သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတလွှား လူပေါင်း ၅၄ သန်းကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ


နယူးဒေလီမြို့မှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်း။ (အောက်တိုဘာ ၂၉၊ ၂၀၂၀)
နယူးဒေလီမြို့မှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်း။ (အောက်တိုဘာ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Johns Hopkins တက္ကသိုလ် စစ်တမ်းအရ တနင်္ဂနွေနေ့မှာ ကမ္ဘာတလွှား ဒီရောဂါ ကူးစက်ခံရသူ ၅၄ သန်းကျော်သွားပြီ ဖြစ်ပါတယ်။

အမေရိကန်၊ အိန္ဒိယနဲ့ ဘရာဇီးလ်နိုင်ငံတွေမှာ ကူးစက်မှု အများဆုံး ဖြစ်ပါတယ်။ အမေရိကန်မှာ ကူးစက်သူ ၁၁ သန်းနီးပါးရှိပြီး အိန္ဒိယက ၈.၈ သန်းကျော်ရှိသလို ဘရာဇီးလ်ကတော့ ၅.၈ သန်းကျော် ရှိနေတာပါ။ အိန္ဒိယမှာ တနင်္ဂနွေနေ့က တရက်အတွင်း ကူးစက်ခံရသူ ၄၀,၀၀၀ ကျော်ရှိပါတယ်။

မက္ကဆီကိုမှာ စနေနေ့က ဒီရောဂါကူးစက်သူ တသန်းကျော်ဖြစ်သွားပေမယ့် Lockdown ချ တားမြစ်ကန့်သတ်မှုတွေ မထုတ်ပြန်သေးသလို နှာခေါင်းစည်း မတပ်မနေရအမိန့်လည်း မထုတ်ပြန်ပါဘူး။

အမေရိကန် ဌာနေတိုင်းရင်းသားတွေရဲ့ Navajo ဒေသ အသိုင်းအဝိုင်း ၃၄ ခုမှာတော့ COVID-19 ကူးစက်မှု သိသိသာသာ တိုးလာတာကြောင့် တနင်္လာနေ့ကစပြီး သီတင်း ၃ ပတ်ကြာ Lockdown လုပ် အသွားအလာ တားမြစ်လိုက်ကြောင်း တိုင်းရင်းသားဒေသဆိုင်ရာ ကျန်းမာရေးဌာနက ကြေညာပါတယ်။ ဒါ့အပြင် ဌာနေတိုင်းရင်းသား ၁၀,၀၀၀ ကျော် ဒီရောဂါ ကူးစက်ခံရသလို သေဆုံးရသူက ၆၀၀ ကျော် ရှိနေတယ်လို့လည်း ကျန်းမာရေးဌာနက စနေနေ့က ထုတ်ပြန်ပါတယ်။

ဥရောပတိုက်မှာလည်း ဒီရောဂါကူးစက်မှု ဒုတိယအချီ တိုးလာနေတဲ့အတွက် ဒေသတွင်း နိုင်ငံအများအပြားမှာ COVID-19 အတွက် ကန့်သတ်မှုတွေ တင်းတင်းကျပ်ကျပ် ချနေကြပါတယ်။

တိုက်ရိုက် လင့်ခ်


---------------------------

(Unicode)







XS
SM
MD
LG