သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Remdesivir ကို ကိုဗစ်လူနာတွေအတွက်မသုံးဖို့ WHO ညွန်ကြားချက်ထုတ်


 Remdesivir ဆေး
Remdesivir ဆေး

(Zawgyi/Unicode)

Gilead ကုမ္ပဏီက ထုတ်တဲ့ Remdesivir ဆေးကို ဆေးရုံတွေမှာ COVID-19 ဝေဒနာရှင်တွေ အတွက် မသုံးကြဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက လမ်းညွှန်ချက် ထုတ်ပြန်လိုက်ပြီးနောက်မှာ ဒီဆေးကို PQ (prequalification list) ခေါ် သုံးစွဲဖို့သင့်တော်တဲ့ ဆေးအဖြစ်သတ်မှတ်ထားတဲ့ စာရင်းကနေ ခေတ္တ ရပ်ဆိုင်းထားကြောင်း သောကြာနေ့မှာ ပြောပါတယ်။

ဒီဆေးကို COVID-19 ဝေဒနာရှင်တွေ အတွက် သုံးရမယ့်ဆေးအဖြစ် ဖွ့ံ့ဖြိုးဆဲ နိုင်ငံတွေက ဝယ်ယူ နေကြတာ ဖြစ်ပါတယ်။ အခု ဒါကို PQ စာရင်းထဲကနေ ခေတ္တ ရပ်စဲထားကြောင်း WHO ပြောခွင့်ရ Tarik Jasarevic က ရိုက်တာသတင်းဌာန ရဲ့ မေးမြန်းချက်ကို အီးမေးလ်ကနေ တဆင့်ပြန်ကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို ဆိုင်းငံ့ထားကြောင်း လမ်းညွှန်ချက် ထုတ်ပြန်တာဟာ ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ ဒီဆေးကို COVID-19 ဝေဒနာရှင်တွေကို ကုသရာမှာ သုံးဖို့ WHO က အကြံမပေးဘူး ဆိုတာ သိစေချင်လို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။

Veklury လို့ခေါ်တဲ့ remdesivir ဆေးကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေး FDA က ဆေးရုံတင်ထားရတဲ့ COVID-19 ဝေဒနာရှင်တွေထဲက အသက် ၁၂ နှစ် အထက်နဲ့ ကိုယ်အလေးချိန် ၈၈ ပေါင်ကျော်သူတွေ အတွက် အရေးပေါ်အခြေနေ သုံးစွဲခွင့်ကို

အောက်တိုဘာလထဲမှာ ချထားပေးခဲ့တာ ဖြစ်ပြီး သမ္မတ ဒေါ်နယ်ထရမ့် ဒီရောဂါနဲ့ ဆေးရုံတက်ချိန်ကလည်း သုံးခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............

(Unicode)






XS
SM
MD
LG