သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာကြယ္ေဆး က်ယ္က်ယ္ျပန္႔ျပန္႔ရေရး G-20 ထိပ္သီးေတြ ကတိျပဳ


G-20 ထိပ္သီးအစည္းအေဝးကို အြန္လုိင္းကေန တက္ေရာက္ေဆြးေႏြးတဲ့ ကမၻာ့ေခါင္းေဆာင္မ်ား။ (ႏုိဝင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻ႔စီးပြားေရးအင္အားႀကီး ႏိုင္ငံေတြရဲ႕ G-20 ထိပ္သီးအစည္းအေဝး ပိတ္ပြဲေန႔ျဖစ္တဲ့ တနဂၤေႏြေန႔မွာ ကမာၻတလႊား လူတိုင္းအတြက္ COVID-19 ကာကြယ္ေဆးရေအာင္ တတ္စြမ္းသမွ် လုပ္ေဆာင္ၾကဖုိ႔ ကတိျပဳခဲ့ၾကပါတယ္။

COVID-19 ေရာဂါနဲ႔ပတ္သက္ၿပီး ကာကြယ္ေဆးေတြ၊ ေရာဂါရွိမရွိ စမ္းသပ္စစ္ေဆးမႈေတြနဲ႔ ကုသေရးဆိုင္ရာေတြမွာ လူသားအားလံုး ေစ်းႏႈန္းတတ္ႏိုင္ၿပီး တန္းတူညီမွ် ရရွိေအာင္ အတတ္ႏို္င္ဆံုး ႀကိဳးစားသြားမွာျဖစ္ေၾကာင္း အဖြဲ႔ဝင္ႏုိင္ငံေတြ သေဘာတူခဲ့ၾကတာပါ။

အခုလိုလုပ္ေဆာင္ဖုိ႔ ထိပ္သီးအစည္းအေဝး စတင္တဲ့ စေနေန႔က ဒီအစည္းအေဝးကို ဦးေဆာင္က်င္းပတဲ့ ေဆာ္ဒီအာေရဗ်ဘုရင္ Salman က အဖြင့္မိန္႔ခြန္းမွာ ပန္ၾကားခဲ့တာပါ။

၂ ရက္ၾကာက်င္းပတဲ့ ဒီအစည္းအေဝးမွာ COVID-19 ဆိုင္ရာ ကိစၥရပ္ေတြအျပင္ ဥတုရာသီ ေျပာင္းလဲမႈဆိုင္ရာေတြကိုပါ ေဆြးေႏြးခဲ့ၾကတာပါ။

တနဂၤေႏြေန႔ အစည္းအေဝးကို အေမရိကန္သမၼတ Donald Trump လည္း တက္ေရာက္ခဲ့ၿပီး ဥတုရာသီေျပာင္းလဲမႈ ေလွ်ာ့ခ်ႏိုင္ေရးဆိုုင္ရာ ႏိုင္ငံတကာပါဝင္တဲ့ ပါရီသေဘာတူညီခ်က္ကေန အေမရိကန္ ဘာေၾကာင့္ ႏုတ္ထြက္ရတယ္ဆိုတာကို ခုခံ ေျပာၾကားခဲ့ပါတယ္။

အေမရိကန္အလုပ္သမားေတြကို အကာအကြယ္ေပးဖို႔အတြက္ တရားမွ်တမႈမရွိဘဲ တဖက္သတ္ဆန္တဲ့ ပါရီ ဥတုရာသီဆိုင္ရာ သေဘာတူစာခ်ဳပ္ကေန အေမရိကန္ ႏုတ္ထြက္ခဲ့ေၾကာင္း၊ ဒီစာခ်ဳပ္ဟာ အေမရိကန္စီးပြားေရးကို ထိခိုက္ေစႏိုင္ၿပီး သန္းနဲ႔ခ်ီတဲ့ အေမရိကန္ေတြ အလုပ္အကိုင္ ဆုံး႐ႈံးမွာကို မလိုလားတဲ့အတြက္ ႏုတ္ထြက္ရေၾကာင္း ေျပာသြားတာပါ။

သူ သမၼတတာဝန္ယူထားခ်ိန္မွာ အေမရိကန္ႏုိင္ငံတြင္း ေလထုသန္႔စင္မႈဟာ အရင္ကထက္ ၇ ရာခုိင္ႏႈန္း ပိုမ်ားလာတယ္လုိ႔ အေထာက္အထားမျပဘဲ ေျပာၾကားခဲ့ပါတယ္။

အီးယူ ဥေရာပသမဂၢကေတာ့ ေနာက္တက္လာမယ့္ အေမရိကန္ အစိုးရသစ္ အေနနဲ႔ ပါရီ သေဘာတူညီခ်က္ထဲ ျပန္ဝင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း အစည္းအေဝး မက်င္းပခင္က ေျပာၾကားခဲ့တာပါ။

ကမာၻ႔လူဦးေရရဲ႕ ၃ ပံု ၁ ပံုရွိၿပီး ကမာၻ႔စီးပြားေရးလုပ္ငန္း အားလံုးရဲ႕ ၈၀ ရာခုိင္ႏႈန္းရွိတဲ့ G-20 အဖြဲ႔ထဲမွာ အေမရိကန္နဲ႔ အီးယူ ဥေရာပသမဂၢအျပင္ ကေနဒါ၊ မကၠဆီကို၊ ေတာင္အာဖရိက၊ ေဆာ္ဒီအာေရဗ်၊ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ႐ုရွား၊ တူရကီနဲ႔ တ႐ုတ္၊ ဂ်ပန္၊ အင္ဒိုနီးရွား၊ အိႏၵိယနဲ႔ ေတာင္ကိုရီးယား ႏိုင္ငံေတြလည္း ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

COVID-19 ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့်ရရေး G-20 ထိပ်သီးတွေ ကတိပြု

ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံတွေရဲ့ G-20 ထိပ်သီးအစည်းအဝေး ပိတ်ပွဲနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ကမ္ဘာတလွှား လူတိုင်းအတွက် COVID-19 ကာကွယ်ဆေးရအောင် တတ်စွမ်းသမျှ လုပ်ဆောင်ကြဖို့ ကတိပြုခဲ့ကြပါတယ်။

COVID-19 ရောဂါနဲ့ပတ်သက်ပြီး ကာကွယ်ဆေးတွေ၊ ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေနဲ့ ကုသရေးဆိုင်ရာတွေမှာ လူသားအားလုံး ဈေးနှုန်းတတ်နိုင်ပြီး တန်းတူညီမျှ ရရှိအောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာဖြစ်ကြောင်း အဖွဲ့ဝင်နိုင်ငံတွေ သဘောတူခဲ့ကြတာပါ။

အခုလိုလုပ်ဆောင်ဖို့ ထိပ်သီးအစည်းအဝေး စတင်တဲ့ စနေနေ့က ဒီအစည်းအဝေးကို ဦးဆောင်ကျင်းပတဲ့ ဆော်ဒီအာရေဗျဘုရင် Salman က အဖွင့်မိန့်ခွန်းမှာ ပန်ကြားခဲ့တာပါ။

၂ ရက်ကြာကျင်းပတဲ့ ဒီအစည်းအဝေးမှာ COVID-19 ဆိုင်ရာ ကိစ္စရပ်တွေအပြင် ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာတွေကိုပါ ဆွေးနွေးခဲ့ကြတာပါ။

တနင်္ဂနွေနေ့ အစည်းအဝေးကို အမေရိကန်သမ္မတ Donald Trump လည်း တက်ရောက်ခဲ့ပြီး ဥတုရာသီပြောင်းလဲမှု လျှော့ချနိုင်ရေးဆိုင်ရာ နိုင်ငံတကာပါဝင်တဲ့ ပါရီသဘောတူညီချက်ကနေ အမေရိကန် ဘာကြောင့် နုတ်ထွက်ရတယ်ဆိုတာကို ခုခံ ပြောကြားခဲ့ပါတယ်။

အမေရိကန်အလုပ်သမားတွေကို အကာအကွယ်ပေးဖို့အတွက် တရားမျှတမှုမရှိဘဲ တဖက်သတ်ဆန်တဲ့ ပါရီ ဥတုရာသီဆိုင်ရာ သဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်ခဲ့ကြောင်း၊ ဒီစာချုပ်ဟာ အမေရိကန်စီးပွားရေးကို ထိခိုက်စေနိုင်ပြီး သန်းနဲ့ချီတဲ့ အမေရိကန်တွေ အလုပ်အကိုင် ဆုံးရှုံးမှာကို မလိုလားတဲ့အတွက် နုတ်ထွက်ရကြောင်း ပြောသွားတာပါ။

သူ သမ္မတတာဝန်ယူထားချိန်မှာ အမေရိကန်နိုင်ငံတွင်း လေထုသန့်စင်မှုဟာ အရင်ကထက် ၇ ရာခိုင်နှုန်း ပိုများလာတယ်လို့ အထောက်အထားမပြဘဲ ပြောကြားခဲ့ပါတယ်။

အီးယူ ဥရောပသမဂ္ဂကတော့ နောက်တက်လာမယ့် အမေရိကန် အစိုးရသစ် အနေနဲ့ ပါရီ သဘောတူညီချက်ထဲ ပြန်ဝင်ဖို့ မျှော်လင့်ထားကြောင်း အစည်းအဝေး မကျင်းပခင်က ပြောကြားခဲ့တာပါ။

ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံရှိပြီး ကမ္ဘာ့စီးပွားရေးလုပ်ငန်း အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းရှိတဲ့ G-20 အဖွဲ့ထဲမှာ အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂအပြင် ကနေဒါ၊ မက္ကဆီကို၊ တောင်အာဖရိက၊ ဆော်ဒီအာရေဗျ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ရုရှား၊ တူရကီနဲ့ တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ တောင်ကိုရီးယား နိုင်ငံတွေလည်း ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG