သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြွေးမြီပြန်ဆပ်ရေး G-20 နိုင်ငံတွေရပ်ထားတာ ဆက်ထားပေးဖို့ G-7 နိုင်ငံတွေ တိုက်တွန်း


G-7 နိုင်ငံအလံများ
G-7 နိုင်ငံအလံများ

(Zawgyi/Unicode)
G 20 အဖွဲ့ဝင်နိုင်ငံတွေ - ကြွေးမြီပြန်ဆပ်ရေး ယာယီရပ်ဆိုင်းထားတာကို ဆက်ပြီးရပ်ထားဖို့နဲ့ အနာဂတ်အတွက်လည်း ကြွေးလေ ျှာ်ပစ်ရေးတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ G7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ စီးပွါးရေးဝန်ကြီးတွေက သောကြာနေ့မှာ ပြောပါတယ်။ ဒါဟာ G 20 အဖွဲ့ဝင် တရုတ်နိုင်ငံက သူ့ရဲ့ ငွေချေးတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပွင့်လင်း မြင်သာမှု မရှိတာကို ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။

DSSI လို့ခေါ်တဲ့ G20 နိုင်ငံတွေရဲ့ အကြွေးပြန်ဆပ်မှု ယာယီဆိုင်းငံ့ထားတဲံ အစီအစဉ်မှာ တချို့ နိုင်ငံတွေက အပြည့်အဝ ပါဝင် လုပ်ဆောင်မှု မရှိတာအတွက် စိတ်ပျက်ရကြောင်း G7 ဝန်ကြီးတွေ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဘယ်နိုင်ငံလည်း ဆိုတာ ထုတ်ဖေါ် မပြောပေမယ့် ဒါဟာ တရုတ်အစိုးရကို ရည်ရွယ်ပြောဆိုတာ ဖြစ်ပါတယ်။ ကြွေးမြီလေ ျှာ့ချ ချင်တဲ့ နိုင်ငံတွေနဲ့ ဖြေရှင်းရာမှာ တရုတ်အစိုးရက သူ့ရဲ့ China Development Bank နဲ့ တခြားသူ့အစိုးရ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေက ချေးတဲ့ ငွေတွေကို ထည့်သွင်းဖေါ်ပြမှု မရှိတာကြောင့် ဖြစ်ပါတယ်။

ဂျပန်ဘဏ္ဍာရေးဝန်ကြီး Taro Aso ကတော့ DSSI အစီအစဉ်မှာ တရုတ်ရဲ့ ပါဝင်မှုဟာ အပြည့်အဝ မရှိကြောင်း G7 ဝန်ကြီးတွေရဲ့ အွန်လိုင်း အစည်းအဝေး အပြီးမှာ သတင်းထောက် တွေကို ပြောပါတယ်။

အခုဖြစ်ပွါးနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွါးရေး ဆုတ်ယုတ်လာပြီး အကြွေးယူထားတဲ့ နိုင်ငံတွေ အထူးသဖြင့် ဆင်းရဲတွင်းနက်နေတဲ့ လူ သန်းတရာကျော် အတွက် ဆိုးဆိုးဝါးဝါး ထိခိုက်မှုတွေ ရှိနေတာပါ။ ဒါကြောင့် တချို့ နိုင်ငံတွေ အနေနဲ့ အကြွေးလေ ျှာ်ပစ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုကြောင်း G7 ဝန်ကြီးတွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို G7 နိုင်ငံတွေရဲ့ လုပ်ဆောင်မှုကို ကမ္ဘာ့ဘဏ် ဥက္ကဌ David Malpass က ကြိုဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)





အခုလို G7 နိုငျငံတှရေဲ့ လုပျဆောငျမှုကို ကမ်ဘာ့ဘဏျ ဥက်ကဌ David Malpass က ကွိုဆိုလိုကျပါတယျ။

XS
SM
MD
LG