သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကပ္ေရာဂါႏွင့္ စီးပြားေရးျပႆနာ G-20 အဓိကေဆြးေႏြးမည္


G-20 ထိပ္သီးအစည္းအေဝးမွာ အမွာစကားေျပာၾကားေနတဲ့ ေဆာ္ဒီဘုရင္ Salman bin Abdulaziz. (ႏုိဝင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻ႔ခ်မ္းသာတဲ့ႏုိင္ငံ ၂၀ ရဲ႕ G-20 အြန္လိုင္းအစည္းအေဝးကို ေဆာ္ဒီအာေရဗ်ႏိုင္ငံက ကမကထလုပ္ၿပီး စေနေန႔မွာ စတင္က်င္းပပါတယ္။ အာရပ္ႏိုင္ငံတႏိုင္ငံက ပထမဆံုး ကမကထလုပ္ က်င္းပတဲ့ ဒီအစည္းအေဝးမွာ ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါဆိုင္ရာနဲ႔ ဆိုးဝါးတဲ့ ကမာၻ႔စီးပြားေရး ျပႆနာေတြကို ဦးစားေပးေဆြးေႏြးဖို႔ ရွိပါတယ္။

ကို႐ုိနာဗိုုင္းရပ္စ္ ကပ္ေရာဂါဒဏ္ကေန ေက်ာ္လႊားႏိုင္ေအာင္နဲ႔ လူမႈဘဝ အေျခအေနေတြကို အကာအကြယ္ေပးဖို႔ မတ္လတုန္းက က်င္းပခဲ့တဲ့ G-20 ထိပ္သီးအစည္းအေဝးမွာ ထားခဲ့တဲ့ကတိအတိုင္း အခု ေခါင္းေဆာင္ေတြ ေတြ႔ဆံုၾကခ်ိန္မွာလည္း ဆက္လက္လုပ္ေဆာင္ဖို႔ ထိပ္သီးအစည္းအေဝး မတိုင္ခင္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson က ေျပာပါတယ္။

"အားလံုးလက္တြဲၿပီး အတူတကြ ေဆာင္ရြက္မွသာ ကို႐ုိနာဗိုင္းရပ္စ္ကို ေခ်မႈန္းႏိုင္မွာျဖစ္သလို ဒီေရာဂါဒဏ္ခံရတဲ့ အေျခအေနကေန ျပန္ေကာင္းလာေအာင္ လုပ္ႏိုင္မွာျဖစ္ေၾကာင္းနဲ႔ တေယာက္ရဲ႕ ကံၾကမၼာဟာ ေနာက္တေယာက္လက္ထဲမွာ ရွိေနေၾကာင္း” ေျပာသြားတာပါ။

ေဆာ္ဒီဘုရင္ Salman ႀကီးမွဴးက်င္းပတဲ့ ၂ ရက္ၾကာ ဒီအစည္းအေဝးကို အေမရိကန္သမၼတ Donald Trump တက္ေရာက္ဖို႔ရွိတယ္လို႔ အေမရိကန္ အရာရွိေတြက ေျပာပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈ တိုးေနခ်ိန္မွာ က်င္းပတဲ့ ဒီထိပ္သီးအစည္းအေဝးကို အြန္လိုင္းကေန ျပဳလုပ္ေပမယ့္ ကမာၻ႔ေခါင္းေဆာင္ေတြၾကား ဒီအစည္းအေဝးကေန ထံုးစံအတိုင္း ၂ ဦး ခ်င္း ဆံုေတြ႔ႏိုင္တဲ့ အခြင့္အလမ္းေတာ့ ရၾကတာပါ။

ဒီအစည္းအေဝးမွာ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Angela Merkel၊ တ႐ုတ္သမၼတ Xi Jinping၊ ႐ုရွားသမၼတ Vladimir Putin တို႔လည္း မိန္႔ခြန္းေျပာၾကားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကိုဗစ်ကပ်ရောဂါနှင့် စီးပွားရေးပြဿနာ G-20 အဓိကဆွေးနွေးမည်

ကမ္ဘာ့ချမ်းသာတဲ့နိုင်ငံ ၂၀ ရဲ့ G-20 အွန်လိုင်းအစည်းအဝေးကို ဆော်ဒီအာရေဗျနိုင်ငံက ကမကထလုပ်ပြီး စနေနေ့မှာ စတင်ကျင်းပပါတယ်။ အာရပ်နိုင်ငံတနိုင်ငံက ပထမဆုံး ကမကထလုပ် ကျင်းပတဲ့ ဒီအစည်းအဝေးမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာနဲ့ ဆိုးဝါးတဲ့ ကမ္ဘာ့စီးပွားရေး ပြဿနာတွေကို ဦးစားပေးဆွေးနွေးဖို့ ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ကနေ ကျော်လွှားနိုင်အောင်နဲ့ လူမှုဘဝ အခြေအနေတွေကို အကာအကွယ်ပေးဖို့ မတ်လတုန်းက ကျင်းပခဲ့တဲ့ G-20 ထိပ်သီးအစည်းအဝေးမှာ ထားခဲ့တဲ့ကတိအတိုင်း အခု ခေါင်းဆောင်တွေ တွေ့ဆုံကြချိန်မှာလည်း ဆက်လက်လုပ်ဆောင်ဖို့ ထိပ်သီးအစည်းအဝေး မတိုင်ခင် ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ပြောပါတယ်။

"အားလုံးလက်တွဲပြီး အတူတကွ ဆောင်ရွက်မှသာ ကိုရိုနာဗိုင်းရပ်စ်ကို ချေမှုန်းနိုင်မှာဖြစ်သလို ဒီရောဂါဒဏ်ခံရတဲ့ အခြေအနေကနေ ပြန်ကောင်းလာအောင် လုပ်နိုင်မှာဖြစ်ကြောင်းနဲ့ တယောက်ရဲ့ ကံကြမ္မာဟာ နောက်တယောက်လက်ထဲမှာ ရှိနေကြောင်း” ပြောသွားတာပါ။

ဆော်ဒီဘုရင် Salman ကြီးမှူးကျင်းပတဲ့ ၂ ရက်ကြာ ဒီအစည်းအဝေးကို အမေရိကန်သမ္မတ Donald Trump တက်ရောက်ဖို့ရှိတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးနေချိန်မှာ ကျင်းပတဲ့ ဒီထိပ်သီးအစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ပေမယ့် ကမ္ဘာ့ခေါင်းဆောင်တွေကြား ဒီအစည်းအဝေးကနေ ထုံးစံအတိုင်း ၂ ဦး ချင်း ဆုံတွေ့နိုင်တဲ့ အခွင့်အလမ်းတော့ ရကြတာပါ။

ဒီအစည်းအဝေးမှာ ဂျာမနီဝန်ကြီးချုပ် Angela Merkel၊ တရုတ်သမ္မတ Xi Jinping၊ ရုရှားသမ္မတ Vladimir Putin တို့လည်း မိန့်ခွန်းပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG