သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာကြယ္ေဆးကိစၥ ႏုိင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ တ႐ုတ္ အဆင္သင့္


တ႐ုတ္သမၼတ Xi Jinping. (ေအာက္တုိဘာ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

ကမၻာတလႊား COVID-19 ကာကြယ္ေဆးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးအတြက္ တ႐ုတ္ဘက္က အဆင္သင့္ရွိေၾကာင္း တ႐ုတ္သမၼတ Xi Jinping က စေနေန႔မွာ ေျပာဆိုလိုက္ပါတယ္။ ဒါ႔အျပင္ ကမၻာတလႊား ခရီးသြားလာမႈဆိုင္ရာ မူဝါဒေတြနဲ႔ ပတ္သက္ၿပီး ႏုိင္ငံတကာဘက္က ပိုၿပီး ပူးေပါင္းေဆာင္ရြက္ဖို႔လည္း တ႐ုတ္သမၼတက တိုက္တြန္းသြားပါတယ္။

ကမၻာတလႊားက ေဆးကုမၸဏီေတြနဲ႔ သုေတသနဌာနေတြက အလားအလာရွိတဲ့ COVID-19 ကာကြယ္ေရးကို စမ္းသပ္ေဆာင္ရြက္ေနၾကၿပီး အလားအလာရွိတဲ့ ကာကြယ္ေဆးေတြကို ေသာင္းနဲ႔ခ်ီတဲ့ လူေတြနဲ႔ စမ္းသပ္ေနၾကဆဲ ျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံတြင္းမွာလုပ္တဲ့ စမ္းသပ္ကာကြယ္ေဆး ၅ မ်ိဳးက အခု ေနာက္ဆံုးအဆင့္ စမ္းသပ္တဲ့အဆင့္ကို ေရာက္ေနပါၿပီ။ ကာကြယ္ေဆး စမ္းသပ္ သုေတသန၊ ထုတ္လုပ္ျဖန္႔ျဖဴးေရးမွာ တျခားႏုိင္ငံေတြနဲ႔ ခိုင္ခိုင္မာမာ ပူးေပါင္းလုပ္ေဆာင္လိုေၾကာင္း တ႐ုတ္သမၼတ Xi က ေဆာ္ဒီႏုိင္ငံ Riyadh က ဦးေဆာင္က်င္းပတဲ့ G-20 ထိပ္သီးေဆြးေႏြးပြဲမွာ ႐ုပ္သံကေန ေျပာဆုိခဲ့တာပါ။

ကမၻာေပၚကလူတိုင္း တတ္ႏုိင္တဲ့ေစ်းနဲ႔ အသံုးျပဳႏုိင္မယ့္ အမ်ားျပည္သူ အက်ိဳးရွိေစမယ့္ ကာကြယ္ေဆးေတြ ထုတ္လုပ္ႏုိင္ေရးအတြက္ တ႐ုတ္အေနနဲ႔ ႀကိဳးပမ္းေနေၾကာင္း၊ ဖြံ႔ၿဖိဳးဆဲႏုိင္ငံေတြကို ေထာက္ပံ့ကူညီဖို႔ ကမ္းလွမ္းၿပီး ကတိကဝတ္အတိုင္း ေဆာင္ရြက္မယ္လို႔ တ႐ုတ္သမၼတက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ကမၻာတလႊား ကူးလူးဆက္ဆံမႈ လြယ္ကူ ေခ်ာေမြ႔ေစေရးအတြက္ သြက္လက္ျမန္ဆန္တဲ့ ခရီးသြားလာေရး လမ္းေၾကာင္းေတြ ေပၚေပါက္လာေရး ႏုိင္ငံတကာဘက္က ပိုၿပီးခုိင္မာတဲ့ မူဝါဒေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ၾကဖို႔လည္း တ႐ုတ္သမၼတက ေတာင္းဆိုသြားပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တ႐ုတ္အေနနဲ႔ေတာ့ ခရီးသြားေတြရဲ႕ ကို႐ုိနာဗိုင္းရပ္စ္ စမ္းသပ္မႈရလဒ္ကို ႏုိင္ငံတကာက အသိအမွတ္ျပဳ လက္ခံမယ့္ ဒစ္ဂ်စ္တယ္ကုဒ္ေတြသံုးတဲ့ ယႏၱရားတခု ေဖာ္ေဆာင္ေရးအတြက္ အဆိုျပဳဖို႔ ရွိတယ္လို႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ကိုဗစ်ကာကွယ်ဆေးကိစ္စ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ် အဆင်သင့်

