သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ ကိုဗစ်ကူးစက်မှု ၁၅ သန်းကျော်ပြီ


ပြင်သစ်နိုင်ငံမှာ COVID-19 လူနာတဦးကို ဆေးရုံအထူးကြပ်မတ်ကုသဆောင်ထဲ ပို့ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (နိုဝင်ဘာ ၁၂၊ ၂၀၂၀)
ပြင်သစ်နိုင်ငံမှာ COVID-19 လူနာတဦးကို ဆေးရုံအထူးကြပ်မတ်ကုသဆောင်ထဲ ပို့ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (နိုဝင်ဘာ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ဥရောပတလွှားမှာ အခုအခါ ၁၅ သန်းကျော်သွားပြီ ဖြစ်ပြီး ကမ္ဘာမှာ ဒီရောဂါဒဏ် အဆိုးဝါးဆုံးခံရတဲ့ဒေသ ဖြစ်လာတဲ့အတွက် ဒေသတွင်းနိုင်ငံတွေက အာဏာပိုင်တွေက အခြေအနေကို ထိန်းနိုင်အောင် Lockdown ချ ကန့်သတ်မှုအသစ်တွေ ချမှတ်နေကြပါတယ်။

ဒီသီတင်းပတ်ထဲမှာပဲ ပြင်သစ်နိုင်ငံဟာ ဥရောပဒေသမှာ ကူးစက်ခံရသူ ပထမဆုံး ၂ သန်းကျော် ဖြစ်လာတယ်လို့ ဒီရောဂါဖြစ်ပွားမှု စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ်စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ပြင်သစ်နိုင်ငံမှာ လက်ရှိ အသစ်ချမှတ်ထားတဲ့ Lockdown ချ ကန့်သတ်မှုမှာ အောင်မြင်မှုတချို့ ရနေပေမယ့် ဒီကပ်ရောဂါကို ကျော်လွှားနိုင်ဖို့ အဝေးကြီး လိုနေသေးတယ်လို့ ပြင်သစ်အစိုးရ ပြောခွင့်ရ Gabriel Attal က ပြောပါတယ်။

"နှိုင်းနှိုင်းချိန်ချိန် သတိနဲ့ ဆက်နေသင့်တယ်လို့ ထင်ကြောင်း၊ အခုထိ နိုင်ငံတွင်း ဆေးရုံတွေမှာ ဆေးဝန်ထမ်းတွေ မနားတမ်းလုပ်နေရပြီး အခြေအနေကလည်း ဆိုးနေဆဲ ဖြစ်တဲ့အတွက် ဒီပြဿနာ ပြီးသွားပြီလို့ မသတ်မှတ်သင့်ကြောင်း” ပြင်သစ်ဘာသာနဲ့ ပြောသွားတာပါ။

ရုရှားနိုင်ငံမှာလည်း ဒီရောဂါကူးစက်ခံရသူဟာ ဒီသီတင်းပတ်ထဲမှာပဲ ၂ သန်းကျော်သွားပြီဖြစ်ပြီး ကမ္ဘာမှာ ပဉ္စမမြောက် အများဆုံး ဖြစ်နေပါတယ်။

သြစတြီးယားနိုင်ငံမှာတော့ အင်္ဂါနေ့ကစပြီး သီတင်း ၃ ပတ်ကြာ Lockdown ချ ကန့်သတ်တော့မှာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံမှာတော့ ဒီရောဂါကူးစက်မှု တိုးလာတဲ့နှုန်း သိပ်မမြန်လှပေမယ့် အခြေအနေဟာ စိုးရိမ်ရဆဲဖြစ်ပြီး သေဆုံးမှုနှုန်းက သိပ်မြင့်နေတယ်လို့ ဂျာမနီ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန တာဝန်ခံက ပြောပါတယ်။

ဂျာမနီနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ တသန်းနီးပါးရှိပြီး သေဆုံးရသူက ၁၀,၀၀၀ ကျော် ရှိပါတယ်။

ကမ္ဘာတလွှား ဒီရောဂါ ကူးစက်ခံရသူ ၅၈ သန်းနီးပါးရှိပြီး သေဆုံးရသူက ၁.၃ သန်းကျော် ရှိပါတယ်။ အမေရိကန်နိုင်ငံကတော့ ကူးစက်သူ ၁၂ သန်းကျော်နဲ့ အများဆုံးဖြစ်ပြီး အိန္ဒိယက ကူးစက်သူ ၉ သန်းကျော်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)











XS
SM
MD
LG