သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Facebook ဘက္လုိက္ေနေၾကာင္း အိႏၵိယ၀န္ႀကီး စြပ္စြဲ


အိႏိၵယ ဆက္သြယ္ေရး ဝန္္ႀကီး Ravi Shankar Prasad

(Zawgyi/Unicode)

အိႏိၵယ ဆက္သြယ္ေရး ဝန္္ႀကီးက Facebook ကို မတရားဘက္လိုက္တယ္လို႔ စြပ္စြဲ လိုက္ပါတယ္။ ဝန္ႀကီး Ravi Shankar Prasad က Facebook အရာရွိခ်ဳပ္ Mark Zuckerberg အေနနဲ႔ ၂၀၁၉ ေရြးေကာက္ပြဲမတိုင္ခင္ ဝါဒေရးစည္းရံုးမူေတြကို ျဖတ္ေတာက္ပစ္ခဲ့တယ္လို႔ မေန႔က ေျပာလိုက္ပါတယ္။

အခုလိုေျပာလာတာက တဖက္ ႏိုင္ငံတကာသတင္းေတြမွာ Facebook အေနနဲ႔ ဒီဟိႏၵဴလက္ယာစြန္း အမ်ိဳးသားေရးဝါဒ ျဖန္႔ခ်ီမူနဲ႔ အမုန္းစကားပြားတာေတြကို ခြင့္ျပဳအားေပးေနတယ္လို႔ မၾကာခင္က ထြက္လာအၿပီးမွာ ျဖစ္လာတာပါ။

Wall Street Journal က Facebook ကုမၸဏီရဲ့ အိႏိၵယဆိုင္ရာ မူဝါဒအႀကီးအကဲ Ankhi Das အေနနဲ႔ လက္ယာစြန္း ဝန္္ႀကီးခ်ဳပ္ Narendra Modi ရဲ့ BJP ပါတီကို ေထာက္ခံမူျပခဲ့ၿပီး၊ အတိုက္အခံေတြကို ႏွိမ္ခ်ဆက္ဆံခဲ့တာေတြ အဖြဲ႔တြင္းဆက္သြယ္မူေတြမွာ ေတြ႔ခဲ့ရတယ္လို႔႔ စြပ္စြဲတဲ႔ ေဆာင္းပါး (၂) ပုဒ္ ဆက္တိုက္ထြက္လာအၿပီးမွာ အခုလိုျပန္စြပ္စြဲလာတာပါ။

ဒါ့အျပင္ ဟိႏၵဴအမ်ိဳးသားအစြန္းေရာက္ အမတ္ တစ္ဦးရဲ့ မြတ္ဆလင္ဆန္႔က်င္ေရး အမုန္းစကားၿဖန္႔တာကိုလည္း Facebook က သူ႔ အႀကီးဆံုး အိႏိၵယ ေစ်းကြက္ပ်က္မွာစိုးလို႔ အေရးမယူခဲ့ဘူးလို႔ ဒီ Wall Street Journal မွာ ေရးသားခဲ့ပါတယ္။

ဒါေပမဲ့ ဝန္ႀကီး Prasad ကေတာ့ ဒီအခုေဆာင္းပါးေတြထြက္လာရတာလည္း Facebook ဖက္က၊ မဟုတ္တာေတြကို လုပ္ၾကံေရးဖိ႔ု သတင္းေဖာက္ခ်လိုက္လို႔သာျဖစ္တယ္လို႔ ထပ္စြပ္စြဲခဲ့ပါတယ္။

Facebook ဘက္လုိက္ေနေၾကာင္း အိႏၵိယ၀န္ႀကီး စြပ္စြဲ
please wait

No media source currently available

0:00 0:01:08 0:00
တိုက္႐ိုက္ လင့္ခ္


............

Facebook ဘက်လိုက်နေကြောင်း အိန္ဒိယဝန်ကြီး စွပ်စွဲ

(Unicode)

အိန္ဒိယ ဆက်သွယ်ရေး ဝန်ကြီးက Facebook ကို မတရားဘက်လိုက်တယ်လို့ စွပ်စွဲ လိုက်ပါတယ်။ ဝန်ကြီး Ravi Shankar Prasad က Facebook အရာရှိချုပ် Mark Zuckerberg အနေနဲ့ ၂၀၁၉ ရွေးကောက်ပွဲမတိုင်ခင် ဝါဒရေးစည်းရုံးမူတွေကို ဖြတ်တောက်ပစ်ခဲ့တယ်လို့ မနေ့က ပြောလိုက်ပါတယ်။

အခုလိုပြောလာတာက တဖက် နိုင်ငံတကာသတင်းတွေမှာ Facebook အနေနဲ့ ဒီဟိန္ဒူလက်ယာစွန်း အမျိုးသားရေးဝါဒ ဖြန့်ချီမူနဲ့ အမုန်းစကားပွားတာတွေကို ခွင့်ပြုအားပေးနေတယ်လို့ မကြာခင်က ထွက်လာအပြီးမှာ ဖြစ်လာတာပါ။

Wall Street Journal က Facebook ကုမ္ပဏီရဲ့ အိန္ဒိယဆိုင်ရာ မူဝါဒအကြီးအကဲ Ankhi Das အနေနဲ့ လက်ယာစွန်း ဝန်ကြီးချုပ် Narendra Modi ရဲ့ BJP ပါတီကို ထောက်ခံမူပြခဲ့ပြီး၊ အတိုက်အခံတွေကို နှိမ်ချဆက်ဆံခဲ့တာတွေ အဖွဲ့တွင်းဆက်သွယ်မူတွေမှာ တွေ့ခဲ့ရတယ်လို့ စွပ်စွဲတဲ့ ဆောင်းပါး (၂) ပုဒ် ဆက်တိုက်ထွက်လာအပြီးမှာ အခုလိုပြန်စွပ်စွဲလာတာပါ။

ဒါ့အပြင် ဟိန္ဒူအမျိုးသားအစွန်းရောက် အမတ် တစ်ဦးရဲ့ မွတ်ဆလင်ဆန့်ကျင်ရေး အမုန်းစကားဖြန့်တာကိုလည်း Facebook က သူ့ အကြီးဆုံး အိန္ဒိယ ဈေးကွက်ပျက်မှာစိုးလို့ အရေးမယူခဲ့ဘူးလို့ ဒီ Wall Street Journal မှာ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ ဝန်ကြီး Prasad ကတော့ ဒီအခုဆောင်းပါးတွေထွက်လာရတာလည်း Facebook ဖက်က၊ မဟုတ်တာတွေကို လုပ်ကြံရေးဖိ့ု သတင်းဖောက်ချလိုက်လို့သာဖြစ်တယ်လို့ ထပ်စွပ်စွဲခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG