သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖံြ႔ၿဖိဳးဆဲႏိုင္ငံေတြ ေၾကြးၿမီသက္သာေရးအစီအစဥ္ G20 မူခ်မွတ္ 


မွတ္တမ္းဓါတ္ပံု ၂၀၁၈ ႏို၀င္ဘာတုန္းက G-20 နိုင္ငံေတြရဲ႕ အစည္းအေ၀း က်င္းပခဲ့့စဥ္

(Zawgyi/Unicode)

ကိုရိုနာ ဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္ခံစားေနရတဲ့ ဖြံ့ၿဖိဳးဆဲနိုင္ငံေတြအတြက္ ေႂကြးၿမီ သက္သာေစေရး အစီအစဥ္ မူေဘာင္ တစ္ရပ္ကို G-20 နိုင္ငံေတြက ေသာၾကာေန႔က သေဘာတူခ်မွတ္လိုက္ၿပီ ျဖစ္ပါတယ္။ ဒါေပမဲ့ ေႂကြးၿမီ အက်ပ္အတည္းတစ္ဆင့္ၿပီး ရိုက္ခတ္လာနိုင္တဲ့ အေျခအေနကို ဟန္႔တားဖို႔ မလုံေလာက္ဘူးလို႔ေတာ့ ေႂကြးၿမီေတြ ပယ္ဖ်က္ပစ္ဖို႔အေရး စည္း႐ုံး လႈပ္ရွားသူေတြက ေျပာပါတယ္။

ေနာက္ႏွစ္ဇြန္လအထိ ေႂကြးၿမီ ၆ လ ထပ္မံဆိုင္းငံ့ေရးကိစၥကို G-20 နိုင္ငံေတြက ၿပီးခဲ့တဲ့ လက သေဘာတူညီထားခဲ့ၾကတာပါ။

ဒီတစ္ပတ္တည္း က်င္းပတဲ့ အစည္းအေဝးမွာေတာ့ G-20 အဖြဲ႕ဝင္ နိုင္ငံေတြက ဘ႑ာေရးဝန္ႀကီးေတြနဲ႔ ဗဟိုဘဏ္ တာဝန္ရွိသူေတြ က ေႂကြးၿမီ ေပးဆပ္ေရးကာလ ျပန္လည္ေရးဆြဲ သတ္မွတ္ေရးနဲ႔ ေႂကြးၿမီ ေလၽွာ့ခ်ေရး လုပ္ေဆာင္နိုင္ဖို႔ ဘုံသေဘာတူညီခ်က္ မူေဘာင္တစ္ရပ္ကို ခ်မွတ္ခဲ့ၾကတာပါ။

ျမန္မာနိုင္ငံလည္း ပါဝင္တဲ့ ကမၻာ့ အဆင္းရဲဆုံး ၇၃ နိုင္ငံအေနနဲ႔ G20 အဖြဲ႕ရဲ့ ေႂကြးၿမီ ဆိုင္းငံ့ေရး အစီအစဥ္ (DSSI) ေအာက္က ေႂကြးၿမီ ျပန္လည္ သတ္မွတ္ေရးဆြဲေရး ေဆာင္ရြက္ရာမွာ အက်ဳံးဝင္မွာ ျဖစ္ပါတယ္။

အခုရရွိတဲ့ သေဘာတူညီခ်က္ မူေဘာင္ဟာ သမိုင္းဝင္ သေဘာတူညီခ်က္ျဖစ္တယ္လို႔ ျပင္သစ္ စီးပြားေရး ဝန္ႀကီး Bruno Le Maire က ခ်ီးက်ဴးခဲ့ပါတယ္။

ကမၻာ့ အဆင္းရဲဆုံး ၇၃ နိုင္ငံေတြမွာ တင္ရွိေနတဲ့ ေႂကြးၿမီ ၿပီးခဲ့တဲ့ ႏွစ္က ၉.၅ ရခိုင္ႏႈန္း ျမင့္တက္ခဲ့ၿပီး ေဒၚလာ ၇၄၄ ဘီလီယံ ရွိေၾကာင္း ကမၻာ့ဘဏ္က ၿပီးခဲ့တဲ လက ထုတ္ျပန္ထားပါတယ္။

အဲဒီ နိုင္ငံေတြရဲ့ ေႂကြးရွင္နိုင္ငံ အမ်ားစုက G20 နိုင္ငံေတြ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကေတာ့ ေခ်းေငြ ပမာဏ ေဒၚလာ ၁၇၈ ဘီလီယံအထိ ရွိၿပီး အဲဒီ အထဲ တ႐ုတ္တို႔ရဲ့ ေခ်းေငြ ၆၃ ရာခိုင္ႏႈန္းေက်ာ္ ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကြွေးမြီသက်သာရေးအစီအစဉ် G20 မူချမှတ်

(Unicode)

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ထိခိုက်ခံစားနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကြွေးမြီ သက်သာစေရေး အစီအစဉ် မူဘောင် တစ်ရပ်ကို G-20 နိုင်ငံတွေက သောကြာနေ့က သဘောတူချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြွေးမြီ အကျပ်အတည်းတစ်ဆင့်ပြီး ရိုက်ခတ်လာနိုင်တဲ့ အခြေအနေကို ဟန့်တားဖို့ မလုံလောက်ဘူးလို့တော့ ကြွေးမြီတွေ ပယ်ဖျက်ပစ်ဖို့အရေး စည်းရုံး လှုပ်ရှားသူတွေက ပြောပါတယ်။

နောက်နှစ်ဇွန်လအထိ ကြွေးမြီ ၆ လ ထပ်မံဆိုင်းငံ့ရေးကိစ္စကို G-20 နိုင်ငံတွေက ပြီးခဲ့တဲ့ လက သဘောတူညီထားခဲ့ကြတာပါ။

ဒီတစ်ပတ်တည်း ကျင်းပတဲ့ အစည်းအဝေးမှာတော့ G-20 အဖွဲ့ဝင် နိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ် တာဝန်ရှိသူတွေ က ကြွေးမြီ ပေးဆပ်ရေးကာလ ပြန်လည်ရေးဆွဲ သတ်မှတ်ရေးနဲ့ ကြွေးမြီ လျှော့ချရေး လုပ်ဆောင်နိုင်ဖို့ ဘုံသဘောတူညီချက် မူဘောင်တစ်ရပ်ကို ချမှတ်ခဲ့ကြတာပါ။

မြန်မာနိုင်ငံလည်း ပါဝင်တဲ့ ကမ္ဘာ့ အဆင်းရဲဆုံး ၇၃ နိုင်ငံအနေနဲ့ G20 အဖွဲ့ရဲ့ ကြွေးမြီ ဆိုင်းငံ့ရေး အစီအစဉ် (DSSI) အောက်က ကြွေးမြီ ပြန်လည် သတ်မှတ်ရေးဆွဲရေး ဆောင်ရွက်ရာမှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။

အခုရရှိတဲ့ သဘောတူညီချက် မူဘောင်ဟာ သမိုင်းဝင် သဘောတူညီချက်ဖြစ်တယ်လို့ ပြင်သစ် စီးပွားရေး ဝန်ကြီး Bruno Le Maire က ချီးကျူးခဲ့ပါတယ်။

ကမ္ဘာ့ အဆင်းရဲဆုံး ၇၃ နိုင်ငံတွေမှာ တင်ရှိနေတဲ့ ကြွေးမြီ ပြီးခဲ့တဲ့ နှစ်က ၉.၅ ရခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်လာ ၇၄၄ ဘီလီယံ ရှိကြောင်း ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ လက ထုတ်ပြန်ထားပါတယ်။

အဲဒီ နိုင်ငံတွေရဲ့ ကြွေးရှင်နိုင်ငံ အများစုက G20 နိုင်ငံတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ ချေးငွေ ပမာဏ ဒေါ်လာ ၁၇၈ ဘီလီယံအထိ ရှိပြီး အဲဒီ အထဲ တရုတ်တို့ရဲ့ ချေးငွေ ၆၃ ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG