သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ခံသမၼတ Biden ကို COVID-19 တိုက္ဖ်က္မႈဖလွယ္ေရး နယူးဇီလန္ ဝန္ႀကီးခ်ဳပ္ Ardern ကမ္းလွမ္း


နယူးဇီလန္ဝန္ႀကီးခ်ဳပ္ Ardern က အေမရိကန္ေရြးေကာက္ခံသမၼတ Joe Biden နဲ႔ ဖုန္းေျပာေနသည့္ျမင္ကြင္း

{{Zawgyi/Unicode}}

COVID-19 တိုက္ဖ်က္ေရးေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္ခဲ့တဲ့ ကမၻာ့ႏိုင္ငံစာရင္းေတြထဲ ထိပ္ဆံုးမွာရွိေနတဲ့ နယူးဇီလန္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ Ardern နဲ႔ အေမရိကန္ ေရြးေကာက္ခံ သမၼတ ဂ်ဳိးဘိုင္ဒန္တို႔ တယ္လီဖုန္းနဲ႔ ဆက္သြယ္စကားေျပာဆိုမႈမွာ COVID-19 တိုက္ဖ်က္ေရးနဲ႕အတူ ေဒသတြင္းအျခားစိန္ေခၚမႈေတြကို ပူးေပါင္းေဆာင္ရြက္မယ့္အေၾကာင္း ကိုေအာင္ျမတ္သူ က တင္ျပထားပါတယ္။

Biden-Harris အာဏာလြွဲေျပာင္းရယူေရးအဖြဲ ့က ျပီးခဲ့တဲ့ တနဂၤေႏြေန ့က ထုတ္ျပန္ခ်က္အရ ေရြးေကာက္ခံသမၼတ Joe Biden ကို နယူးဇီလန္၀န္ၾကီးခ်ဳပ္ Jacinda Ardern က ၀မ္းေျမာက္ေၾကာင္းတယ္လီဖုန္းနဲ ့ဆက္သြယ္ေျပာၾကားရာမွာ Covid-19 နဲ ့ပက္သက္တဲ့ ကိစၥရပ္ေတြအပါအ၀င္ အျခားကိစၥရပ္ေတြလည္းေဆြးေႏြးခဲ့တယ္လို႔ ေဖၚျပထားပါတယ္။ လက္ရွိ သမၼတ ထရမ့္က ေရြးေကာက္ပြဲ ရွဳံးနိမ့္မွုအပါ၀င္ Covid-19 နဲ ့ပက္သက္တဲ့ စိန္ေခၚမွုေတြကို ျငင္းဆန္ေနခ်ိန္မွာ အခုလို နယူးဇီလန္ ဝန္ၾကီးခ်ဳပ္ရဲ့ တယ္လီဖုန္းေခၚဆိုမွုဟာ Joe Biden ကို ကမၻာ့ေခါင္းေဆာင္စာရင္းထဲ ထည့္သြင္းလိုက္တာမ်ိဴးလည္းျဖစ္ပါတယ္။

ဘိုင္ဒန္အဖဲြ႔ရဲ႕ ေၾကညာခ်က္မွာေတာ့- နယူးဇီလန္ဝန္ၾကီးခ်ဳပ္ရဲ့ အသိအမွတ္ျပဳမွုကို ေက်းဇူးတင္ေၾကာင္းအပါအဝင္ သူမရဲ့ ထပ္မံေရြးခ်ယ္ခံရမွုအေပၚမွာလည္း ဝမ္းေျမာက္ဂုဏ္ယူေၾကာင္းနဲ႔ နယူးဇီလန္နိုင္ငံနဲ ့ မိတ္ဖက္အျဖစ္ အဓြန္ ့ရွည္လိုေၾကာင္း ေဖာ္ျပထားပါတယ္။

၀န္ၾကီးခ်ဳပ္ Ardern ကိုယ္တိုင္လည္း ျပီးခဲ့တဲ့ ေအာက္တိုဘာလ နယူးဇီးလန္ ေရြးေကာက္ပဲြမွာ ျပန္ၿပီး အႏိုင္ရခဲ့သူျဖစ္ပါတယ္။ ေခါင္းေဆာင္ႏွစ္ဦး တယ္လီဖုန္းစကားေျပာဆိုခ်က္ထဲမွာ တကမၻာလံုး ရင္ဆိုင္ေနရတဲ့ COVID-19 ကပ္ေရာဂါအပါအဝင္ နိုင္ငံစံု၀ါဒ ျပန္လည္ေတာင့္တင္းခိုင္မာေရး၊ ဒီမိုကေရစီ အားေကာင္းလာေရး၊ ေဒသတြင္းလံုျခံဳေရး ဆက္လက္ထိန္းသိမ္းဖို႔နဲ႔ အင္ဒို-ပစိဖိတ္ေဒသ အက်ိဴးျဖစ္ထြန္းေစေရးတို႔ ့အတြက္ နယူးဇီလန္နုိင္ငံနဲ ့ နီးနီးကပ္ကပ္ လုပ္ေဆာင္တာမ်ိဴးကို ေရွးရွဴေၾကာင္း ဂ်ုိးဘိုင္ဒန္က ေျပာၾကားခဲ့တယ္လို႔ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

၀န္ၾကီးခ်ဳပ္ Ardern ကလည္း ကိုရိုနာဗိုင္းရပ္စ္ကုသျခင္းနဲ ့ပက္သက္တဲ့ သူ႔ တိုင္းျပည္ရဲ့ က်ြမ္းက်င္မွုေတြကို မွ်ေ၀ေပးလိုေၾကာင္း ျပန္လည္ေျပာၾကားခဲ့ပါတယ္။

Joe Biden အားဖုန္းေခၚဆိုျပီးေနာက္ ၀န္ၾကီးခ်ဳပ္ Ardern က သတင္းေထာက္ေတြကို ေျပာၾကားရာမွာ- Biden နဲ႔ သူတို႔ ႏွစ္ဦး စကားေျပာဆိုမွုဟာ ေႏြးေႏြးေထြးေထြးရွိျပီး Biden က နယူးဇီလန္နိုင္ငံအေနနဲ ့ ကပ္ေရာဂါကို ကိုင္တြယ္တာကို သူအလြန္ နွစ္သက္ေၾကနပ္မွုရွိေၾကာင္း ေျပာခဲ့တယ္လို ့ဆိုပါတယ္။

နယူးဇီလန္နိင္ငံဟာ ကမၻာေပၚမွာ COVID-19 တိုက္ဖ်က္ေရးမွာ အေအာင္ျမင္ဆံုးနိုင္ငံေတြထဲက တခုျဖစ္ပါတယ္။
တင္းၾကပ္တဲ့သြားလာမွုကန္႔သပ္ခ်က္ေတြနဲ ့ နယ္စပ္၀င္ေရာက္မွုေတြ ကို ပိတ္ပင္ခဲ့တာေၾကာင့္ နယူးဇီလန္မွာ COVID-19 လူနာ ၂၀၀၀ေက်ာ္နဲ ့ ေသဆံုးသူ ၂၅ ဦးသာရွိခဲ့တာပါ။

ဆက္လက္ျပီး Ardern က Biden အေနနဲ ့နယူးဇီလန္ရဲ့ COVID-19 နဲ ့ပက္သက္ျပီး ေနာက္ထပ္တံု ့ျပန္မွုေတြကို ဆက္လက္ ေဆြးေႏြးလိုျပီး သူမအေနနဲ ့ကေတာ့ နိုင္ငံတနိုင္ငံကို အစစအရာရာ ပံုတူကူးယူဖို ့ မျဖစ္နုိင္ေၾကာင္း သတိျပဳမိခဲ့တယ္လို ့ဆိုပါတယ္။

“ နယူးဇီလန္မွာ ဗိုင္းရပ္စ္ပိုးကို ထိန္းခ်ဳပ္ဖို ့သဘာ၀တရားၾကီးက ေပးထားတဲ့ အားသာခ်က္ေတြ အမ်ားၾကီးရွိပါတယ္။ နိုင္ငံတကာပူးေပါင္းေဆာင္ရြက္မွုဟာ လံုး၀အဓိကက်တဲ့ ေသာ့ခ်က္တခုျဖစ္ျပီး က်မတို ့ဟာ ဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ အသံုး၀င္မယ့္ အခ်က္အလက္နဲ ့ အသိပညာေတြကို ဘယ္နိုင္ငံနဲ ့မဆို မွ်ေ၀ခ်င္ပါတယ္” လို ့ေျပာသြားတာပါ။

သူ နဲ ့ Biden တို ့ဟာ ကုန္သြယ္ေရးဆိုင္ရာ ကိစၥရပ္ေတြကို လည္းေဆြးေႏြးခဲ့ၾကပါတယ္လို ့ Ardern ကေျပာပါတယ္။

Biden အဖြဲ ့ကထုတ္တဲ့ ေၾကျငာခ်က္ထဲမွာကေတာ့ Ardern ဟာ ၂၀၁၉ အတြင္း ခရစ္ယာန္ဘုရားေက်ာင္းနွစ္ခုနဲ ့ ဗလီေတြမွာ လူအေျမာက္အမ်ားေသဆံုးေစခဲ့တဲ့ ပစ္ခတ္မွု ၂ ခု ကို ကိုင္တြယ္ေျဖရွင္းရာမွာ သူမတူတဲ့ ဦးေဆာင္မွုေပးခဲ့သူ၊ အလုပ္လုပ္ရင္း သားသမီးေတြကို ျပဳစုေစာင့္ေရွာက္ႏိုင္တဲ့ စံျပမိခင္တဦး အျဖစ္ Biden က ခ်ီးက်ဴးေျပာဆိုခဲ့တယ္လို႔ ေဖၚျပထားပါတယ္။

လက္ရွိအေျခအေနမွာေတာ့ ေရြးေကာက္ခံသမၼတ Biden ကို အာဏာလဲႊေျပာင္းေရး ပူးေပါင္းလုပ္ေဆာင္ဖို႔ သမၼတ ထရမ့္က ျငင္းဆိုထားသလို၊ သူ႔အစိုးရအဖဲြ႔ကိုလည္း ပူးေပါင္းေဆာင္ရြက္တာေတြမလုပ္ဖို႔ တားျမစ္ထားပါတယ္။

...................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

COVID-19 တိုက်ဖျက်ရေးအောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံစာရင်းတွေထဲ ထိပ်ဆုံးမှာရှိနေတဲ့ နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Ardern နဲ့ အမေရိကန် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒန်တို့ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောဆိုမှုမှာ COVID-19 တိုက်ဖျက်ရေးနဲ့အတူ ဒေသတွင်းအခြားစိန်ခေါ်မှုတွေကို ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း ကိုအောင်မြတ်သူ က တင်ပြထားပါတယ်။

Biden-Harris အာဏာလွှဲပြောင်းရယူရေးအဖွဲ့က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်အရ ရွေးကောက်ခံသမ္မတ Joe Biden ကို နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က ဝမ်းမြောက်ကြောင်းတယ်လီဖုန်းနဲ့ဆက်သွယ်ပြောကြားရာမှာ Covid-19 နဲ့ပက်သက်တဲ့ ကိစ္စရပ်တွေအပါအဝင် အခြားကိစ္စရပ်တွေလည်းဆွေးနွေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ လက်ရှိ သမ္မတ ထရမ့်က ရွေးကောက်ပွဲ ရှုံးနိမ့်မှုအပါဝင် Covid-19 နဲ့ပက်သက်တဲ့ စိန်ခေါ်မှုတွေကို ငြင်းဆန်နေချိန်မှာ အခုလို နယူးဇီလန် ဝန်ကြီးချုပ်ရဲ့ တယ်လီဖုန်းခေါ်ဆိုမှုဟာ Joe Biden ကို ကမ္ဘာ့ခေါင်းဆောင်စာရင်းထဲ ထည့်သွင်းလိုက်တာမျိူးလည်းဖြစ်ပါတယ်။

ဘိုင်ဒန်အဖွဲ့ရဲ့ ကြေညာချက်မှာတော့- နယူးဇီလန်ဝန်ကြီးချုပ်ရဲ့ အသိအမှတ်ပြုမှုကို ကျေးဇူးတင်ကြောင်းအပါအဝင် သူမရဲ့ ထပ်မံရွေးချယ်ခံရမှုအပေါ်မှာလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်းနဲ့ နယူးဇီလန်နိုင်ငံနဲ့ မိတ်ဖက်အဖြစ် အဓွန့်ရှည်လိုကြောင်း ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် Ardern ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ အောက်တိုဘာလ နယူးဇီးလန် ရွေးကောက်ပွဲမှာ ပြန်ပြီး အနိုင်ရခဲ့သူဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦး တယ်လီဖုန်းစကားပြောဆိုချက်ထဲမှာ တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ COVID-19 ကပ်ရောဂါအပါအဝင် နိုင်ငံစုံဝါဒ ပြန်လည်တောင့်တင်းခိုင်မာရေး၊ ဒီမိုကရေစီ အားကောင်းလာရေး၊ ဒေသတွင်းလုံခြုံရေး ဆက်လက်ထိန်းသိမ်းဖို့နဲ့ အင်ဒို-ပစိဖိတ်ဒေသ အကျိူးဖြစ်ထွန်းစေရေးတို့အတွက် နယူးဇီလန်နိုင်ငံနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်တာမျိူးကို ရှေးရှူကြောင်း ဂျိုးဘိုင်ဒန်က ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် Ardern ကလည်း ကိုရိုနာဗိုင်းရပ်စ်ကုသခြင်းနဲ့ပက်သက်တဲ့ သူ့ တိုင်းပြည်ရဲ့ ကျွမ်းကျင်မှုတွေကို မျှဝေပေးလိုကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

Joe Biden အားဖုန်းခေါ်ဆိုပြီးနောက် ဝန်ကြီးချုပ် Ardern က သတင်းထောက်တွေကို ပြောကြားရာမှာ- Biden နဲ့ သူတို့ နှစ်ဦး စကားပြောဆိုမှုဟာ နွေးနွေးထွေးထွေးရှိပြီး Biden က နယူးဇီလန်နိုင်ငံအနေနဲ့ ကပ်ရောဂါကို ကိုင်တွယ်တာကို သူအလွန် နှစ်သက်ကြေနပ်မှုရှိကြောင်း ပြောခဲ့တယ်လို့ဆိုပါတယ်။

နယူးဇီလန်နိင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 တိုက်ဖျက်ရေးမှာ အအောင်မြင်ဆုံးနိုင်ငံတွေထဲက တခုဖြစ်ပါတယ်။
တင်းကြပ်တဲ့သွားလာမှုကန့်သပ်ချက်တွေနဲ့ နယ်စပ်ဝင်ရောက်မှုတွေ ကို ပိတ်ပင်ခဲ့တာကြောင့် နယူးဇီလန်မှာ COVID-19 လူနာ ၂၀၀၀ကျော်နဲ့ သေဆုံးသူ ၂၅ ဦးသာရှိခဲ့တာပါ။

ဆက်လက်ပြီး Ardern က Biden အနေနဲ့နယူးဇီလန်ရဲ့ COVID-19 နဲ့ပက်သက်ပြီး နောက်ထပ်တုံ့ပြန်မှုတွေကို ဆက်လက် ဆွေးနွေးလိုပြီး သူမအနေနဲ့ကတော့ နိုင်ငံတနိုင်ငံကို အစစအရာရာ ပုံတူကူးယူဖို့ မဖြစ်နိုင်ကြောင်း သတိပြုမိခဲ့တယ်လို့ဆိုပါတယ်။

“ နယူးဇီလန်မှာ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ဖို့သဘာဝတရားကြီးက ပေးထားတဲ့ အားသာချက်တွေ အများကြီးရှိပါတယ်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဟာ လုံးဝအဓိကကျတဲ့ သော့ချက်တခုဖြစ်ပြီး ကျမတို့ဟာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အသုံးဝင်မယ့် အချက်အလက်နဲ့ အသိပညာတွေကို ဘယ်နိုင်ငံနဲ့မဆို မျှဝေချင်ပါတယ်” လို့ပြောသွားတာပါ။

သူ နဲ့ Biden တို့ဟာ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို လည်းဆွေးနွေးခဲ့ကြပါတယ်လို့ Ardern ကပြောပါတယ်။

Biden အဖွဲ့ကထုတ်တဲ့ ကြေငြာချက်ထဲမှာကတော့ Ardern ဟာ ၂၀၁၉ အတွင်း ခရစ်ယာန်ဘုရားကျောင်းနှစ်ခုနဲ့ ဗလီတွေမှာ လူအမြောက်အများသေဆုံးစေခဲ့တဲ့ ပစ်ခတ်မှု ၂ ခု ကို ကိုင်တွယ်ဖြေရှင်းရာမှာ သူမတူတဲ့ ဦးဆောင်မှုပေးခဲ့သူ၊ အလုပ်လုပ်ရင်း သားသမီးတွေကို ပြုစုစောင့်ရှောက်နိုင်တဲ့ စံပြမိခင်တဦး အဖြစ် Biden က ချီးကျူးပြောဆိုခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

လက်ရှိအခြေအနေမှာတော့ ရွေးကောက်ခံသမ္မတ Biden ကို အာဏာလွဲှပြောင်းရေး ပူးပေါင်းလုပ်ဆောင်ဖို့ သမ္မတ ထရမ့်က ငြင်းဆိုထားသလို၊ သူ့အစိုးရအဖွဲ့ကိုလည်း ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့ တားမြစ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG