သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“တရုတ်ခြိမ်းခြောက်မှု ကန်-အိန္ဒိယပူးတွဲ ရင်ဆိုင်မည်” ကန်နိုင်ငံခြားရေးဝန်ကြီး


အိန္ဒိယနိုင်ငံ New Delhi မြို့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ အိန္ဒိယခေါင်းဆောင်တွေ တွေ့ဆုံတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၂၇၊ ၂၀၂၀)
အိန္ဒိယနိုင်ငံ New Delhi မြို့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ အိန္ဒိယခေါင်းဆောင်တွေ တွေ့ဆုံတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

လုံခြုံရေးနဲ့ လွတ်လပ်ခွင့်အပေါ် တရုတ်ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံ အတူတကွ ရင်ဆိုင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အိန္ဒိခေါင်းဆောင်တွေနဲ့ မတွေ့ခင် အခု အင်္ဂါနေ့ ပြောဆိုလိုက်ပါတယ်။

ဝန်ကြီး Pompeo ဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper နဲ့အတူ အိန္ဒိယနိုင်ငံကို တနလာၤနေ့က ရောက်ရှိခဲ့တာပါ။ အိန္ဒိယအနေနဲ့ နယ်စပ်မှာ တရုတ်တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့မှုတွေ ရင်ဆိုင်ရပြီး တင်းမာမှုဖြစ်နေတဲ့အချိန်မှာပဲ၊ အမေရိကန် အိန္ဒိယ နှစ်စဉ် မဟာဗျူဟာမြောက်ဆွေးနွေးပွဲအတွက် အမေရိကန်ဝန်ကြီးနှစ်ဦး အခုလို အိန္ဒိယကို ရောက်ရှိနေတာဖြစ်ပါတယ်။

ဝန်ကြီး Pompeo ဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့နဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပါတယ်။ Wuhan က မူလဖြစ်တဲ့ ကမ္ဘာ့ကပ်ဘေးကို ဘယ်လို ပူးပေါင်းကိုင်တွယ်မလဲဆိုတာ၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာနဲ့ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရစေမယ့် လွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်မှုကို ဘယ်လို တုံ့ပြန်မလဲဆိုတာတွေကို ဆွေးနွေးကြမှာပါလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးပွဲမတိုင်ခင် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

[Unicode Version]





XS
SM
MD
LG