သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးသုေတသနဲ႔ထုတ္လုပ္ေရး တ႐ုတ္၊႐ုရွား အိႏၵိယပူးတဲြေဆာင္ရြက္မည္


BRICS ထိပ္သီးေခါင္းေဆာင္မ်ား (ႏိုဝင္ဘာ ၁၄၊၂ဝ၂ဝ)

{{Zawgyi/Unicode}}
COVID-19 ကပ္ေရာဂါအေရး ပူးေပါင္းလုပ္ေဆာင္တဲ့အေနနဲ႔ ကာကြယ္ေဆး သုေတသနနဲ႔ ထုတ္လုပ္ေရးဌာနေတြကုိ တ႐ုတ္၊ ႐ုရွားနဲ႔ အိႏိၵယတို႔ ပူးတြဲတည္ေထာင္သြားမယ္လုိ႔ ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္က အဂၤါေန႔မွာ ေၾကညာပါတယ္။

႐ုရွားႏုိင္ငံက ကမကထျပဳၿပီး ဗီြဒီယိုဆက္သြယ္ေရးကတဆင့္ က်င္းပတဲ့ ၁၂ ႀကိမ္ေျမာက္ BRICS အဖြဲ႔ ထိပ္သီးအစည္းအေဝးအတြင္း မစၥတာပူတင္က အဲဒီိလိုေျပာသြားတာပါ။
BRICS အဖြဲ႔ဝင္ႏုိင္ငံေတြျဖစ္တဲ့ ဘရာဇီးလ္၊ ႐ုရွား၊ အိႏိၵယ၊ တ႐ုတ္နဲ႔ ေတာင္အာဖရိကႏုိင္ငံေတြၾကား ကိုဗစ္ကပ္ေရာဂါအေရး ပူးေပါင္းေဆာင္ရြက္ဖို႔ ေခါင္းေဆာင္ေတြ သေဘာတူခဲ့ၾကပါတယ္။ တ႐ုတ္၊ ႐ုရွားနဲ႔ အိႏိိၵယ သံုးႏုိင္ငံက BRICS အဖြဲ႔ မူေဘာင္အတြင္းကေန ကို႐ိုနာဗိုင္းရပ္စ္ သုေတသနဲ႔ ကာကြယ္ေဆးထုတ္လုပ္ေရးဌာနေတြ ထူေထာင္မယ္လုိ႔ သမၼတပူတင္ကေျပာပါတယ္။

BRICS ဖြံ႔ၿဖိဳးတိုးတက္ေရးဘဏ္သစ္က ေဒၚလာ ဘီလီယံနဲ႔ခ်ီၿပီး မၾကာေသးခင္က ထုတ္ေခ်းခဲ့တဲ့အေပၚ ေခါင္းေဆာင္ေတြက ႀကိဳဆိုၾကပါတယ္။ BRICS အဖြဲ႔ဝင္ႏုိင္ငံေတြရဲ႕ အေျခခံအေဆာက္အအံုပိုင္းနဲ႔ ေရရွည္ခုိင္မာတဲ့ ဖြံ႔ၿဖိဳးတိုးတက္ေရးဆိုင္ရာ စီမံကိန္းေတြအတြက္ အရင္းအျမစ္ေတြကို စုစည္းဖို႔ ဒီဘဏ္ကို ၂၀၁၄ ခုႏွစ္က ထူေထာင္ခဲ့တာပါ။

"လက္ရွိအေျခအေနေတြေအာက္မွာ ဖြံံ႔ၿဖိဳးတိုးတက္ေရးဘဏ္သစ္ရဲ႕ လုပ္ေဆာင္မႈကို လိုအပ္တာက သိပ္ႀကီးမားပါတယ္။ ကပ္ေရာဂါကိုရင္ဆိုင္ဖို႔ အေမရိကန္ေဒၚလာ ၁၀ ဘီလီယံကို ဘဏ္ကလ်ာထားသလို ရင္းႏွီးျမွဳပ္ႏွံမႈ စီမံကိန္းေတြအတြက္ စုစုေပါင္းရန္ပံုေငြက ေဒၚလာ ဘီလီယံ ၂၀ ေက်ာ္သြားပါၿပီ" လို႔ သမၼတပူတင္ကေျပာပါတယ္။

BRICS ဆိုတာကေတာ့ ဘရာဇီးလ္၊ ႐ုရွား၊ အိႏိၵယ၊ တ႐ုတ္နဲ႔ ေတာင္အာဖရိကႏုိင္ငံေတြရဲ႕ အဂၤလိပ္အမည္ အတိုေကာက္စာလံုးငါးခုကို ယူထားတာျဖစ္ၿပီး ဒီအဖြဲ႔မွာ ကမာၻ႔လူဦးေရရဲ႕ ၄၂% ၊ ကမာၻ႔ GDP ရဲ႕ ၂၃% ၊ ကမာၻ႔နယ္ေျမအားလံုးရဲ႕ ၃၀% နဲ႔ ကမာၻ႔ကုန္သြယ္ေရးရဲ႕ ၁၈% ထိ ပါဝင္တာျဖစ္ပါတယ္။

..........................

BRCIS ထိပ္သီးေဆြးေႏြးပြဲ
please wait

No media source currently available

0:00 0:01:40 0:00
တိုက္႐ိုက္ လင့္ခ္


{{Unicode}}

COVID-19 ကပ်ရောဂါအရေး ပူးပေါင်းလုပ်ဆောင်တဲ့အနေနဲ့ ကာကွယ်ဆေး သုတေသနနဲ့ ထုတ်လုပ်ရေးဌာနတွေကို တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ ပူးတွဲတည်ထောင်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အင်္ဂါနေ့မှာ ကြေညာပါတယ်။

ရုရှားနိုင်ငံက ကမကထပြုပြီး ဗွီဒီယိုဆက်သွယ်ရေးကတဆင့် ကျင်းပတဲ့ ၁၂ ကြိမ်မြောက် BRICS အဖွဲ့ ထိပ်သီးအစည်းအဝေးအတွင်း မစ္စတာပူတင်က အဲဒီလိုပြောသွားတာပါ။
BRICS အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတွေကြား ကိုဗစ်ကပ်ရောဂါအရေး ပူးပေါင်းဆောင်ရွက်ဖို့ ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။ တရုတ်၊ ရုရှားနဲ့ အိန္ဒိယ သုံးနိုင်ငံက BRICS အဖွဲ့ မူဘောင်အတွင်းကနေ ကိုရိုနာဗိုင်းရပ်စ် သုတေသနဲ့ ကာကွယ်ဆေးထုတ်လုပ်ရေးဌာနတွေ ထူထောင်မယ်လို့ သမ္မတပူတင်ကပြောပါတယ်။

BRICS ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သစ်က ဒေါ်လာ ဘီလီယံနဲ့ချီပြီး မကြာသေးခင်က ထုတ်ချေးခဲ့တဲ့အပေါ် ခေါင်းဆောင်တွေက ကြိုဆိုကြပါတယ်။ BRICS အဖွဲ့ဝင်နိုင်ငံတွေရဲ့ အခြေခံအဆောက်အအုံပိုင်းနဲ့ ရေရှည်ခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းတွေအတွက် အရင်းအမြစ်တွေကို စုစည်းဖို့ ဒီဘဏ်ကို ၂၀၁၄ ခုနှစ်က ထူထောင်ခဲ့တာပါ။

"လက်ရှိအခြေအနေတွေအောက်မှာ ဖွံံ့ဖြိုးတိုးတက်ရေးဘဏ်သစ်ရဲ့ လုပ်ဆောင်မှုကို လိုအပ်တာက သိပ်ကြီးမားပါတယ်။ ကပ်ရောဂါကိုရင်ဆိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကို ဘဏ်ကလျာထားသလို ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေအတွက် စုစုပေါင်းရန်ပုံငွေက ဒေါ်လာ ဘီလီယံ ၂၀ ကျော်သွားပါပြီ" လို့ သမ္မတပူတင်ကပြောပါတယ်။

BRICS ဆိုတာကတော့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတွေရဲ့ အင်္ဂလိပ်အမည် အတိုကောက်စာလုံးငါးခုကို ယူထားတာဖြစ်ပြီး ဒီအဖွဲ့မှာ ကမ္ဘာ့လူဦးရေရဲ့ ၄၂% ၊ ကမ္ဘာ့ GDP ရဲ့ ၂၃% ၊ ကမ္ဘာ့နယ်မြေအားလုံးရဲ့ ၃၀% နဲ့ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၁၈% ထိ ပါဝင်တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG