သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မှာ ဟိန္ဒူဘုရားကျောင်းဆောက်ခွင့်ရ


ပွါကစ္စတန် အလံကိုင်ဆောင်ထားသူတစ်ဦး
ပွါကစ္စတန် အလံကိုင်ဆောင်ထားသူတစ်ဦး

Zawgyi/Unicode

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ် မြို့တော်မှာ ဟိန္ဒူ ဘုရားကျောင်းတစ်ကျောင်း တည်ဆောက်တာကို ထောက်ခံတဲ့အနေနဲ့ ပါကစ္စတန် လူငယ် အုပ်စုတစ်ခုက ဗုဒ္ဓဟူးနေ့က ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီ ဘုရားကျောင်း ဆောက်လုပ်ရေးကို အစ္စလာမ္မစ် အုပ်စုတွေက ကန့်ကွက်တာကြောင့် ရပ်ဆိုင်းထားခဲ့ရတာပါ။ ပြီး သီတင်းပတ်ကုန်တုန်းကတော့ လူအုပ်စု တစ်စုက ဘာသာရေး လှုံ့ဆော်ချက်တွေ အော်ဟစ်ပြီး KRISHNA MADIR လို့ ခေါ်တဲ့ အဲဒီ ဆောက်လက်စ ဟိန္ဒူ ဘုရားကျောင်းကို ဖျက်ဆီးခဲ့ကြပါတယ်။

အမျိုးသား စာနယ်ဇင်း ကလပ်ရှေ့မှာ လုပ်ခဲ့တဲ့ ဟိန္ဒူ ဘုရားကျောင်း တည်ဆောက်တာကို ထောက်ခံပွဲကို FACEBOOK ကို အသုံးပြု လှုံ့ဆော်ခဲ့တာဖြစ်ပြီး လူ ၇၀၀ ကျော်က တုန့်ပြန်ခဲ့ကြသလို လူ ၇၀ နီးပါးက ထောက်ခံပွဲကို တက်ရောက်ဖို့ ကတိပေးခဲ့ကြတာပါ။ MANCHESTER တက္ကသိုလ် နွေရာသီကျောင်းပိတ်ရက်မှာ မြို့တော်ကို ပြန်ရောက်နေသူလည်းဖြစ် ဆန္ဒပြသူတစ်ဦးလည်း ဖြစ်တဲ့ Sachal Jamal Pirzada က တိုင်းပြည်ရဲ့ ပြင်ပမှာ အစ္စလာမ် ဘုရားကျောင်း ပလီ တည်ဆောက်တဲ့ အခါ ကောင်းတယ်လို့ပြောကြပြီး တိုင်းပြည်အထဲ ဟိန္ဒူ ဘုရားကျောင်း ဆောက်လုပ်တဲ့အခါတော့ မှားတယ်လို့ လူတွေကပြောကြပြန်တယ်ဆိုပြီး ရှေ့နောက် မညီမှုကို ထောက်ပြ ပြောဆိုခဲ့ပါတယ်။

အစ္စလာမာဘတ်မြိုံမှာ နေတဲ့ လူ ၃၀၀၀ လောက်ရှိတဲ့ ဟိန္ဒူ အသိုက်အဝိုင်းက သာရေးနာရေး ကိစ္စတွေ ဆောင်ရွက်ဖို့ ဘုရားကျောင်း မရှိဘူးဆိုပြီး ပြောဆိုနေခဲ့တာ ကြာပြီလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကတော့ ဝန်ကြီးချုပ် IMRAN KHAN က လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ပါကစ္စတန် အစိုးရက အခမဲ့ ပေးထားတဲ့ မြေပေါ်မှာ ဟိန္ဒူဘုရားကျောင်း ဆောက်လုပ်ဖို့ အမေရိကန် ဒေါ်လာ ၆သိန်းကျော် ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းပြည်တွင်းက အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေနဲ့ အုပ်စုတွေရဲ့ ကန့်ကွက်မှုတွေ မြင့်တက်လာတာကြောင့် ဝန်ကြီးချုပ် IMRAN KHAN က ဒီ ကိစ္စကို လောလောဆယ်မှာ ပါကစ္စတန် အစ္စလာမ္မစ် ဘာသာရေး ကောင်စီကို လွှဲပြောင်းပေးပြီး ဆုံးဖြတ်ခိုင်းထားတာပါ။

အင်္ဂါနေ့တုန်းကတော့ လူ့အခွင့်အရေး အဖွဲ့ဖြစ်တဲ့ AMNESTY INTERNATIONAL က ပါကစ္စတန် အစိုးရအနေနဲ့ လူနည်းစုအပေါ် ကတိပေးထားတာတွေကို ဖြည့်ဆည်းပေးဖို့ သတင်းထုတ်ပြန် တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode]







XS
SM
MD
LG