သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ ကိုဗစ္ေၾကာင့္ တရက္အတြင္းေသဆံုးသူ စံခ်ိန္တင္တိုး


Florida ျပည္နယ္ Miami ၿမိဳ႕မွာ COVID ေရာဂါ စစ္ဖို႔ တန္းစီေနၾကသူမ်ား။ (ႏိုဝင္ဘာ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ကပ္ေရာဂါေၾကာင့္ ေသဆံုးသူဟာ ေမလထဲကဆိုရင္ အမ်ားဆံုးအျဖစ္ ဗုဒၶဟူးေန႔က စံခ်ိန္တင္ခဲ့ပါတယ္။ ဗုဒၶဟူးေန႔က ေသဆံုးသူ ၂,၃၀၀ နီးပါး႐ွိခဲ့သလို အတည္ျပဳလူနာသစ္ကလည္း ၂၀၀,၀၀၀ နီးပါး႐ွိခဲ့ပါတယ္။

ကိုဗစ္ေရာဂါေၾကာင့္ ေဆး႐ံုတက္ရသူကလည္း ဗုဒၶဟူးေန႔က ၈၉,၀၀၀ ေက်ာ္ပါတယ္။ ဒီအေရအတြက္ကလည္း စံခ်ိန္တင္ေအာင္မ်ားပါတယ္။ ခုလိုအေျခအေနမွာပဲ အေမရိကန္မွာ ေက်းဇူးေတာ္ေန႔ Thanksgiving ကို ဒီေန႔ဆင္ႏြဲၾကတာမို႔ ကူးစက္မႈေတြ ပိုၿပီး တိုးလာမွာကို က်န္းမာေရးဆိုင္ရာ တာဝန္႐ွိသူေတြ စိုးရိမ္ေနၾကပါတယ္။ ပံုမွန္အားျဖင့္ တေနရာစီ ေရာက္ေနၾကတဲ့ မိသားစုေတြ၊ မိတ္ေဆြ သူငယ္ခ်င္းေတြဟာ Thanksgiving ေန႔မွာ ျပန္လည္ဆံုေတြ႔ စုေဝး စားေသာက္ၾကေလ့႐ွိပါတယ္။

ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာေတာ့ ကိုဗစ္ထိန္းခ်ဳပ္ေရး ကန္႔သတ္ခ်က္ေတြကို ျပည္နယ္တာဝန္႐ွိသူေတြ ထုတ္ျပန္ထားၾကပါတယ္။ ဒါေပမဲ့ New York ျပည္နယ္ထဲက ေရာဂါကူးစက္မႈျမင့္တက္ေနတဲ့ေနရာေတြထဲက ဘာသာေရး အေဆာက္အဦးေတြထဲ လူဦးေရ ကန္႔သတ္ထားခ်က္ကို ျပည္ေထာင္စု တရား႐ံုးခ်ဳပ္က ယာယီ္ဖယ္႐ွားေပးခဲ့ပါတယ္။

Brooklyn နယ္ပယ္ဆိုင္ရာ Roman Catholic ဂိုဏ္းအုပ္ဘုန္းေတာ္ႀကီးတပါးနဲ႔ ဂ်ဴး Orthodox ဝတ္ျပဳေနရာ ၂ ခုတို႔က ျပည္နယ္အစိုးရထုတ္ျပန္ခ်က္ကို ျပည္ေထာင္စုတရား႐ံုးခ်ဳပ္မွာ စိန္ေခၚေလ ွ်ာက္ထားခဲ့တဲ့အေပၚ တရား႐ံုးခ်ဳပ္ တရားသူႀကီး ၉ ေယာက္က ၅ မဲ၊ ၄ မဲနဲ႔ အဆံုးအျဖတ္ေပးခဲ့တာျဖစ္ပါတယ္။

