သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကန့်သတ်ချက်တွေ ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ဂျာမနီမှာပြုလုပ်


ကိုဗစ်ကန့်သတ်ချက်တွေ ဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေ အဖမ်းခံရ
ကိုဗစ်ကန့်သတ်ချက်တွေ ဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေ အဖမ်းခံရ

(Zawgyi/Unicode)

ဂျာမနီနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရရဲ့လုပ်ပိုင်ခွင့် ဥပဒေတရပ်ကို ဂျာမနီ အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြု ပြဌာန်းလိုက်ပြီးနောက် ထောင်ချီတဲ့ ပြည်သူတွေဟာ ဘာလင်မြို့တော်မှာ ဗုဒ္ဓဟူးနေ့က ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။

ဒါဟာ ဂျာမန်ဝန်ကြီးချုပ် Angela Merkel ဦးဆောင်တဲ့ အစိုးရက ပိုမို တင်းကြပ်တဲ့ တားမြစ်ချက်တွေ လုပ်နိုင်အောင် လုပ်ပိုင်ခွင့်အာဏာ ပိုပေးလိုက်သလို ဖြစ်သွားစေတာကြောင့် အခုလို ဆန္ဒပြကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုပြဌာန်းလိုက်တဲ့ ဥပဒေအရ လူတွေကို ခပ်ခွာခွာနေခိုင်းတာ၊ နှာခေါင်းစည်း မဖြစ်မနေ တပ်ခိုင်းတာ၊ လူမြင်ကွင်းမှာ အရက်သောက်တာကို တားမြစ်တာ၊ အားကစားပွဲတွေ ရပ်ဆိုင်းတာမျိုး ၊ ဈေးဆိုင်တွေ ပိတ်ခိုင်းတာမျိုးတွေ အထိ ပါဝင်တာပါ။

ဂျာမနီနိုင်ငံက ကိုဗစ်-ဒုတိယလှိုင်းကို ကိုင်တွယ်ရာမှာ အကန့်အသတ်နဲ့ ပိတ်ပင်တားဆီးတဲ့ အစိုးရရဲ့ နောက်ဆုံး လုပ်ရပ်ကို ဂျာမန်နိုင်ငံသား အများစုက လက်ခံပေမယ့် လူနည်းစု လက်ရာယိမ်း ဝါဒီတွေကတော့ အခုပြဌာန်းလိုက်တဲ့ ဥပဒေသစ်က အစိုးရ လုပ်ပိုင်ခွင့်ကို ပိုပေးလိုက်သလို ဖြစ်တယ်လို့ ဝေဖန်နေပါတယ်။ ဒီဥပဒေဟာ ၁၉၃၃ ခုနှစ်တုန်းက နာဇီအာဏာရှင် ဟစ်တလာ ခင်းခဲ့တဲ့ လမ်းကြောင်းအတိုင်း လျှောက်နေခြင်း ဖြစ်တယ်လို့ လက်ယာစွန်းဝါဒီတွေနဲ့ စုဖွဲ့ထားတဲ့ Alternative for Germany (AfD) အဖွဲ့က ဝေဖန်ပါတယ်။

ဘာလင် မြို့တော်က ပါလီမန် အဆောက်အဦးရှေ့ အပါဝင် ၊ အစိုးရရုံးဌာန ရှေ့တွေမှာ ဆန့်ကျင်ဆန္ဒပြတာတွေ ဆက်တိုက် ပြုလုပ်ဖို့ ပြင်ဆင်နေတာကိုလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ တားမြစ်ထားပါတယ်။

ဗုဒ္ဓဟူးနေ့ တရက်ထဲမှာတင် ဂျာမနီနိုင်ငံမှာ ကိုဗစ်ကူးစက် အတည်ပြုလူနာသစ် (၁၇,၅၆၁) တိုးလာပါတယ်။ အခုချိန်ထိ ဆိုရင် ဂျာမနီမှာ ကိုဗစ်ကူးစက်ခဲ့သူ စုစုပေါင်း (၈၄၄,၀၀၀) လောက်နဲ့ ကိုဗစ်ကြောင့် သေဆုံးသူ ( ၁၃,၁၃၈) ရှိသ ွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............

ကိုဗဈကန့ျသတျခကြျတှေ ဆန့ျကငြျတဲ့ဆန်ဒပွပှဲတှေ ဂြာမနီမှာပွုလုပျ
(Unicode)







XS
SM
MD
LG