သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆိုက္ဘာလံုျခံဳေရးေအဂ်င္စီအႀကီးအကဲကို ရာထူးမွထုတ္ပယ္


Christopher Krebs

{{Zawgyi/Unicode}}

အေမရိကန္ သမၼတ Donald Trump အေနနဲ႔၊ ေရြးေကာက္ပြဲအၿပီး ၂ ပတ္အၾကာ၊ ေရြးေကာက္ပြဲရႈံးနိမ့္ဖို႔ရွိေနခ်ိန္မွာ ဒီမဲရလဒ္ေတြအမွန္အတိုင္းျဖစ္ေအာင္ ဦးေဆာင္ခဲ့တဲ့ အမိေျမလံုၿခံဳေရးဌာန အရာရွိတစ္ဦးကို ထုတ္ပစ္လုိက္ပါတယ္။

သမၼတ Trump က၊ ဒီေရြးေကာက္ပြဲလံုၿခံဳေရးဆိုင္ရာအရွိခ်ဳပ္ Christopher Krebs အေနနဲ႔ အမွားအယြင္းေတြမ်ားတဲ့ ေရြးေကာက္ပြဲဆိုင္ရာေၾကညာခ်က္ေတြထုတ္ခဲ့တယ္လို႔ စြတ္စြဲလိုက္ၿပီး၊ အခုလိုထုတ္လိုက္ေၾကာင္း အင္တာနက္တြစ္တာကေန ေရးလိုက္ပါတယ္။

သမၼတ Trump ကဆက္ၿပီး၊ ႏိုဝင္ဘာ ၃ ရက္ေန႔မွာလုပ္ခဲ့တဲ့ အေမရိကန္သမၼတေရြးေကာက္ပြဲဟာ ႀကီးမားတဲ့ မွားယြင္းမူႀကီးနဲ႔ မဲမႆမာမူႀကီးျဖစ္တယ္လို႔ စြတ္စြဲလိုက္ကာ၊ ေရြးေကာက္ပြဲ အင္တာနက္ဆိုက္ဘာလံုၿခံဳေရးနဲ႔ အေဆာက္အအံုလံုၿခံဳေရးဆိုင္ရာေအဂ်င္စီ ဒါရိုက္တာ Krebs ကို အခုခ်က္ခ်င္း တာဝန္ကရပ္စဲလိုက္ၿပီလို႔ ေၾကညာလိုက္ပါတယ္။

သမၼတ Trump က မဲမႆမာမူေတြရွိခဲ့တယ္လို႔စစ္စြဲေနတဲ့အေပၚ ပယ္ခ်ခဲ့တဲ့ Krebs ဖက္ကေတာ့၊ အင္တာနက္လူမူကြန္ယက္ တြစ္တာ Account သစ္ကေနပဲ တံု႔ျပန္ခဲ့ရာမွာ၊ သူတာဝန္ထမ္းေဆာင္ခဲ့ရမူအတြက္ ဂုဏ္ယူပါတယ္၊ အမွန္အတိုင္းလုပ္ခဲ့တယ္၊ နက္ျဖန္ မွန္ကန္ေသခ်ာေအာင္ ဒီေန႔ကာကြယ္ေပးၾကပါ လို႔ ေရးခဲ့ပါတယ္။

ခုလိုမဲမႆမာမူေတြရွိႏိုင္ေၾကာင္း ဒီေရြးေကာက္ပြဲ မတိုင္ခင္နဲ႔ အၿပီးမွာ သမၼတ Donald Trump ဖက္က ေတာက္ေလွ်ာက္စြတ္စြဲလာခဲ့ေပမဲ့ ခိုင္လံုတဲ့အေၾကာင္းျပခ်က္မရွိဘူးလို႔ ေရြးေကာက္ပြဲကၽြမ္းက်င္သူေတြကဆိုေနခ်ိန္မွာ၊ ၿပိဳင္ဖက္ Joe Biden မဲဆြယ္အဖြဲ႔ကလည္း ရံႈးနိမ့္မူကိုလက္မခံခ်င္ဘဲ၊ ခုလိုအေျခအျမစ္မရွိတဲ့ ထုတ္ပစ္မူအတြက္ကန္႔ကြက္တယ္လို႔ ဆိုပါတယ္။ / ခင္ဗ်ာ။

တကယ္ေတာ့ ေရြးေကက္ပြဲအၿပီး မၾကာခင္ကပဲ၊ အေမရိကန္စစ္ဌာနခ်ဳပ္က ထိပ္တမ္းအရပ္သားအရာရွိေတြကိုလည္း၊ သမၼတ Trump နဲ႔ နီးစပ္သူေတြလို႔ ယူဆခံထားရသူေတြနဲ႔ အစားထိုးအၿပီးမွာ၊ ခုလို ထုတ္ပစ္မူျဖစ္လာတာလို႔ သံုးသပ္သူေတြက ဆိုေနပါတယ္ ခင္ဗ်ာ။

................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

အမေရိကန် သမ္မတ Donald Trump အနေနဲ့၊ ရွေးကောက်ပွဲအပြီး ၂ ပတ်အကြာ၊ ရွေးကောက်ပွဲရှုံးနိမ့်ဖို့ရှိနေချိန်မှာ ဒီမဲရလဒ်တွေအမှန်အတိုင်းဖြစ်အောင် ဦးဆောင်ခဲ့တဲ့ အမိမြေလုံခြုံရေးဌာန အရာရှိတစ်ဦးကို ထုတ်ပစ်လိုက်ပါတယ်။

သမ္မတ Trump က၊ ဒီရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအရှိချုပ် Christopher Krebs အနေနဲ့ အမှားအယွင်းတွေများတဲ့ ရွေးကောက်ပွဲဆိုင်ရာကြေညာချက်တွေထုတ်ခဲ့တယ်လို့ စွတ်စွဲလိုက်ပြီး၊ အခုလိုထုတ်လိုက်ကြောင်း အင်တာနက်တွစ်တာကနေ ရေးလိုက်ပါတယ်။

သမ္မတ Trump ကဆက်ပြီး၊ နိုဝင်ဘာ ၃ ရက်နေ့မှာလုပ်ခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲဟာ ကြီးမားတဲ့ မှားယွင်းမူကြီးနဲ့ မဲမဿမာမူကြီးဖြစ်တယ်လို့ စွတ်စွဲလိုက်ကာ၊ ရွေးကောက်ပွဲ အင်တာနက်ဆိုက်ဘာလုံခြုံရေးနဲ့ အဆောက်အအုံလုံခြုံရေးဆိုင်ရာအေဂျင်စီ ဒါရိုက်တာ Krebs ကို အခုချက်ချင်း တာဝန်ကရပ်စဲလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

သမ္မတ Trump က မဲမဿမာမူတွေရှိခဲ့တယ်လို့စစ်စွဲနေတဲ့အပေါ် ပယ်ချခဲ့တဲ့ Krebs ဖက်ကတော့၊ အင်တာနက်လူမူကွန်ယက် တွစ်တာ Account သစ်ကနေပဲ တုံ့ပြန်ခဲ့ရာမှာ၊ သူတာဝန်ထမ်းဆောင်ခဲ့ရမူအတွက် ဂုဏ်ယူပါတယ်၊ အမှန်အတိုင်းလုပ်ခဲ့တယ်၊ နက်ဖြန် မှန်ကန်သေချာအောင် ဒီနေ့ကာကွယ်ပေးကြပါ လို့ ရေးခဲ့ပါတယ်။

ခုလိုမဲမဿမာမူတွေရှိနိုင်ကြောင်း ဒီရွေးကောက်ပွဲ မတိုင်ခင်နဲ့ အပြီးမှာ သမ္မတ Donald Trump ဖက်က တောက်လျှောက်စွတ်စွဲလာခဲ့ပေမဲ့ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘူးလို့ ရွေးကောက်ပွဲကျွမ်းကျင်သူတွေကဆိုနေချိန်မှာ၊ ပြိုင်ဖက် Joe Biden မဲဆွယ်အဖွဲ့ကလည်း ရှုံးနိမ့်မူကိုလက်မခံချင်ဘဲ၊ ခုလိုအခြေအမြစ်မရှိတဲ့ ထုတ်ပစ်မူအတွက်ကန့်ကွက်တယ်လို့ ဆိုပါတယ်။ / ခင်ဗျာ။

တကယ်တော့ ရွေးကေက်ပွဲအပြီး မကြာခင်ကပဲ၊ အမေရိကန်စစ်ဌာနချုပ်က ထိပ်တမ်းအရပ်သားအရာရှိတွေကိုလည်း၊ သမ္မတ Trump နဲ့ နီးစပ်သူတွေလို့ ယူဆခံထားရသူတွေနဲ့ အစားထိုးအပြီးမှာ၊ ခုလို ထုတ်ပစ်မူဖြစ်လာတာလို့ သုံးသပ်သူတွေက ဆိုနေပါတယ် ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG