သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pfizer ကုမ္ပဏီ ကိုဗစ်ကာကွယ်ဆေး သယ်ယူပို့ဆောင်မှု စမ်းသပ်ပြုလုပ်


ကိုဗစ်ကာကွယ်ဆေး Pfizer ကုမ္ပဏီ
ကိုဗစ်ကာကွယ်ဆေး Pfizer ကုမ္ပဏီ

အမေရိကန် အခြေစိုက် Pfizer ဆေးကုမ္ပဏီ က နိုင်ငံတွင်း ပြည်နယ် လေးခုကို စမ်းသပ်ဆဲ COVID-19 ကာကွယ်ဆေး သယ်ယူပို့ဆောင်တဲ့ အစီအစဉ် ကို စတင်စမ်းသပ်ပြုလုပ်လိုက်ပါတယ်။

(ZAWGYI/UNICODE)
အမေရိကန် အခြေစိုက် Pfizer ဆေးကုမ္ပဏီ က နိုင်ငံတွင်း ပြည်နယ် လေးခုကို စမ်းသပ်ဆဲ COVID-19 ကာကွယ်ဆေး သယ်ယူပို့ဆောင်တဲ့ အစီအစဉ် ကို စတင်စမ်းသပ်ပြုလုပ်လိုက်ပါတယ်။ COVID-19 ကာကွယ်ဆေး ကို ပို့ဆောင်ရာမှာ အေးခဲထားတဲ့အနေအထားနဲ့ သယ်ဆောင်ရမှာမို့ ဆေးဖြန့်ဖြူးရာမှာ အခက်အခဲတွေရှိနေတာပါ။ Pfizer က စမ်းသပ်နေတဲ့ ဒီကာကွယ်ဆေးက ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိတာကို ကနဦးစမ်းသပ်မှု အချက်အလက်တွေက ဖော်ပြနေပါတယ်။ ဒါပေမဲ့ ဒီစမ်းသပ်ကာကွယ်ဆေးက ရေခဲမှတ်အောက် ၉၄ ဒီဂရီ (- ၉၄ ဒီဂရီ) ဖာရင်ဟိုက် မှာထားပြီး သယ်ယူဖို့ လိုအပ်တာပါ။ ဒါက စံနှုန်းအရ တခြားကာကွယ်ဆေးတွေထက်ကို ပိုပြီးအေးခဲတဲ့ အနေအထားမှာသယ်ယူဖို့ လိုအပ်တာဖြစ်ပါတယ်။ အခု စမ်းသပ်ဆဲ COVID-19 ကာကွယ်ဆေးကို Rhode Island ၊ Texas၊ New Mexico နဲ့ Tennessee ပြည်နယ်တွေကို ပေးပို့သွားမှာဖြစ်ပါတယ်။

အခုလို စမ်းသပ်ပေးပို့တာက ကျန်တခြားပြည်နယ်တွေနဲ့ နိုင်ငံတကာအစိုးရတွေအတွက် ဆေးတင်ပို့တဲ့အခါ လိုအပ်တဲ့ စံနှုန်းသတ်မှတ်ချက်တွေ သိလာနိုင်တယ်လို့ တနင်္လာနေ့က ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အခုလို ကနဦး စမ်းသပ်ပေးပို့တာက ဒီပြည်နယ် လေးခုမှာ ကျန်ပြည်နယ်တွေထက် စောပြီးကာကွယ်ဆေးထိုးပေးဖို့ မဟုတ်ကြောင်းလည်း ဖော်ပြထားပါတယ်။ Pfizer ဆေးကုမ္ပဏီက COVID-19 ကာကွယ်ဆေး စမ်းသပ်မှု တတိယအဆင့်ကို လူတွေနဲ့ စမ်းသပ်ပြုလုပ်နေတာဖြစ်ပြီး နိုဝင်ဘာလ တတိယအပတ်လောက်မှာ ဆေးနဲ့ ပတ်သက်လို့ လုံလောက်တဲ့ အချက်အလက်တွေ ရလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ ဆေးရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အချက်အလက်တွေပေါ် မူတည်ပြီး နောက်ပိုင်းမှာ ဒီကာကွယ်ဆေးကို အရေးပေါ် သုံးစွဲခွင့် လျှောက်ထားရမှာဖြစ်ပါတယ်။
အမေရိကန်မှာ အခုအထိ COVID-19 ကူးစက်သူ ၁၁.၂ သန်းနဲ့ သေဆုံးသူက ၂၄၇,၀၀၀ ကျော်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်


(UNICODE)



XS
SM
MD
LG