(Zawgyi/Unicode)
ဂ်ာမဏီႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈနႈန္းက စိုးရိမ္ရတဲ့အေျခေနမွာ ဆက္ရွိေနေပမယ့္ ႏိုင္ငံတြင္း တခ်ိဳ႕ေနရာေတြမွာ lockdown ခ် ကန္႔သတ္မႈေတြ အလုပ္ျဖစ္တဲ့ လကၡဏာေတြ ေတြ႔ေနရတယ္လို႔ ဂ်ာမဏီ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးဆိုင္ရာ Robert Koch ဌာန အႀကီးအကဲ Lothar Wieler က ေျပာပါတယ္။
ဂ်ာမဏီႏိုင္ငံမွာ ဒီေရာဂါကူးစက္မႈတိုးလာတာကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႏိုဝင္ဘာလဆန္းကစၿပီး တင္းၾကပ္တဲ့ ကန္႔သတ္မႈေတြ လုပ္ေဆာင္ခဲ့တာပါ။ ေက်ာင္းေတြနဲ႔ ေစ်းဆိုင္ေတြမွအပ တျခားစားေသာက္ဆိုင္ေတြ၊ အပမ္းေျဖေနရာေတြ နဲ႔ အရက္ဘားေတြကိုပါ ပိတ္ထားတာ ျဖစ္ပါတယ္။
ဒါေၾကာင့္ အခုဆို သီတင္းတပတ္ေလာက္ ကူးစက္မႈတိုးလာတာမရွိဘူးလို႔ မစၥတာ Wielerက သတင္းေထာက္ေတြကို ေျပာပါတယ္။ ဂ်ာမဏီမွာ ဒီေရာဂါ ျဖစ္ပြါးမႈကေတာ့ အခုထိ မ်ားျပားေနဆဲ ျဖစ္ၿပီး ေဆးရံုေတြမွာ လူနာေတြနဲ႔ ျပည့္ၾကပ္လာမယ့္ အႏၱရာယ္ ရွိေနဆဲ ျဖစ္ေပမယ့္ ကူးစက္သူဦးေရ စတင္က်ဆင္းလာၿပီျဖစ္ၿပီး အေျခေနတည္ၿငိမ္မႈရွိလာေၾကာင္း ေျပာပါတယ္။
ဒါ့အျပင္ အလားအလာရွိတဲ့ ကာကြယ္ေဆးေတြ ရလာေတာ့မယ့္ သတင္းေၾကာင့္လည္း သိပ္ကို အားတက္ရေၾကာင္း ေျပာပါတယ္။ ဒါေပမယ့္ ခ်ထားတဲ့ ကန္႔သတ္မႈေတြ ဘယ္ေလာက္ၾကာၾကာ ဆက္ထားမယ္ ဆိုတာေတာ့ မသိေသးဘူးလို႔ ေျပာပါတယ္။
အခုလို ကန္႔သတ္မႈေတြ ခ်ထားစဥ္ကေတာ့ ဂ်ာမဏီဝန္ႀကီးခ်ဳပ္ Angela Merkel က ႏိုဝင္ဘာလ တလလံုး ထားမွာ ျဖစ္ၿပီး ဒီဇင္ဘာ ခရစ္စမတ္အားလပ္ရက္ အတြက္ေတာ့ တခ်ိဳ႕ ကန္႔သတ္မႈေတြ ေျဖေလ ွ်ာ့ ေပးႏိုင္မယ္လို႔ ေမ ွ်ာ္လင့္ေၾကာင္း ေျပာခဲ့တာပါ။
ဂ်ာမဏီႏိုင္ငံမွာ ဒီေရာဂါအကူးစက္ခံရသူ ၈ သိန္းခြဲေက်ာ္နဲ႔ ေသဆံုးရသူက တေသာင္း ၃ ေထာင္ေက်ာ္ ရွိပါတယ္။
...........
ဂျာမနီ ကိုဗစ် Lockdown အောင်မြင်မှုရှိ
(Unicode)
ဂျာမဏီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းက စိုးရိမ်ရတဲ့အခြေနေမှာ ဆက်ရှိနေပေမယ့် နိုင်ငံတွင်း တချို့နေရာတွေမှာ lockdown ချ ကန့်သတ်မှုတွေ အလုပ်ဖြစ်တဲ့ လက္ခဏာတွေ တွေ့နေရတယ်လို့ ဂျာမဏီ ကူးစက်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ Robert Koch ဌာန အကြီးအကဲ လိုတာ ဝီလာ Lothar Wieler က ပြောပါတယ်။
ဂျာမဏီနိုင်ငံမှာ ဒီရောဂါကူးစက်မှုတိုးလာတာကို ထိန်းချုပ်နိုင်ဖို့ နိုဝင်ဘာလဆန်းကစပြီး တင်းကြပ်တဲ့ ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။ ကျောင်းတွေနဲ့ ဈေးဆိုင်တွေမှအပ တခြားစားသောက်ဆိုင်တွေ၊ အပမ်းဖြေနေရာတွေ နဲ့ အရက်ဘားတွေကိုပါ ပိတ်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် အခုဆို သီတင်းတပတ်လောက် ကူးစက်မှုတိုးလာတာမရှိဘူးလို့ မစ္စတာ Wieler က သတင်းထောက်တွေကို ပြောပါတယ်။ ဂျာမဏီမှာ ဒီရောဂါ ဖြစ်ပွါးမှုကတော့ အခုထိ များပြားနေဆဲ ဖြစ်ပြီး ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်ကြပ်လာမယ့် အန္တရာယ် ရှိနေဆဲ ဖြစ်ပေမယ့် ကူးစက်သူဦးရေ စတင်ကျဆင်းလာပြီဖြစ်ပြီး အခြေနေတည်ငြိမ်မှုရှိလာကြောင်း ပြောပါတယ်။
ဒါ့အပြင် အလားအလာရှိတဲ့ ကာကွယ်ဆေးတွေ ရလာတော့မယ့် သတင်းကြောင့်လည်း သိပ်ကို အားတက်ရကြောင်း ပြောပါတယ်။ ဒါပေမယ့် ချထားတဲ့ ကန့်သတ်မှုတွေ ဘယ်လောက်ကြာကြာ ဆက်ထားမယ် ဆိုတာတော့ မသိသေးဘူးလို့ ပြောပါတယ်။
အခုလို ကန့်သတ်မှုတွေ ချထားစဉ်ကတော့ ဂျာမဏီဝန်ကြီးချုပ် Angela Merkel က နိုဝင်ဘာလ တလလုံး ထားမှာ ဖြစ်ပြီး ဒီဇင်ဘာ ခရစ်စမတ်အားလပ်ရက် အတွက်တော့ တချို့ ကန့်သတ်မှုတွေ ဖြေလေ ျှာ့ ပေးနိုင်မယ်လို့ မေ ျှာ်လင့်ကြောင်း ပြောခဲ့တာပါ။
ဂျာမဏီနိုင်ငံမှာ ဒီရောဂါအကူးစက်ခံရသူ ၈ သိန်းခွဲကျော်နဲ့ သေဆုံးရသူက တသောင်း ၃ ထောင်ကျော် ရှိပါတယ်။