သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗိုင္းရပ္စ္ နဲ႔ ဘက္တီးရီးယား


For decades scientists have managed to develop new medicines

ကူးစက္ေရာဂါပိုး ေတြထဲက ဗိုင္းရပ္စ္နဲ႔ ဘက္တီးရီးယားပိုးေတြ အေၾကာင္း ဒီတပတ္မွာေျပာျပေပးမွာပါ။ ျမန္မာအပါအဝင္ တကမာၻလံုး ခံစားေနရတဲ့ ကိုဗစ္ ၁၉ ကပ္ေရာဂါျဖစ္ပြါးေစတဲ့ပိုးဟာ ဗုိင္းရပ္စ္ပိုးျဖစ္တဲ့ အတြက္ေဆးေတြ႔ဖို႔ မလြယ္တာေၾကာင့္ ကာကြယ္ေရးကိုပဲ အဓိကဦးစားေပးဖို႔ ဝါရင့္ေဆးပညာရွင္ ေဒါက္တာတင့္ေဆြက ေျပာပါတယ္။

ဗိုင္းရပ္စ္ နဲ႔ ဘက္တီးရီးယား
please wait

No media source currently available

0:00 0:07:18 0:00
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

(Zawgyi)

ကူးစက္ေရာဂါပိုး ေတြထဲက ဗိုင္းရပ္စ္နဲ႔ ဘက္တီးရီးယားပိုးေတြ အေၾကာင္း ဒီတပတ္မွာေျပာျပေပးမွာပါ။ ျမန္မာအပါအဝင္ တကမာၻလံုး ခံစားေနရတဲ့ ကိုဗစ္ ၁၉ ကပ္ေရာဂါျဖစ္ပြါးေစတဲ့ပိုးဟာ ဗုိင္းရပ္စ္ပိုးျဖစ္တဲ့ အတြက္ေဆးေတြ႔ဖို႔ မလြယ္တာေၾကာင့္ ကာကြယ္ေရးကိုပဲ အဓိကဦးစားေပးဖို႔ ဝါရင့္ေဆးပညာရွင္ ေဒါက္တာတင့္ေဆြက ေျပာပါတယ္။

ေဒါက္တာတင့္ေဆြ။. ။“ဒီေရာဂါက ဗုိင္းရပ္စ္ေၾကာင့္ျဖစ္တာ။ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ ေရာဂါေပါင္း ေျမာက္မ်ားစြာ ရွိပါတယ္။ အေအးမိႏွာေစး၊ ေခ်ာင္းဆိုးကစၿပီးေတာ့၊ HIV လည္း ဗိုင္းရပ္စ္ပဲေနာ္၊ ၾကြက္ႏို႔လည္း ဗုိင္းရပ္စ္ပဲ။ အဲဒီၤေတာ့ ဗုိင္းရပ္စ္ေၾကာင့္ ျဖစ္တဲ့ ေရာဂါ အားလံုးကို ကုသႏိုင္တဲ့ တနည္းအားျဖင့္ တိတိက်က် ေျပာရရင္ ဗုိင္းရပ္စ္ကို ေသေစႏိုင္တဲ့ေဆး၊ ကမာၻမွာ အခုထိ မရွိပါဘူး။ ဒါေၾကာင့္ အခု အသစ္ျဖစ္တဲ့ ကိုရိုနာဗုိင္းရပ္စ္ ပိုးကို ေသေစတဲ့ေဆး၊ ဘယ္ေလာက္ရွွာရွာ၊ ေတြ႔ႏိုင္မယ္လို႔ေတာ့ က်ေနာ္ မထင္ပါဘူး။ ဒါေၾကာင့္ ကာကြယ္ေရးဟာ အေရးႀကီးတယ္။ ပထမအခ်က္။ ျဖစ္လာလို႔ ကူးစက္လာလို႔ အေသအေပ်ာက္နဲေအာင္နဲ႔၊ ခံစားရတာနဲေအာင္ ကုသတဲ့နည္းေတြ ေဆးေတြေတာ့ ႀကိဳးစားၿပီး ရွာေနၾကပါတယ္။”

ေမး။. ။“ကူးစက္ေရာဂါနဲ႔ ပတ္သက္တဲ့ ပိုးေတြ အေၾကာင္း ေျပာျပေပးပါဆရာ။”

ေဒါက္တာတင့္ေဆြ။. ။“ကူးစက္ေရာဂါကို ျဖစ္ေစတဲ့ပိုး အမ်ိဳးမ်ိဳး ရွိပါတယ္။ ဘက္တီးရီးယား ဆိုတဲ့ အေကာင္ေတြနဲ႔ ဗိုင္းရပ္စ္ ဆိုတဲ့ အေကာင္ေတြကေတာ့ အမ်ားဆံုး ၂ မ်ိဳးေပါ့။ ေနာက္ထပ္လည္း ရွိေသးတာေပါ့။ မႈိပိုး ေခၚတဲ့ဟာေတြ၊ ကပ္ပါးေကာင္ ဆိုတဲ့ဟာေတြ၊ စသျဖင့္ပိုး အမ်ိဳးမ်ိဳးရွိတယ္။ အဲဒီထဲမွာ. ဘက္တီးရီးယား ဆိုတဲ့ပိုးကေတာ့ ေဆးရွိတယ္လို႔ က်ေနာ္တို႔ ေျပာႏိုင္ပါတယ္။

ဒီဗိုင္းရပ္စ္နဲ႔ ပတ္သက္ရင္ေတာ့ ဒီဗိုင္းရပ္စ္ကို ေသေစတဲ့ေဆးကေတာ့ ခုထိ မရွိဘူး။ သို႔ေသာ္ ၾကက္ငွက္တုပ္ေကြး ကိစၥေတြ၊ H1N1 ကိစၥေတြ၊ swine flu ဆိုတဲ့ ဗိုင္းရပ္စ္ေတြေပါ့ေနာ္။ တခ်ိဳ႕ဗိုင္းရပ္စ္ေရာဂါေတြ အတြက္ အသံုးက်ႏိုင္မယ့္ ေဆးေတြေတာ့ ရွိပါတယ္ ခင္ဗ်။ ဥပမာ၊ တမီလ္ ဖလူး ဆိုတဲ့ ေဆးဆိုရင္ swine flu ကိစၥ H1N1 ကိစၥတို႔ အတြက္ ရွိတယ္ေပါ့။ ဒါေပမယ့္ အခုထိေတာ့ ကိုဗစ္ ၁၉ အတြက္ေဆး မရွိေသးဘူး။”

ေမး။. ။“အရင္တုန္းက HIV က AIDS ေရာဂါ ျဖစ္တယ္ဆိုရင္၊ ၁၉ ၈၀ ဝန္းက်င္ေလာက္က ေပါ့ေနာ္။ ဒါေတြက ေသဒဏ္က်သလိုပဲ ငါတို႔ေတာ့ ေလာကႀကီးထဲ ေနရေတာ့မွာ မဟုတ္ဖူးဆိုၿပီး အင္မတန္ပဲ ဒီေရာဂါရွင္ေတြက အားငယ္ရပါတယ္ ဆရာ။ ဒါေပမယ့္ အခုဆို HIV လူနာေတြ သက္တမ္းေစ့ ေနႏုိင္ေအာင္ ေဆးေတြက ေတြ႔လာရပါၿပီ။ အခု ကိုဗစ္ ၁၉ ျဖစ္တဲ့လူေတြေရာ အဲဒီလုိ ေမ ွ်ာ္လင့္လို႔ရပါမလား ဆရာ။

ေဒါက္တာတင့္ေဆြ။. ။“ျဖစ္ႏိုင္ပါတယ္။ ဒီကေန႔ ကာလမွာ HIV ပိုးေတြ႔တဲ့ လူနာတိုင္းကို AIDS အထိမျဖစ္ေအာင္ တားဆီးႏုိင္တဲ့ေဆး၊ ေကာင္းေကာင္း ေပၚေနၿပီ။ တကမာၻလံုးမွာလည္း သံုးစြဲႏိုင္ၿပီ။ ေတာ္ေတာ္မ်ားမ်ား ဆိုရင္ ဒါ အခမဲ့ ေဝေနတဲ့ အဆင့္ ေရာက္ေနၿပီဆိုေတာ့ လူေကာင္းနီးပါးေပါ့။ ေနႏိုင္ၾကတယ္။ အဲဒီေတာ့ ေဆးပညာရွင္ေတြကလည္း အမ်ိဳးမ်ိဳးႀကိဳးစား ေနမွာပါပဲ။ ဒီကိုဗစ္ ၁၉ နဲ႔ ပတ္သက္လို႔။”

ေမး။. ။“ဟုတ္ကဲ့ဆရာ။ ပိုးသတ္ေဆး ကို ဘယ္လိုေတြ႔ရွိတယ္ ဆိုတာကစၿပီး ရွင္းျပေပးပါဆရာ”

ေဒါက္တာတင့္ေဆြ။. ။“က်ေနာ္တို႔ လူသားေတြကို ကူးစက္ေရာဂါေတြ အကူးစက္ခံရတာ ဟိုးေရွးကတည္းကပါ။ ယဥ္ေက်းမႈႀကီးေတြ စတဲ့ အီဂ်စ္တို႔ ေဘဘီလံုတို႔ စသျဖင့္ေပါ့ေနာ္။ အဲဒီ ကတည္းက ကူးစက္ေရာဂါေတြ ရွိခဲ့တယ္။ ေဆးေတြလည္း အဲဒီတုန္းက နည္းေတြနဲ႔ ကုသခဲ့ၾကတာပဲ။ အဲဒီတုန္းက အခုလို ေဆးစက္ရံုေတြ မရွိေသးေတာ့ သစ္သီး သစ္ရြက္ေတြေပါ့။ သစ္ပင္ေတြကို အားကိုးၿပီး ေဆးကုေပးၾကရတယ္။ ေပ်ာက္တဲ့ဟာလည္း ေပ်ာက္ပါတယ္။ ဒါေပမယ့္ ဘယ္ကေန၊ ဘာဓါတ္ကေန ေပ်ာက္သလဲ ဆိုတာကို အခုလို သုေတသနေတြ မရွိေတာ့ မသိခဲ့ရပါဘူး။

အစဆံုး သိလာတဲ့ ပိုးသတ္ေဆး၊ (ပိုးေသေဆး၊ ပဋိဇီဝေဆး၊ anti biotic) ဘက္တီးရီးယား ေသေဆး လို႔ ေျပာတာကေတာ့ အမွန္ဆံုးပါပဲ။ ဘက္တီးရီးယားကို ေသေစတဲ့ ေဆးပါ။ အဲဒီေဆး စေပၚတာက ၁၉ ရာစု အစပိုင္းက ေပၚတာ။ ဂ်ာမန္သိပၸံပညာရွင္ တဦးက စေတြ႔တာပါ။ အရင္ဆံုး သံုးႏိုင္တာကေတာ့ ကာလသားေရာဂါ ကုသေဆးလို႔ စေပၚလာတယ္။ အဲဒီေနာက္မွာ ၁၉ ၂၈ မွာ ေဒါက္တာဖလန္းမင္း (Alexander Fleming) က စေတြ႔တဲ့ ပင္နစလင္ (Penicillin) ေၾကာင့္ က်ေနာ္တို႔ တကမာၻလံုးမွာ ေဆးကုတဲ့ သမိုင္းေၾကာင္းမွာ အႀကီးအက်ယ္ အားထားစရာ က်ေနာ္တို႔ ေတြ႔ခဲ့ပါတယ္။ အဲဒီကစၿပီးေတာ့ ဒီပဋိဇီဝေဆး ေခၚ အန္တိုင္ဘိုင္အိုတစ္ စပါတယ္ခင္ဗ်။ ဒုတိယ ကမာၻစစ္ အတြင္းမွာ အမ်ားႀကီး အေထာက္အကူ ျပဳပါတယ္။

ျမန္မာႏိုင္ငံမွာလည္း ဒီအတိုင္းပဲ ခင္ဗ်။ က်ေနာ္တို႔ လြတ္လပ္ေရး ရၿပီး က်ေနာ္တို႔ ဆရာဝန္စျဖစ္တဲ့ကာလ ေဆးေက်ာင္းသား စျဖစ္တဲ့ ကာလက ဆိုရင္ ဒီ အန္တီ ဘိုင္အိုတစ္ ေခၚတဲ့ ပဋိဇီဝေဆးေတြ က်ေနာ္တို႔ ေဆးရံုတုိင္းမွာ ရွိပါတယ္။”

ေမး။. ။“ဒီ ပဋိဇီဝေဆး သံုးစြဲတာနဲ႔ ပတ္သက္ၿပီးေျပာျပေပးပါ ဆရာ။”

ေဒါက္တာတင့္ေဆြ။. ။“ဒီ ပဋိဇီဝ ေဆးဆုိတာက သက္ရွိ အရာ တခုက ေနၿပီး ထုတ္ယူၿပီးေတာ့ လူသားေတြေပါ့ေနာ္။ တိရိစာၦန္ေတြလည္း ပါတယ္။ ဒီ တျခား သက္ရွိလူေတြကို ေကာင္းေစတဲ့ ေဆးကိုပဋိဇီဝေဆးလို႔ ေခၚတယ္။ အင္မတန္မွ ထိေရာက္တယ္။ စြမ္းတယ္ ဆိုေသာ္လည္းပဲ သတိထားစရာေတြ ရွိပါတယ္။ အားလံုးနဲ႔ ဆိုင္တဲ့ သတိထားစရာ ကေတာ့ ေဆးယဥ္တာ။ တကမာၻလံုးမွာ ျဖစ္ေနပါတယ္။ ျမန္မာျပည္နဲ႔ ဆိုင္တာ ဆို ေဆးယဥ္တဲ့ ငွက္ဖ်ားေတြ။ ထုိင္းနဲ႔က်ေနာ္တို႔မွာ အႀကီးအက်ယ္ ခံေနရပါတယ္။”

