သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း COVID ကူးစက်မှု ၅၉ သန်းရှိလာပြီ


(Zawgyi/Unicode)

Johns Hopkins တက္ကသိုလ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ကမ္ဘာတဝှမ်း လူပေါင်း ၅၉ သန်းကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။ ကမ္ဘာမှာ COVID-19 အဆိုးဆုံးနိုင်ငံစာရင်း ထိပ်ဆုံးမှာရှိနေတဲ့ အမေရိကန်မှာ ကူးစက်ခံထားရသူပေါင်း ၁၂.၄ သန်းကျော်ရှိနေပြီး၊ သူ့ရဲ့ နောက်မှာ အိန္ဒိိယက ၉ .၁ သန်းနဲ့ ဘရာဇီးလ်မှာ ၆ သန်းရှိနေပါတယ်။

ကမ္ဘာမှာ ဗိုင်းရပ်စ်ကြောင့်လူပေါင်း ၁.၄ သန်းသေဆုံးခဲ့ပြီး အဲဒီထဲက၂၅၅,၀၀၀ ကျော်ဟာ အမေရိကန်ပြည်ထောင်စုကဖြစ်ပါတယ်။

ဒီအတောအတွင်း နိုင်ငံရပ်ခြားကနေ လာတဲ့ ခရီးသွားတွေအနေနဲ့ ရောက်ရှိတဲ့ အချိန်မှာ COVID-19 ကူးစက်ခံရမှု ရှိမရှိ စောင့်ကြည့်စစ်ဆေးဖို့ ရက်အနည်းငယ်ကြာပဲ သီးသန့်ခွဲနေထိုင်ရဖို့ ရှိနိုင်ကြောင်း ဗြိတိန်အစိုးရက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

လက်ရှိ စည်းမျဉ်းစည်းကမ်းတွေအရ ၁၄ရက်ကြာ Quarantine သီးသန့်ခွဲနေဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလ ၁၅ ရက်က စပြီး ခရီးသွားတွေအနေနဲ့ ငါးရက်ကြာပြီးနောက် ကိုဗစ်ရှိမရှိ ပိုက်ဆံပေး စစ်ဆေးပြီးတော့ ကူးစက်မှုမရှိဘူးဆိုရင် သီးသန့်ခွဲနေထိုင်တာကို အဆုံးသတ်လို့ ရသွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)





XS
SM
MD
LG