(Zawgyi/Unicode)
အၾကမ္းဖက္၀ါဒကို ပံ႔ပိုးေပးေနတဲ႔ ႏုိင္ငံေတြ တာ၀န္ခံရမယ္လို႔ အိႏၵိယ ၀န္ႀကီးခ်ဳပ္ Narendra Modi က ၁၂ ႀကိမ္ေျမာက္ BRICS ထိပ္သီး ညီလာခံမွာ ေျပာဆိုလုိက္ပါတယ္။
“အၾကမ္းဖက္ ၀ါဒဟာ ကမၻာမွာ အဆိုးဆံုး ရင္ဆိုင္ေနရတဲ႔ ျပသနာႀကီး ျဖစ္ပါတယ္တဲ႔။ အၾကမ္းဖက္ ၀ါဒီေတြကို လက္ခံ ပံ႔ပိုး ေနတဲ႔ ႏုိင္ငံေတြကို တာ၀န္ခံၾကဖို႔ လုပ္ရမယ္၊ ဒီျပႆနာကို ပူးေပါင္းေဆာင္ရြက္ တိုက္ဖ်က္ရမယ္” လို႔ အိႏၵိယ ၀န္ႀကီးခ်ဳပ္က ေျပာဆိုခဲ႔ပါတယ္။
ရုရွား သမၼတ Vladimir Putin ကမကထလုပ္ၿပီး အြန္လိုင္းကေန က်င္းပတဲ႔ BRICS ထိပ္သီး ညီလာခံမွာ အိႏၵိယ ၀န္ႀကီးခ်ဳပ္က အၾကမ္းဖက္ ၀ါဒနဲ႔ ပတ္သက္ၿပီး ေျပာခဲ႔သလိုဘဲ COVID -19 တိုက္ဖ်က္ေရး အိႏၵိယရဲ႕ ကာကြယ္ေဆး ထုတ္လုပ္ေနတဲ႔ အေျခအေနေတြကိုလည္း ေျပာဆို သြားပါတယ္။
ဘရာဇီးလ္၊ ရုရွား၊ အိႏၵိယ၊ တရုတ္နဲ႔ ေတာင္အာဖရိက ႏုိင္ငံေတြရဲ႕ BRICS ထိပ္သီး ညီလာခံမွာ တရုတ္သမၼတ Xi Jinping က COVID-19 ေရာဂါ တုိက္ဖ်က္ေရးနဲ႔ ကမၻာ့စီးပြားေရး ျပန္လည္ ရွင္သန္ေရး အဆိုျပဳခ်က္ေတြကို တင္ျပခဲ႔ပါတယ္။
ရုရွား သမၼတ Putin ကေတာ့ ရုရွားရဲ႕ Sputnik V ကိုဗစ္ ကာကြယ္ေဆးကို တရုတ္နဲ႔ အိႏၵိယတို႔မွာ ထုတ္လုပ္ဖို႔ ရွိတယ္လို႔လည္း ေျပာဆိုခဲ႔သလို BRICS ႏုိင္ငံေတြမွာလည္း ကာကြယ္ေဆး သုေတသန စင္တာ တခု တည္ေဆာက္ဖို႔လည္း ရုရွား သမၼတက အဆိုျပဳခဲ႔ပါတယ္။
...........
အကြမ်းဖက်သမား လက်ခံပံ့ပိုးတဲ့ နိုင်ငံတွေတာဝန်ရှိစေဖို့ အိန္ဒိယဝန်ကြီးချုပ်ပြောကြား
(Unicode)
အကြမ်းဖက်ဝါဒကို ပံ့ပိုးပေးနေတဲ့ နိုင်ငံတွေ တာဝန်ခံရမယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က ၁၂ ကြိမ်မြောက် BRICS ထိပ်သီး ညီလာခံမှာ ပြောဆိုလိုက်ပါတယ်။
“အကြမ်းဖက် ဝါဒဟာ ကမ္ဘာမှာ အဆိုးဆုံး ရင်ဆိုင်နေရတဲ့ ပြသနာကြီး ဖြစ်ပါတယ်တဲ့။ အကြမ်းဖက် ဝါဒီတွေကို လက်ခံ ပံ့ပိုး နေတဲ့ နိုင်ငံတွေကို တာဝန်ခံကြဖို့ လုပ်ရမယ်၊ ဒီပြဿနာကို ပူးပေါင်းဆောင်ရွက် တိုက်ဖျက်ရမယ်” လို့ အိန္ဒိယ ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
ရုရှား သမ္မတ Vladimir Putin ကမကထလုပ်ပြီး အွန်လိုင်းကနေ ကျင်းပတဲ့ BRICS ထိပ်သီး ညီလာခံမှာ အိန္ဒိယ ဝန်ကြီးချုပ်က အကြမ်းဖက် ဝါဒနဲ့ ပတ်သက်ပြီး ပြောခဲ့သလိုဘဲ COVID -19 တိုက်ဖျက်ရေး အိန္ဒိယရဲ့ ကာကွယ်ဆေး ထုတ်လုပ်နေတဲ့ အခြေအနေတွေကိုလည်း ပြောဆို သွားပါတယ်။
ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေရဲ့ BRICS ထိပ်သီး ညီလာခံမှာ တရုတ်သမ္မတ Xi Jinping က COVID-19 ရောဂါ တိုက်ဖျက်ရေးနဲ့ ကမ္ဘာ့စီးပွားရေး ပြန်လည် ရှင်သန်ရေး အဆိုပြုချက်တွေကို တင်ပြခဲ့ပါတယ်။
ရုရှား သမ္မတ Putin ကတော့ ရုရှားရဲ့ Sputnik V ကိုဗစ် ကာကွယ်ဆေးကို တရုတ်နဲ့ အိန္ဒိယတို့မှာ ထုတ်လုပ်ဖို့ ရှိတယ်လို့လည်း ပြောဆိုခဲ့သလို BRICS နိုင်ငံတွေမှာလည်း ကာကွယ်ဆေး သုတေသန စင်တာ တခု တည်ဆောက်ဖို့လည်း ရုရှား သမ္မတက အဆိုပြုခဲ့ပါတယ်။