ကမ္ဘာတလွှား COVID-19 ကာကွယ်ဆေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် တရုတ်ဘက်က အဆင်သင့်ရှိကြောင်း တရုတ်သမ္မတ Xi Jinping က စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ကမ္ဘာတလွှား ခရီးသွားလာမှုဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာဘက်က ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း တရုတ်သမ္မတက တိုက်တွန်းသွားပါတယ်။

ကမ္ဘာတလွှားက ဆေးကုမ္ပဏီတွေနဲ့ သုတေသနဌာနတွေက အလားအလာရှိတဲ့ COVID-19 ကာကွယ်ရေးကို စမ်းသပ်ဆောင်ရွက်နေကြပြီး အလားအလာရှိတဲ့ ကာကွယ်ဆေးတွေကို သောင်းနဲ့ချီတဲ့ လူတွေနဲ့ စမ်းသပ်နေကြဆဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင်းမှာလုပ်တဲ့ စမ်းသပ်ကာကွယ်ဆေး ၅ မျိုးက အခု နောက်ဆုံးအဆင့် စမ်းသပ်တဲ့အဆင့်ကို ရောက်နေပါပြီ။ ကာကွယ်ဆေး စမ်းသပ် သုတေသန၊ ထုတ်လုပ်ဖြန့်ဖြူးရေးမှာ တခြားနိုင်ငံတွေနဲ့ ခိုင်ခိုင်မာမာ ပူးပေါင်းလုပ်ဆောင်လိုကြောင်း တရုတ်သမ္မတ Xi က ဆော်ဒီနိုင်ငံ Riyadh က ဦးဆောင်ကျင်းပတဲ့ G-20 ထိပ်သီးဆွေးနွေးပွဲမှာ ရုပ်သံကနေ ပြောဆိုခဲ့တာပါ။

ကမ္ဘာပေါ်ကလူတိုင်း တတ်နိုင်တဲ့ဈေးနဲ့ အသုံးပြုနိုင်မယ့် အများပြည်သူ အကျိုးရှိစေမယ့် ကာကွယ်ဆေးတွေ ထုတ်လုပ်နိုင်ရေးအတွက် တရုတ်အနေနဲ့ ကြိုးပမ်းနေကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထောက်ပံ့ကူညီဖို့ ကမ်းလှမ်းပြီး ကတိကဝတ်အတိုင်း ဆောင်ရွက်မယ်လို့ တရုတ်သမ္မတက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာတလွှား ကူးလူးဆက်ဆံမှု လွယ်ကူ ချောမွေ့စေရေးအတွက် သွက်လက်မြန်ဆန်တဲ့ ခရီးသွားလာရေး လမ်းကြောင်းတွေ ပေါ်ပေါက်လာရေး နိုင်ငံတကာဘက်က ပိုပြီးခိုင်မာတဲ့ မူဝါဒတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တရုတ်သမ္မတက တောင်းဆိုသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အနေနဲ့တော့ ခရီးသွားတွေရဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုရလဒ်ကို နိုင်ငံတကာက အသိအမှတ်ပြု လက်ခံမယ့် ဒစ်ဂျစ်တယ်ကုဒ်တွေသုံးတဲ့ ယန္တရားတခု ဖော်ဆောင်ရေးအတွက် အဆိုပြုဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG