သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကူးသူနဲ့ ထိစပ်သူတွေ သီးခြားခွဲစောင့်ကြည့်ရက်လေ ျှာ့ချဖို့ ကန် CDC စဉ်းစားနေ


Illinois ပြည်နယ် Chicago မြို့မှာ တွေ့ရတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၁၈၊ ၂၀၂၀)
Illinois ပြည်နယ် Chicago မြို့မှာ တွေ့ရတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 အတည်ပြုလူနာတွေနဲ့ ထိတေ့ွမိခဲ့သူတွေ သီးခြားခွဲနေရမယ့် သတ်မှတ်ရက်ကို လေ ျှာ့ချဖို့ အမေရိကန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန CDC က စဉ်းစားနေပါတယ်။ လက်ရှိထုတ်ပြန်ထားတဲ့ အကြံပြုချက်အရ ၁၄ ရက်သီးခြားခွဲနေဖို့ သတ်မှတ်ထားတာပါ။ ဒါပေမဲ့ အဲဒီလို သီးခြားခွဲနေသူမှာ ကိုဗစ်ရောဂါ မရှိဘူးလို့ စစ်ဆေးတွေ့ရင် ခွဲနေရတဲ့ အချိန်ကာလကို လေ ျှာ့လိုက်နိုင်တယ်လို့ တာဝန်ရှိသူတယောက်က အင်္ဂါနေ့က ပြောကြားပါတယ်။ ဒါပေမဲ့ ဘယ်နှရက် လေ ျှာ့လိုက်မှာလဲဆိုတာကိုတော့ သူက အတိအကျ မပြောပါဘူး။

တချိန်ထဲမှာပဲ ကိုဗစ်ရောဂါကာကွယ်ဆေးကို သုံးဖို့ စိတ်ချရပြီဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ထွက်လာတာနဲ့ ကာကွယ်ဆေး ပထမအသုတ်ကို မြန်မြန်ဆန်ဆန် ဖြန့်ဝေနိုင်ဖို့ အမေရိကန်အစိုးရက ကြိုးစားနေပါတယ်။ ဒီဇင်ဘာလ မကုန်ခင် ကုမ္ပဏီ နှစ် ခုက ထုတ်လုပ်တဲ့ ကာကွယ်ဆေး သန်း ၄၀ ရရှိနိုင်မယ်လို့ အစိုးရဲ့ ကိုဗစ်ကာကွယ်ဆေးဆိုင်ရာ အထူးအဖွဲ့ Operation Warp Speed ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အရာရှိချုပ် ဗိုလ်ချုပ်ကြီး Gustave Perna က သတင်းထောက်တွေကို အင်္ဂါနေ့က ပြောကြားပါတယ်။

Pfizer ဆေးကုမ္ပဏီက ထုတ်မယ့် ကိုဗစ်ကာကွယ်ဆေးတွေကို အရေးပေါ် ခွင့်ပြုချက် ပေး မပေးဆိုတာကို အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာန FDA က ဒီဇင်ဘာ ၁၀ ရက်မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ Moderna ကုမ္ပဏီကလည်း သူတို့ရဲ့ ကာကွယ်ဆေးကို အရေးပေါ်ခွင့်ပြုချက်ပေးဖို့ မကြာခင်လေ ျှာက်ထားမယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီဆေး ၂ မျိုးလုံး စမ်းသပ်တဲ့ ကနဦးရလဒ်တွေအရ ၉၀% ကျော် ထိရောက်ပုံရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG