သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pfizer နဲ့ BioNTech တို့က ကိုဗစ်ကာကွယ်ဆေးတွေ အရေးပေါ်သုံးစွဲခွင့်ပြုဖို့ ကန် FDA မှာ လျှောက်ထား


(Zawgyi/Unicode)

အမေရိကန်ဆေးကုမ္ပဏီ Pfizer နဲ့ ဂျာမဏီက BioNTech တို့က သူတို့ရဲ့ COVID-19 ကာကွယ်ဆေးကို အရေးပေါ် သုံးစွဲခွင့်ပြုဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန FDA မှာ သောကြာနေ့က လေ ျှာက်ထားခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် တကယ်လို့ ခွင့်ပြုချက်ရမယ် ဆိုရင် ရပြီးနာရီပိုင်းအတွင်းမှာပဲ စတင်ဖြန့်ဖြူးဖို့ အသင့်ရှိကြောင်းလည်း ပြောပါတယ်။

သူတို့ရဲ့ ကာကွယ်ဆေးအတွက် စမ်းသပ်မှုတွေကနေ အခုအချိန်အထိ ဒီဆေးနဲ့ ပတ်သက်ပြီး စိတ်ပူစရာကောင်းလောက်အောင် ဆိုးဝါးတဲ့ ထိခိုက်မှု မရှိသလို ထိရောက်မှုနှုန်းကလည်း ၉ ၅ % ရှိတာ တွေ့ရတဲ့ နောက် အခုလို လေ ျှာက်ထားခဲ့တာလို့လည်း ပြောပါတယ်။

အမေရိကန် နိုင်ငံက FDA အပြင် Australia ၊ ကနေဒါ၊ ဥရောပ၊ ဂျပန်နဲ့ ဗြိတိန် နိုင်ငံတွေ မှာလ ည်း အလားတူ လေ ျှာက်ထားခဲ့ကြောင်းနဲ့ တခြား ကမ္ဘာတလွှားက နိုင်ငံတွေမှာ ရှိတဲ့ ဆေးသုံးစွဲခွင့်အတည်ပြုပေးတဲ့ ဌာနတွေမှာပါ လေ ျှာက်ထားဖို့ စီစဉ်နေကြောင်းလည်း Pfizer နဲ့ BioNTech တို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ကမ္ဘာတလွှား COVID-19 ကူးစက်မှု တိုးလာနေတာကြောင့် ဆေးသုံးစွဲမှုဆိုင်ရာ ကိုင်တွယ်တဲ့ တာဝန်ရှိသူတွေ အနေနဲ့ ကာကွယ်ဆေးအတွက် ဆုံးဖြတ်ချက် အမြန်ချရေး ဖိအားအပေးခံရဖို့ ရှိနေပါတယ်။

အမေရိကန်နိုင်ငံရဲ့ ကူးစက်ရောဂါ ဆိုင်ရာ အထူးကျွမ်းကျင်သူ Dr. Anthony Fauci ကတော့ အခု ကာကွယ်ဆေးတွေ ထုတ်ဖို့ အမြန်လုပ်နေတာနဲ့ ပတ်သက်ပြီး လူထုက စိုးရိမ် စိတ်ပူနိုင်တာကို သူနားလည်ကြောင်းနဲ့ ဒီကာကွယ်ဆေးတွေဟာ စိတ်ချရမှု ရှိတယ်ဆိုတာ သူယုံကြည်ကြောင်း ကြာသပတေးနေ့ သမ္မတအိမ်ဖြူ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးရပြီ ဆိုပြီး ဒီရောဂါဆိုင်ရာ ကြိုတင်ကာကွယ်မှုတွေ မလုပ်ပဲ မနေကြဖို့လည်း သတိပေးပါတယ်။

ဒီရောဂါအတွက် အလားအလာရှိတဲ့ အလားတူ ကာကွယ်ဆေးကို Pfizer အပြင် Moderna ကလည်း ရပြီဖြစ်တဲ့ အတွက် သူတို့လည်း လာမယ့် သီတင်းပတ်တွေ အတွင်းမှာ အရေးပေါ်အခြေနေမှာ သုံးစွဲခွင့် ပေးရေး အတွက် လေ ျှာက်ထားဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)







XS
SM
MD
LG