သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကူးစက်မှုကာကွယ်ရေး နယူးဇီလန်တပ်တွေ တိုးချ


(Zawgyi/Unicode)

နယူးဇီလန်နိုင်ငံထဲကို ဝင်ရောက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိနိုင်တဲ့လူတွေ ဆီကနေ ကူးစက်မှုကို တားဆီးဖို့အတွက် နိုင်ငံတွင်း ဝင်ပေါက်တွေနဲ့ quarantine လုပ်ထားတဲ့ နေရာတွေမှာ တပ်သား ၅၀၀ လောက်ချထားမှာ ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

တပ်သား ၅၀၀ ထပ်ချထားလိုက်တာကြောင့် ကိုဗစ် ၁၉ တုန့်ပြန်ရေး အထောက်အကူအဖြစ် ချထားတဲ့ တပ်သား ဦးရေဟာ ၁၂၀၀ ရှိသွားပြီး ဒါဟာ သက္ကရာဇ် ၂၀၀၀ အစောပိုင်းကာလ Timor-Leste အတွက် ငြိမ်းချမ်းရေးထိန်းတပ်တွေ စေလွှတ်ပေးခဲ့ချိန်ကစပြီး နယူးဇီလန်နိုင်ငံမှာ တပ်အင်အား အများဆုံး သုံးတာဖြစ်ကြောင်း အစိုးရ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခု ချထားလိုက်တဲ့ တပ်သားတွေရဲ့ အဓိက လုပ်ငန်းတွေထဲက တခုကတော့ လူအများသွားလာတဲ့ နေရာတွေက အဝင်အထွက်အပေါက်တွေလို အန္တရာယ်သိပ်ကြီးတဲ့ နေရာတွေမှာ စောင့်ရတဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတွေ နေရာမှာ ကာကွယ်ရေးဝန်ထမ်းတွေ အစားထိုးတာဝန်ချထားဖို့ဖြစ်ကြောင်း ဝန်ကြီးချုပ် Ardern က Wellington မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နယူးဇီလန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ကိုဗစ် ၁၉ အကူးစက်ခံရသူ နောက်ထပ် ၆ ယောက် ရှိနေပြီး ဒီအထဲက တဦးဟာ ကာတာနိုင်ငံကနေ သြဂုတ်လ ၁၄ ရက်က ပြန်လာသူ အမျိုးသမီးတဦး ဖြစ်ကြောင်း ကျန်းမာရေးဌာန အကြီးအကဲ Ashley Bloomfield က ပြောပါတယ်။ သူမကို ဟော်တယ်တခုမှာ သီးခြားခွဲ နေထိုင်စေခဲ့ပေမယ့် Auckland က quarantine ထားတဲ့ နေရာကို ရွှေ့ပေးခဲ့ကြောင်းနဲ့ ကျန် ၅ ယောက်ကတော့ လက်ရှိ Auckland က ဒီရောဂါ ဖြစ်သူတွေနဲ့ ဆက်နွယ်မှု ရှိကြောင်း ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ နယူးဇီလန်ဟာ တခြားနိုင်ငံတွေထက် အခြေနေကောင်း ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ Auckland မှာ ဒီရောဂါအကူးစက် ခံရသူအရေအတွက် ချက်ချင်းတိုးလာတာကြောင့် အစိုးရက ပိတ်ပင်တားဆီးမှု အဆင့် ၃ ချထားလိုက်ပြီး တခြားမြို့ရွာတွေ အတွက်လည်း လူချင်းခပ်ခွါခွါနေဖို့ စည်းမျဉ်းတွေ ထုတ်ပြန်လိုက်ပါတယ်။

နယူးဇီလန်မှာ ဒီရောဂါ ဖြစ်ပွားသူ တထောင့် သုံးရာလောက်ရှိပြီး သေဆုံးရသူက ၂၂ ယောက်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)







XS
SM
MD
LG