ေမး။. ။“ဒီလို ေဆးယဥ္တဲ့ ျပႆနာ မျဖစ္ေအာင္ ဘယ္လိုလုပ္သင့္ပါလဲ ဆရာ”

ေဒါက္တာတင့္ေဆြ။. ။“ေဆးယဥ္တာ မျဖစ္ေအာင္ ဆိုရင္ တစ္အခ်က္ကေတာ့ ပဋိဇီဝ ေဆးေတြကို စမ္းသပ္ ကုသေပးတဲ့ ဆရာဝန္ညႊန္မွ သံုးရမယ္။ ညႊန္သေလာက္ သံုးရမယ္။ ဘယ္မီလီဂရမ္ ဆိုရင္ ဘယ္မီလီဂရမ္၊ ဘယ္ႏွစ္ရက္ ဆိုရင္ ဘယ္ႏွစ္ရက္။ မလိုအပ္ပဲ မသံုးရဘူး။ ေတာ္ေတာ္မ်ားမ်ား မလိုအပ္တာေတြ ရွိပါတယ္။ အေအးမိ တုပ္ေကြးဆိုရင္ လူတို္င္း ႏွစ္တိုင္း အမ်ားႀကီး ျဖစ္ေနၾက။ ဘာပဋိဇီဝ ေဆးမွ မလိုဘူး။ ဝမ္းဆိုတာလည္း ဘက္တီးရီးယား ေၾကာင့္ ျဖစ္တာ မဟုတ္ဖူး။ ၉ ၀% က ဗိုင္းရပ္စ္ ေၾကာင့္ ျဖစ္တာ။”

ေမး။. ။“အဲဒီေတာ့ အဓိကက ဘက္တီးရီးယားနဲ႔ ဗိုင္းရပ္စ္ကို ခြဲ မသိၾကတာေပါ့ေနာ္ဆရာ။”

ေဒါက္တာတင့္ေဆြ။. ။“ဟုတ္ကဲ့ခင္ဗ်။ ဘက္တီးရီးယား၊ ဗိုင္းရပ္စ္ ေနာက္ တျခားပိုးေတြ ေရာေပါ့ေနာ္။ မွိႈပိုးေပါ့ေနာ္၊ fungus လို႔ ေခၚတဲ့ဟာေတြ၊ သူက သူ႔ေဆးနဲ႔သူ။ ေနာက္ သံေကာင္လိုဆိုတာမ်ိဳးက တမ်ိဳးေပါ့။ ငွက္ဖ်ား ဆိုတာက ပိုးတမ်ိဳး။ အဲဒီေတာ့ သူ႔ပိုး အလိုက္ က်ေနာ္တို႔ ေဆးေရြးရတယ္။ anti biotic ေခၚ ပဋိဇီဝ ေဆးကေတာ့ ဘက္တီးရီးယား အတြက္။”

ေမး။. ။“ကိုဗစ္ ၁၉ က. ဘက္တီးရီးယားေၾကာင့္ ျဖစ္တာ မဟုတ္ဖူး ဆိုတာကို နားလည္ၿပီးေတာ့ ဘက္တီးရီးယာအတြက္ ေသာက္ရတဲ့ ပိုးသတ္ေဆးလိုမ်ိဳးကို မသံုမိဖို႔ ေပါ့ေနာ္ ဆရာ။”

ေဒါက္တာတင့္ေဆြ။. ။“ဟုတ္ကဲ့ အဲဒါ ေတာ္ေတာ္ေတာ့ အေရးႀကီးတယ္ ခင္ဗ်။ ဒီ ကိုရိုနာဗုိင္းရပ္စ္ကို ဘယ္ antibiotic ဘယ္ ပဋိဇီဝ ေဆးနဲ႔မွ မရႏိုင္ပါဘူး။ ကိုယ့္ ကိုယ္ခံအားေကာင္း ေနေအာင္ ေနတတ္ဖို႔ လိုပါတယ္။ ကိုယ္ခံအား ေကာင္းေအာင္ ဘာလုပ္မလဲဆိုရင္ ေဆးေသာက္ရတာ မဟုတ္ဖူး။ ကိုယ္ခံအား ေကာင္းတဲ့ ေဆး ဆိုတာ မရွိဘူး။ က်ေနာ္တို႔ ပံုမွန္ပါပဲ။ လူေတြ ထမင္း ၂ နပ္ဆို ဒီ ထမင္း ၂ နပ္ကို အာဟာရျပည့္ဝေအာင္။ အဟာရ ဆိုတာက လံုေလာက္တာနဲ႔ မ ွ်တတာ။ ၂ ခုပဲ။ အပိုေတြ မလိုဘူး။ အားေဆးေတြ မလိုဘူး။ တကယ့္ အေျခခံက်တဲ့ က်န္းမာေရးအသိေပါ့ေနာ္။ အဟာရဓါတ္က လူေနမႈပံုစံ။ မလိုအပ္ပဲနဲ႔ ေရာဂါ ျဖစ္ေလာက္တဲ့ ေနရာမ်ိဳး မသြားနဲ႔ ေပါ့ေနာ္။ ေနာက္တခါ ေခ်ာင္းဆိုးတာ။ ဒီကိုရိုနာဗုိင္းရပ္စ္မွာ ပထမဦးဆံုး က်န္းမာေရး အသိေပးမွာက ေခ်ာင္းဆိုးတဲ့ကိစၥ။ အဲဒီေတာ့ ေခ်ာင္းဆိုးရင္ က်ေနာ္တို႔ တေဒါင္ဆစ္ ထဲမွာ ေခ်ာင္းဆိုးတဲ့ယဥ္ေက်းမႈ။ ေခ်ာင္းဆိုးတာေရာ၊ ႏွာေခ်တာေရာ အေလ့အက်င့္ လုပ္ၾကဖုိ႔ပါပဲ။”

ေဆးပညာရွင္ ေဒါက္တာတင့္ေဆြပါ။

(Unicode)

ကူးစက်ရောဂါပိုး တွေထဲက ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေ အကြောင်း ဒီတပတ်မှာပြောပြပေးမှာပါ။ မြန်မာအပါအဝင် တကမ္ဘာလုံး ခံစားနေရတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွါးစေတဲ့ပိုးဟာ ဗိုင်းရပ်စ်ပိုးဖြစ်တဲ့ အတွက်ဆေးတွေ့ဖို့ မလွယ်တာကြောင့် ကာကွယ်ရေးကိုပဲ အဓိကဦးစားပေးဖို့ ဝါရင့်ဆေးပညာရှင် ဒေါက်တာတင့်ဆွေက ပြောပါတယ်။

ဒေါက်တာတင့်ဆွေ။.။“ဒီရောဂါက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါပေါင်း မြောက်များစွာ ရှိပါတယ်။ အအေးမိနှာစေး၊ ချောင်းဆိုးကစပြီးတော့၊ HIV လည်း ဗိုင်းရပ်စ်ပဲနော်၊ ကြွက်နို့လည်း ဗိုင်းရပ်စ်ပဲ။ အဲဒီၤတော့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါ အားလုံးကို ကုသနိုင်တဲ့ တနည်းအားဖြင့် တိတိကျကျ ပြောရရင် ဗိုင်းရပ်စ်ကို သေစေနိုင်တဲ့ဆေး၊ ကမ္ဘာမှာ အခုထိ မရှိပါဘူး။ ဒါကြောင့် အခု အသစ်ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးကို သေစေတဲ့ဆေး၊ ဘယ်လောက်ရှာရှာ၊ တွေ့နိုင်မယ်လို့တော့ ကျနော် မထင်ပါဘူး။ ဒါကြောင့် ကာကွယ်ရေးဟာ အရေးကြီးတယ်။ ပထမအချက်။ ဖြစ်လာလို့ ကူးစက်လာလို့ အသေအပျောက်နဲအောင်နဲ့၊ ခံစားရတာနဲအောင် ကုသတဲ့နည်းတွေ ဆေးတွေတော့ ကြိုးစားပြီး ရှာနေကြပါတယ်။”

မေး။.။“ကူးစက်ရောဂါနဲ့ ပတ်သက်တဲ့ ပိုးတွေ အကြောင်း ပြောပြပေးပါဆရာ။”

ဒေါက်တာတင့်ဆွေ။. ။“ကူးစက်ရောဂါကို ဖြစ်စေတဲ့ပိုး အမျိုးမျိုး ရှိပါတယ်။ ဘက်တီးရီးယား ဆိုတဲ့ အကောင်တွေနဲ့ ဗိုင်းရပ်စ် ဆိုတဲ့ အကောင်တွေကတော့ အများဆုံး ၂ မျိုးပေါ့။ နောက်ထပ်လည်း ရှိသေးတာပေါ့။ မှိုပိုး ခေါ်တဲ့ဟာတွေ၊ ကပ်ပါးကောင် ဆိုတဲ့ဟာတွေ၊ စသဖြင့်ပိုး အမျိုးမျိုးရှိတယ်။ အဲဒီထဲမှာ. ဘက်တီးရီးယား ဆိုတဲ့ပိုးကတော့ ဆေးရှိတယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်။

ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ရင်တော့ ဒီဗိုင်းရပ်စ်ကို သေစေတဲ့ဆေးကတော့ ခုထိ မရှိဘူး။ သို့သော် ကြက်ငှက်တုပ်ကွေး ကိစ္စတွေ၊ H1N1 ကိစ္စတွေ၊ swine flu ဆိုတဲ့ ဗိုင်းရပ်စ်တွေပေါ့နော်။ တချို့ဗိုင်းရပ်စ်ရောဂါတွေ အတွက် အသုံးကျနိုင်မယ့် ဆေးတွေတော့ ရှိပါတယ် ခင်ဗျ။ ဥပမာ၊ တမီလ် ဖလူး ဆိုတဲ့ ဆေးဆိုရင် swine flu ကိစ္စ H1N1 ကိစ္စတို့ အတွက် ရှိတယ်ပေါ့။ ဒါပေမယ့် အခုထိတော့ ကိုဗစ် ၁၉ အတွက်ဆေး မရှိသေးဘူး။”

မေး။.။“အရင်တုန်းက HIV က AIDS ရောဂါ ဖြစ်တယ်ဆိုရင်၊ ၁၉ ၈၀ ဝန်းကျင်လောက်က ပေါ့နော်။ ဒါတွေက သေဒဏ်ကျသလိုပဲ ငါတို့တော့ လောကကြီးထဲ နေရတော့မှာ မဟုတ်ဖူးဆိုပြီး အင်မတန်ပဲ ဒီရောဂါရှင်တွေက အားငယ်ရပါတယ် ဆရာ။ ဒါပေမယ့် အခုဆို HIV လူနာတွေ သက်တမ်းစေ့ နေနိုင်အောင် ဆေးတွေက တွေ့လာရပါပြီ။ အခု ကိုဗစ် ၁၉ ဖြစ်တဲ့လူတွေရော အဲဒီလို မေ ျှာ်လင့်လို့ရပါမလား ဆရာ။

ဒေါက်တာတင့်ဆွေ။.။“ဖြစ်နိုင်ပါတယ်။ ဒီကနေ့ ကာလမှာ HIV ပိုးတွေ့တဲ့ လူနာတိုင်းကို AIDS အထိမဖြစ်အောင် တားဆီးနိုင်တဲ့ဆေး၊ ကောင်းကောင်း ပေါ်နေပြီ။ တကမ္ဘာလုံးမှာလည်း သုံးစွဲနိုင်ပြီ။ တော်တော်များများ ဆိုရင် ဒါ အခမဲ့ ဝေနေတဲ့ အဆင့် ရောက်နေပြီဆိုတော့ လူကောင်းနီးပါးပေါ့။ နေနိုင်ကြတယ်။ အဲဒီတော့ ဆေးပညာရှင်တွေကလည်း အမျိုးမျိုးကြိုးစား နေမှာပါပဲ။ ဒီကိုဗစ် ၁၉ နဲ့ ပတ်သက်လို့။”

မေး။.။“ဟုတ်ကဲ့ဆရာ။ ပိုးသတ်ဆေး ကို ဘယ်လိုတွေ့ရှိတယ် ဆိုတာကစပြီး ရှင်းပြပေးပါဆရာ”

ဒေါက်တာတင့်ဆွေ။. ။“ကျနော်တို့ လူသားတွေကို ကူးစက်ရောဂါတွေ အကူးစက်ခံရတာ ဟိုးရှေးကတည်းကပါ။ ယဉ်ကျေးမှုကြီးတွေ စတဲ့ အီဂျစ်တို့ ဘေဘီလုံတို့ စသဖြင့်ပေါ့နော်။ အဲဒီ ကတည်းက ကူးစက်ရောဂါတွေ ရှိခဲ့တယ်။ ဆေးတွေလည်း အဲဒီတုန်းက နည်းတွေနဲ့ ကုသခဲ့ကြတာပဲ။ အဲဒီတုန်းက အခုလို ဆေးစက်ရုံတွေ မရှိသေးတော့ သစ်သီး သစ်ရွက်တွေပေါ့။ သစ်ပင်တွေကို အားကိုးပြီး ဆေးကုပေးကြရတယ်။ ပျောက်တဲ့ဟာလည်း ပျောက်ပါတယ်။ ဒါပေမယ့် ဘယ်ကနေ၊ ဘာဓါတ်ကနေ ပျောက်သလဲ ဆိုတာကို အခုလို သုတေသနတွေ မရှိတော့ မသိခဲ့ရပါဘူး။

အစဆုံး သိလာတဲ့ ပိုးသတ်ဆေး၊ (ပိုးသေဆေး၊ ပဋိဇီဝဆေး၊ anti biotic) ဘက်တီးရီးယား သေဆေး လို့ ပြောတာကတော့ အမှန်ဆုံးပါပဲ။ ဘက်တီးရီးယားကို သေစေတဲ့ ဆေးပါ။ အဲဒီဆေး စပေါ်တာက ၁၉ ရာစု အစပိုင်းက ပေါ်တာ။ ဂျာမန်သိပ္ပံပညာရှင် တဦးက စတွေ့တာပါ။ အရင်ဆုံး သုံးနိုင်တာကတော့ ကာလသားရောဂါ ကုသဆေးလို့ စပေါ်လာတယ်။ အဲဒီနောက်မှာ ၁၉ ၂၈ မှာ ဒေါက်တာဖလန်းမင်း (Alexander Fleming) က စတွေ့တဲ့ ပင်နစလင် (Penicillin) ကြောင့် ကျနော်တို့ တကမ္ဘာလုံးမှာ ဆေးကုတဲ့ သမိုင်းကြောင်းမှာ အကြီးအကျယ် အားထားစရာ ကျနော်တို့ တွေ့ခဲ့ပါတယ်။ အဲဒီကစပြီးတော့ ဒီပဋိဇီဝဆေး ခေါ် အန်တိုင်ဘိုင်အိုတစ် စပါတယ်ခင်ဗျ။ ဒုတိယ ကမ္ဘာစစ် အတွင်းမှာ အများကြီး အထောက်အကူ ပြုပါတယ်။
မြန်မာနိုင်ငံမှာလည်း ဒီအတိုင်းပဲ ခင်ဗျ။ ကျနော်တို့ လွတ်လပ်ရေး ရပြီး ကျနော်တို့ ဆရာဝန်စဖြစ်တဲ့ကာလ ဆေးကျောင်းသား စဖြစ်တဲ့ ကာလက ဆိုရင် ဒီ အန်တီ ဘိုင်အိုတစ် ခေါ်တဲ့ ပဋိဇီဝဆေးတွေ ကျနော်တို့ ဆေးရုံတိုင်းမှာ ရှိပါတယ်။”
မေး။. ။“ဒီ ပဋိဇီဝဆေး သုံးစွဲတာနဲ့ ပတ်သက်ပြီးပြောပြပေးပါ ဆရာ။”

ဒေါက်တာတင့်ဆွေ။.။“ဒီ ပဋိဇီဝ ဆေးဆိုတာက သက်ရှိ အရာ တခုက နေပြီး ထုတ်ယူပြီးတော့ လူသားတွေပေါ့နော်။ တိရိစ္ဆာန်တွေလည်း ပါတယ်။ ဒီ တခြား သက်ရှိလူတွေကို ကောင်းစေတဲ့ ဆေးကိုပဋိဇီဝဆေးလို့ ခေါ်တယ်။ အင်မတန်မှ ထိရောက်တယ်။ စွမ်းတယ် ဆိုသော်လည်းပဲ သတိထားစရာတွေ ရှိပါတယ်။ အားလုံးနဲ့ ဆိုင်တဲ့ သတိထားစရာ ကတော့ ဆေးယဉ်တာ။ တကမ္ဘာလုံးမှာ ဖြစ်နေပါတယ်။ မြန်မာပြည်နဲ့ ဆိုင်တာ ဆို ဆေးယဉ်တဲ့ ငှက်ဖျားတွေ။ ထိုင်းနဲ့ကျနော်တို့မှာ အကြီးအကျယ် ခံနေရပါတယ်။”

မေး။.။“ဒီလို ဆေးယဉ်တဲ့ ပြဿနာ မဖြစ်အောင် ဘယ်လိုလုပ်သင့်ပါလဲ ဆရာ”

ဒေါက်တာတင့်ဆွေ။.။“ဆေးယဉ်တာ မဖြစ်အောင် ဆိုရင် တစ်အချက်ကတော့ ပဋိဇီဝ ဆေးတွေကို စမ်းသပ် ကုသပေးတဲ့ ဆရာဝန်ညွှန်မှ သုံးရမယ်။ ညွှန်သလောက် သုံးရမယ်။ ဘယ်မီလီဂရမ် ဆိုရင် ဘယ်မီလီဂရမ်၊ ဘယ်နှစ်ရက် ဆိုရင် ဘယ်နှစ်ရက်။ မလိုအပ်ပဲ မသုံးရဘူး။ တော်တော်များများ မလိုအပ်တာတွေ ရှိပါတယ်။ အအေးမိ တုပ်ကွေးဆိုရင် လူတိုင်း နှစ်တိုင်း အများကြီး ဖြစ်နေကြ။ ဘာပဋိဇီဝ ဆေးမှ မလိုဘူး။ ဝမ်းဆိုတာလည်း ဘက်တီးရီးယား ကြောင့် ဖြစ်တာ မဟုတ်ဖူး။ ၉ ဝ% က ဗိုင်းရပ်စ် ကြောင့် ဖြစ်တာ။”

မေး။.။“အဲဒီတော့ အဓိကက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကို ခွဲ မသိကြတာပေါ့နော်ဆရာ။”

ဒေါက်တာတင့်ဆွေ။.။“ဟုတ်ကဲ့ခင်ဗျ။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် နောက် တခြားပိုးတွေ ရောပေါ့နော်။ မှှိုပိုးပေါ့နော်၊ fungus လို့ ခေါ်တဲ့ဟာတွေ၊ သူက သူ့ဆေးနဲ့သူ။ နောက် သံကောင်လိုဆိုတာမျိုးက တမျိုးပေါ့။ ငှက်ဖျား ဆိုတာက ပိုးတမျိုး။ အဲဒီတော့ သူ့ပိုး အလိုက် ကျနော်တို့ ဆေးရွေးရတယ်။ anti biotic ခေါ် ပဋိဇီဝ ဆေးကတော့ ဘက်တီးရီးယား အတွက်။”

မေး။.။“ကိုဗစ် ၁၉ က. ဘက်တီးရီးယားကြောင့် ဖြစ်တာ မဟုတ်ဖူး ဆိုတာကို နားလည်ပြီးတော့ ဘက်တီးရီးယာအတွက် သောက်ရတဲ့ ပိုးသတ်ဆေးလိုမျိုးကို မသုံမိဖို့ ပေါ့နော် ဆရာ။”

ဒေါက်တာတင့်ဆွေ။. ။“ဟုတ်ကဲ့ အဲဒါ တော်တော်တော့ အရေးကြီးတယ် ခင်ဗျ။ ဒီ ကိုရိုနာဗိုင်းရပ်စ်ကို ဘယ် antibiotic ဘယ် ပဋိဇီဝ ဆေးနဲ့မှ မရနိုင်ပါဘူး။ ကိုယ့် ကိုယ်ခံအားကောင်း နေအောင် နေတတ်ဖို့ လိုပါတယ်။ ကိုယ်ခံအား ကောင်းအောင် ဘာလုပ်မလဲဆိုရင် ဆေးသောက်ရတာ မဟုတ်ဖူး။ ကိုယ်ခံအား ကောင်းတဲ့ ဆေး ဆိုတာ မရှိဘူး။ ကျနော်တို့ ပုံမှန်ပါပဲ။ လူတွေ ထမင်း ၂ နပ်ဆို ဒီ ထမင်း ၂ နပ်ကို အာဟာရပြည့်ဝအောင်။ အဟာရ ဆိုတာက လုံလောက်တာနဲ့ မ ျှတတာ။ ၂ ခုပဲ။ အပိုတွေ မလိုဘူး။ အားဆေးတွေ မလိုဘူး။ တကယ့် အခြေခံကျတဲ့ ကျန်းမာရေးအသိပေါ့နော်။ အဟာရဓါတ်က လူနေမှုပုံစံ။ မလိုအပ်ပဲနဲ့ ရောဂါ ဖြစ်လောက်တဲ့ နေရာမျိုး မသွားနဲ့ ပေါ့နော်။ နောက်တခါ ချောင်းဆိုးတာ။ ဒီကိုရိုနာဗိုင်းရပ်စ်မှာ ပထမဦးဆုံး ကျန်းမာရေး အသိပေးမှာက ချောင်းဆိုးတဲ့ကိစ္စ။ အဲဒီတော့ ချောင်းဆိုးရင် ကျနော်တို့ တဒေါင်ဆစ် ထဲမှာ ချောင်းဆိုးတဲ့ယဉ်ကျေးမှု။ ချောင်းဆိုးတာရော၊ နှာချေတာရော အလေ့အကျင့် လုပ်ကြဖို့ပါပဲ။”

ဆေးပညာရှင် ဒေါက်တာတင့်ဆွေပါ။

XS
SM
MD
LG