သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဝက္တုပ္ေကြးေၾကာင့္ ဂ်ာမနီက ဝက္သားတင္သြင္းမႈ တ႐ုတ္ရပ္ဆုိင္း


တ႐ုတ္ႏုိင္ငံ ေဘဂ်င္းၿမိဳ႕မွာ အြန္လုိင္းကမွာတဲ့ ေအာ္ဒါအတြက္ ဝက္သားေရြးခ်ယ္ေနတဲ့ ဝန္ထမ္းတဦး။ (ေဖေဖာ္ဝါရီ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ဂ်ာမနီႏုိင္ငံမွာ ပထမဆုံးအႀကိမ္ အာဖရိက ဝက္တုပ္ေကြးေရာဂါ ေတြ႔ရွိေၾကာင္း ေၾကညာလုိက္တဲ့အတြက္ ဂ်ာမနီက ဝက္သားထြက္ပစၥည္းေတြ တင္သြင္းမႈ ရပ္ဆုိင္းလုိက္ေၾကာင္း တ႐ုတ္အစုိးရက စေနေန႔မွာ ေၾကညာပါတယ္။

ဂ်ာမနီဟာ ဥေရာပတုိက္မွာ ဝက္သားထုတ္လုပ္မႈ အမ်ားဆုံးႏုိင္ငံ ျဖစ္ပါတယ္။ တ႐ုတ္ႏုိင္ငံမွာ အလားတူ ဝက္တုပ္ေကြးေရာဂါ ေတြ႔ရွိခဲ့ၿပီးတဲ့ေနာက္ ဂ်ာမနီက ဝက္သားတင္သြင္းမႈေတြ တ႐ုတ္ဘက္က သိသိသာသာ တုိးျမင့္ခဲ့တာပါ။

ဂ်ာမနီႏိုင္ငံအေရွ႕ပုိင္း Brandenburg ျပည္နယ္အတြင္း ေသေနတဲ့ ေတာဝက္တေကာင္မွာ အဲဒီ အာဖရိက ဝက္တုပ္ေကြးေရာပုိး ကူးစက္ေနတာကုိ သိပၸံပညာရွင္ေတြ စမ္းသပ္ေတြ႔ရွိခဲ့ေၾကာင္း ဂ်ာမန္ စုိက္ပ်ဳိးေရးဝန္ႀကီးဌာနက ၾကာသပေတးေန႔မွာ ေျပာပါတယ္။

မႏွစ္က ပုိလန္ႏုိင္ငံမွာ အလားတူ ေရာဂါပုိးကူးစက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ေပၚခဲ့တာေၾကာင့္ အဲဒီကေန ဂ်ာမနီကုိ ကူးလာမလားဆုိတဲ့အေပၚ အာဏာပုိင္ေတြအၾကား စုိးရိမ္မႈေတြ ရွိေနခဲ့တာပါ။

အခုလုိ ေရာဂါပုိးေတြ႔ရွိတဲ့အေၾကာင္း သတင္းထြက္လာတာေၾကာင့္ ဂ်ာမနီက ဝက္သားတင္ပုိ႔မႈေတြကုိ တ႐ုတ္ဘက္က ရပ္ဆုိင္းလုိက္ၿပီး တ႐ုတ္ႏုိင္ငံကုိ ေရာက္ေနၿပီးသား ဝက္သားထြက္ပစၥည္းေတြကုိ ဂ်ာမနီကုိျပန္ပုိ႔တာ ဒါမွမဟုတ္ ဖ်က္ဆီးပစ္တာေတြ လုပ္ေဆာင္သြားမယ္လုိ႔ တ႐ုတ္ အေကာက္ခြန္နဲ႔ စုိက္ပ်ဳိးေရးဝန္ႀကီးဌာနတုိ႔က ပူးတဲြ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

အာဖရိက ဝက္တုပ္ေကြးဟာ ေတာဝက္နဲ႔ အိမ္ေမြး အသားစားဝက္ေတြ အသက္ေသဆုံးမႈ ျဖစ္ေပၚေစသလုိ ကူးစက္မႈလည္း ျမန္ဆန္တဲ့ ေရာဂါပုိးျဖစ္ေပမယ့္ လူေတြကုိ အႏၱရာယ္မျပဳဘူးလုိ႔ ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ဝက်တုပ်ကွေးကြောင့် ဂျာမနီက ဝက်သားတင်သွင်းမှု တရုတ်ရပ်ဆိုင်း

ဂျာမနီနိုင်ငံမှာ ပထမဆုံးအကြိမ် အာဖရိက ဝက်တုပ်ကွေးရောဂါ တွေ့ရှိကြောင်း ကြေညာလိုက်တဲ့အတွက် ဂျာမနီက ဝက်သားထွက်ပစ္စည်းတွေ တင်သွင်းမှု ရပ်ဆိုင်းလိုက်ကြောင်း တရုတ်အစိုးရက စနေနေ့မှာ ကြေညာပါတယ်။

ဂျာမနီဟာ ဥရောပတိုက်မှာ ဝက်သားထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ အလားတူ ဝက်တုပ်ကွေးရောဂါ တွေ့ရှိခဲ့ပြီးတဲ့နောက် ဂျာမနီက ဝက်သားတင်သွင်းမှုတွေ တရုတ်ဘက်က သိသိသာသာ တိုးမြင့်ခဲ့တာပါ။

ဂျာမနီနိုင်ငံအရှေ့ပိုင်း Brandenburg ပြည်နယ်အတွင်း သေနေတဲ့ တောဝက်တကောင်မှာ အဲဒီ အာဖရိက ဝက်တုပ်ကွေးရောပိုး ကူးစက်နေတာကို သိပ္ပံပညာရှင်တွေ စမ်းသပ်တွေ့ရှိခဲ့ကြောင်း ဂျာမန် စိုက်ပျိုးရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။

မနှစ်က ပိုလန်နိုင်ငံမှာ အလားတူ ရောဂါပိုးကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တာကြောင့် အဲဒီကနေ ဂျာမနီကို ကူးလာမလားဆိုတဲ့အပေါ် အာဏာပိုင်တွေအကြား စိုးရိမ်မှုတွေ ရှိနေခဲ့တာပါ။

အခုလို ရောဂါပိုးတွေ့ရှိတဲ့အကြောင်း သတင်းထွက်လာတာကြောင့် ဂျာမနီက ဝက်သားတင်ပို့မှုတွေကို တရုတ်ဘက်က ရပ်ဆိုင်းလိုက်ပြီး တရုတ်နိုင်ငံကို ရောက်နေပြီးသား ဝက်သားထွက်ပစ္စည်းတွေကို ဂျာမနီကိုပြန်ပို့တာ ဒါမှမဟုတ် ဖျက်ဆီးပစ်တာတွေ လုပ်ဆောင်သွားမယ်လို့ တရုတ် အကောက်ခွန်နဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနတို့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အာဖရိက ဝက်တုပ်ကွေးဟာ တောဝက်နဲ့ အိမ်မွေး အသားစားဝက်တွေ အသက်သေဆုံးမှု ဖြစ်ပေါ်စေသလို ကူးစက်မှုလည်း မြန်ဆန်တဲ့ ရောဂါပိုးဖြစ်ပေမယ့် လူတွေကို အန္တရာယ်မပြုဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG