သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန်မီးတောင် ရုတ်တရက်ပေါက်ကွဲမှု ၅ ဦးထက်မနည်းသေဆုံး


(Zawgyi/Unicode)

New Zealand နိုင်ငံက မီးတောင်ရှင်ဖြစ်တဲ့ White Island မီးတောင်ကျွန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ရုတ်တရက် မီးတောင်ပေါက်ကွဲခဲ့လို့ ၅ ယောက်ထက်မနည်း သေဆုံးပြီး ၂၀ လောက် ထိခိုက်ဒဏ်ရာ ရသွားပါတယ်။

နိုင်ငံရဲ့ အဓိက ကျွန်းကြီး ၁ ခုဖြစ်တဲ့ North Island ကျွန်းကြီးရဲ့ကမ်းလွန်မှာ White Island မီးတောင်တည်ရှိတာဖြစ်ပြီး မီးတောင် မပေါက်ခင် မီးတောင်ဝနားအထိ ကမ္ဘာလှည့်ခရီးသည် တချို့သွားကြည့်ခဲ့ကြတာပါ။

ပျောက်ဆုံးနေသူတချို့ရှိနေသေးတာမို့ သေဆုံးသူတိုးလာနိုင်တယ်လို့ New Zealand ဒုရဲမင်းကြီး John Tims က Wellington မြို့တော်မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မီးတောင်ပေါက်တဲ့ ကျွန်းပေါ်မှာ ဘယ်နှယောက် အတိအကျ ရှိတယ်ဆိုတာ မပြောနိုင်ပေမဲ့ ၁၀ ဂဏန်းလောက် ရှိမယ်လို့ ခန့်မှန်းကြောင်း ဒုရဲချုပ် Tims ကပြောပါတယ်။

နိုင်ငံတကာက ကမ္ဘာလှည့် ခရီးသည်တွေဖြစ်ကြပြီး တချို့က Royal Caribbean သင်္ဘောလိုင်းရဲ့ Ovation of the Seas ဇိမ်ခံသင်္ဘောကြီးပေါ်က ဧည့်သည်တွေဖြစ်ကြတယ်လို့ ပြောပါတယ်။

ရဲနဲ့ကူညီကယ်ဆယ်ရေးတွေအနေနဲ့ အဲဒီနေရာသွားဖို့ အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ ဒုရဲမင်ကြီးက ပြောပါတယ်။

အသက်ဘေးကလွတ်လာသူ ၁၈ ယောက်မှာ အများစုက ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပြီး တချို့ကမီးလောင်ဒဏ်ရာ ဆိုးဆိုးဝါးဝါး ရထားကြပါတယ်။ သူတို့ကို အဲဒီဒေသမှာရှိတဲ့ ဆေးရုံတွေမှာ ကုသပေးနေပါတယ်။

Whakaari လို့ ဒေသခံတွေခေါ်ကြတဲ့ White Island မီးတောင်ကျွန်းပေါ်မှာ မီးတောင်ပေါက်ချိန်က လူ ၅၀ လောက် ရှိမယ်လို့ အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူတွေကတော့ ပြောပါတယ်။

North Island ကျွန်းရဲ့ အရှေ့ဘက် ကီလိုမီတာ ၅၀ လောက်မှာတည်ရှိတဲ့ တောင် Pacific သမုဒ္ဒရာထဲက White Island မီးတောင်ရှင်ကြီးဟာ ပင်လယ်ထဲကနေ ထိုးထွက်နေတဲ့ ကျွန်းကြီးတခုလိုဖြစ်နေပြီး ကမ္ဘာလှည့်ခရီးသည်တွေ အသွားများကြတဲ့ နေရာတခု ဖြစ်ပါတယ်။

နယူးဇီလန်မီးတောင် ရုတ်တရက်ပေါက်ကွဲမှု ၅ ဦးထက်မနည်းသေဆုံး
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]






ရဲနဲ့ကူညီကယျဆယျရေးတှအေနနေဲ့ အဲဒီနရောသှားဖို့ အန်တရာယျရှိနဆေဲဖွဈတယျလို့ ဒုရဲမငျကွီးက ပွောပါတယျ။




XS
SM
MD
LG