တရား႐ံုးခ်ဳပ္ရဲ႕ ကြန္ဆာေဗးတစ္ တရားသူႀကီးေတြထဲက တရားသူႀကီးခ်ဳပ္ John Roberts ကေတာ့ ကပ္ေရာဂါျဖစ္ေနခ်ိန္မွာ အမ်ားျပည္သူက်န္းမာေရးက ပိုၿပီးအေရးႀကီးတယ္လို႔ဆိုၿပီး ကန္႔ကြက္မဲထည့္ခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ ေလာေလာဆယ္အထိ ကိုဗစ္အတည္ျပဳလူနာ စုစုေပါင္း ၁၂ သန္းေက်ာ္၊ ေသဆံုးသူက ၂၆၀,၀၀၀ ေက်ာ္႐ွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်မှာ ကိုဗစ်ကြောင့် တရက်အတွင်းသေဆုံးသူ စံချိန်တင်တိုး

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူဟာ မေလထဲကဆိုရင် အများဆုံးအဖြစ် ဗုဒ္ဓဟူးနေ့က စံချိန်တင်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က သေဆုံးသူ ၂,၃၀၀ နီးပါးရှိခဲ့သလို အတည်ပြုလူနာသစ်ကလည်း ၂၀၀,၀၀၀ နီးပါးရှိခဲ့ပါတယ်။

ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ရသူကလည်း ဗုဒ္ဓဟူးနေ့က ၈၉,၀၀၀ ကျော်ပါတယ်။ ဒီအရေအတွက်ကလည်း စံချိန်တင်အောင်များပါတယ်။ ခုလိုအခြေအနေမှာပဲ အမေရိကန်မှာ ကျေးဇူးတော်နေ့ Thanksgiving ကို ဒီနေ့ဆင်နွဲကြတာမို့ ကူးစက်မှုတွေ ပိုပြီး တိုးလာမှာကို ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေ စိုးရိမ်နေကြပါတယ်။ ပုံမှန်အားဖြင့် တနေရာစီ ရောက်နေကြတဲ့ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဟာ Thanksgiving နေ့မှာ ပြန်လည်ဆုံတွေ့ စုဝေး စားသောက်ကြလေ့ရှိပါတယ်။

ပြည်နယ်တော်တော်များများမှာတော့ ကိုဗစ်ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ပြည်နယ်တာဝန်ရှိသူတွေ ထုတ်ပြန်ထားကြပါတယ်။ ဒါပေမဲ့ New York ပြည်နယ်ထဲက ရောဂါကူးစက်မှုမြင့်တက်နေတဲ့နေရာတွေထဲက ဘာသာရေး အဆောက်အဦးတွေထဲ လူဦးရေ ကန့်သတ်ထားချက်ကို ပြည်ထောင်စု တရားရုံးချုပ်က ယာယီ်ဖယ်ရှားပေးခဲ့ပါတယ်။

Brooklyn နယ်ပယ်ဆိုင်ရာ Roman Catholic ဂိုဏ်းအုပ်ဘုန်းတော်ကြီးတပါးနဲ့ ဂျူး Orthodox ဝတ်ပြုနေရာ ၂ ခုတို့က ပြည်နယ်အစိုးရထုတ်ပြန်ချက်ကို ပြည်ထောင်စုတရားရုံးချုပ်မှာ စိန်ခေါ်လေ ျှာက်ထားခဲ့တဲ့အပေါ် တရားရုံးချုပ် တရားသူကြီး ၉ ယောက်က ၅ မဲ၊ ၄ မဲနဲ့ အဆုံးအဖြတ်ပေးခဲ့တာဖြစ်ပါတယ်။

တရားရုံးချုပ်ရဲ့ ကွန်ဆာဗေးတစ် တရားသူကြီးတွေထဲက တရားသူကြီးချုပ် John Roberts ကတော့ ကပ်ရောဂါဖြစ်နေချိန်မှာ အများပြည်သူကျန်းမာရေးက ပိုပြီးအရေးကြီးတယ်လို့ဆိုပြီး ကန့်ကွက်မဲထည့်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လောလောဆယ်အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၂ သန်းကျော်၊ သေဆုံးသူက ၂၆၀,၀၀၀ ကျော်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG