကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌပြော

(Unicode)

လက်ရှိထွက်ပေါ်လာနေဆဲ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေမှာ အငြင်းပွားစရာတွေရှိနေပြီး ဥပဒေနဲ့မညီတာတွေ ရှိနေကြောင်း အထောက်အထားအခိုင်အလုံ မပြပဲ ကြံခိုင်ဖွံဖြိုးရေးပါတီ USDP ဥက္ကဌ ဦးသန်းဌေးက မနေ့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလ (၈)ရက်နေ့က ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပါတီရဲ့ Facebook ကနေ အင်္ဂါနေ့က ထုတ်လွှင်တဲ့ USDP ဥက္ကဦးသန်းဌေးရဲ့ ဗွီဒီယိုမိန့်ခွန်းမှာ ရွေးကောက်ပွဲဖြစ်စဉ်မှာ ဥပဒေနဲ့ မညီတဲ့ အငြင်းပွားဖွယ်ရာလုပ်ရပ်တွေကြောင့် တရားရေးလမ်းကြောင်းကနေ ရင်ဆိုင်ဖို့ ရှိနေကြောင်း အခုလိုပြောကြားခဲ့ပါတယ်။

“မဲပေးခြင်းလုပ်ငန်းစဉ်တွေ ပြီးဆုံးသွားတဲ့ ဖြစ်စဉ်တွေ တခုလုံးဟာ ဥပဒေနဲ့အညီ ဖြစ်သလား ၊ မဖြစ်ဘူးလားဆိုတာကတော့ အငြင်းပွားဖွယ်ရာ မြောက်များစွာ ရှိခဲ့တယ်၊ ရှိနေစဲ ။ ဆက်ပြီးတော့လည်း အထောက်အထားတွေ ထွက်ပေါ်နေစဲဖြစ်တော့ ဒီခရီးဟာ မပြီးသေးနိုင်တဲ့ မဆုံးနိုင်သေးတဲ့ ခရီးအရှည်ကြီးဖြစ်မယ်လို့ ကျနော်တင်ပြချင်ပါတယ်။ ဒါကြောင့်မို့လို့ ဥပဒေနဲ့အညီဖြစ်တဲ့ မျှတတဲ့ ရွေးကောက်ပွဲအဖြေဖြစ်အောင် ကျနော်တို့က ဥပဒေနဲ့အညီ ဆက်ပြီးတော့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။”

USDP အနေနဲ့ လက်ရှိရွေးကောက်ပွဲမှာ အရင် ၂၀၁၅ရွေးကောက်ပွဲ တုန်းက ရခဲ့တဲ့ မဲအရေအတွက် လောက်တောင် မရရှိဘူးလို့ ဒေသသတင်းတွေမှာဖေါ်ပြနေကြပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့တိုင်းနဲ့ ပြည်နယ်အလိုက် အနိုင်ရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အမည်စာရင်းတွေကို အချိန်နဲ့ တပြေးညီထုတ်ပြန် ကြေညာပေးနေတာပါ။

တတိုင်းပြည်လုံး နောက်ဆုံးမဲ စာရင်းရလဒ်တွေကို မသိရသေးပေမဲ့ လက်ရှိ စာရင်းတွေအရ ပြည်သူ့လွှတ်တော်က စုစုပေါင်း ၃၁၅ နေရာမှာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂၄၀ ရနေပြီး၊ အမျိုးသားလွှတ်တော်မှာတော့ စုစုပေါင်း ၁၆၁ နေရာအနက် ၁၁၃ ကို NLD က ရရှိထားပါတယ်။ လွှတ်တော်နှစ်ရပ်လုံးအတွက် NLD ပါတီက နေရာ ၃၂၂ ကျော်ကို အနိုင်ရထားပြီးဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ NLD အနေနဲ့ ပြည်ထောင်စုအစိုးရကို လွတ်လွတ်ကျွတ်ကျွတ် ဖွဲ့စည်းနိုင်တဲ့ အခြေအနေ ရှိနေကြောင်း မြန်မာ့အရေးအကဲခတ်တွေက ပြောပါတယ်။

မြို့နယ် (၉ )မြို့နယ်အပါအဝင် နေရာအများအပြား ရွေးကောက်ပွဲ ဖျက်သိမ်းခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ အချို့ မဲ ဆန္ဒနယ်မြေတွေမှာ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်တွေ မဲ အနိုင်ရခဲ့ကြတဲ့အတွက် ပြည်နယ်လွှတ်တော်မှာ ANP ပါတီက အများစုနေရာမှာရှိနေမယ်လို့လည်း သုံးသပ်ချက်တွေ ရှိနေပါတယ်။ အလားတူ ရှမ်းနဲ့ ကယားပြည်နယ်မှာလည်း တိုင်းရင်းသား ပါတီကိုယ်စားလှယ်လောင်းတွေ အများစု မဲအနိုင်ရရှိခဲ့ကြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ စည်းချက်တွေနဲ့ အညီ နိုဝင်ဘာ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီမှာ နေပြည်တော်မှာ ရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG