သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

G7 ထိပ္သီးအစည္းအေဝး သမၼတ Trump ပိုင္တဲ့ ဟိုတယ္မွာလုပ္ဖို႔ အစီအစဥ္ ဖ်က္


Trump National Doral အပန္းေျဖစခန္း။ (ဇြန္ ၂၊ ၂၀၁၇)

သမၼတ Trump အေနနဲ႔ လာမယ့္ G7 စက္မႈထိပ္သီး အစည္းအေဝးကို ဖေလာ္ရီဒါ မိုင္ယာမီက သူပိုင္တဲ့ ေဂါက္ဖ္ အပန္းေျဖစခန္းမွာလုပ္ဖို႔ အစီအစဥ္ ဖ်က္လိုက္ၿပီလို႔ စေန႔ညတုန္းက Twitter အေကာင့္ကေန ေရးသားပါတယ္။

မိုင္ယာမီမွာရွိတဲ့ Trump National Doral မွာ စက္မႈထိပ္သီး အစည္းအေဝး က်င္းပမယ္လို႔ ၿပီးခဲ့တဲ့သီတင္းပတ္ အေစာပိုင္းက သမၼတ Trump ေျပာခဲ့တာေၾကာင့္ သမၼတ တဦးအေနနဲ႔ က်င့္ဝတ္အရ မလုပ္သင့္ဘူးလို႔ ေဝဖန္မႈေတြ ရွိခဲ့တာပါ။

Doral အပန္းေျဖစခန္းမွာ လုပ္မယ့္ကိစၥအေပၚ အတိုက္အခံလုပ္ ေဝဖန္တဲ့အတြက္ သတင္းမီဒီယာေတြကိုေရာ ဒီမိုကရက္ေတြကိုပါ သမၼတ Trump က တုံ႔ျပန္ျပစ္တင္ခဲ့ပါတယ္။

မိုင္ယာမီေလယာဥ္ကြင္းနဲ႔နီးၿပီး အင္မတန္က်ယ္ဝန္းတဲ့ Trump National Doral ဟာ အစည္းအေဝးလုပ္ဖို႔ ကိုယ္စားလွယ္ေတြ တည္းခိုဖို႔ လြယ္လင့္တကူနဲ႔ အင္မတန္ အဆင္ေျပ ေကာင္းမြန္တဲ့ေနရာ ျဖစ္တယ္လို႔ သမၼတ Trump က သူ႔ Twitter အေကာင့္ကေန ေရးခဲ့ပါတယ္။ ဒါဟာ စီးပြားေရးအက်ိဳးအျမတ္အတြက္ ရည္ရြယ္တာမဟုတ္သလို အေမရိကန္ျပည္ေထာင္စု အတြက္လည္း အကုန္အက်ရွိမွာ မဟုတ္ဘူးလို႔လည္း ဆိုပါတယ္။

ဒီအေပၚ ေဝဖန္တဲ့ သတင္းမီဒီယာေတြနဲ႔ ဒီမိုကရက္ေတြဟာ ရန္လိုသူေတြဆိုတဲ့ အသုံးနဲ႔ သမၼတ Trump က Twitter အေကာင့္ကေန ေဝဖန္ ေရးခဲ့ပါတယ္။

ဒီအစီအစဥ္နဲ႔ပတ္သက္လို႔ ရီပတ္ဘလစ္ကန္ပါတီထဲက တခ်ိဳ႕လည္း ေဝဖန္တာေတြ ရွိခဲ့ပါတယ္။ ၂၀၂၀ စက္မႈ ၇ ႏိုင္ငံ ထိပ္သီးစည္းေဝးပြဲအတြက္ ေမရီလန္းျပည္နယ္က Camp David သမၼတ အပန္းေျဖစခန္း အပါအဝင္ အျခားေနရာေတြကိုလည္း စဥ္းစားထားတယ္လို႔ သမၼတ Trump က Twitter မွာ ေရးခဲ့ပါတယ္။

-----------------------------------

(Unicode)

G7 ထိပ်သီးအစည်းအဝေး သမ္မတ Trump ပိုင်တဲ့ ဟိုတယ်မှာလုပ်ဖို့ အစီအစဉ် ဖျက်

သမ္မတ Trump အနေနဲ့ လာမယ့် G7 စက်မှုထိပ်သီး အစည်းအဝေးကို ဖလော်ရီဒါ မိုင်ယာမီက သူပိုင်တဲ့ ဂေါက်ဖ် အပန်းဖြေစခန်းမှာလုပ်ဖို့ အစီအစဉ် ဖျက်လိုက်ပြီလို့ စနေ့ညတုန်းက Twitter အကောင့်ကနေ ရေးသားပါတယ်။

မိုင်ယာမီမှာရှိတဲ့ Trump National Doral မှာ စက်မှုထိပ်သီး အစည်းအဝေး ကျင်းပမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ် အစောပိုင်းက သမ္မတ Trump ပြောခဲ့တာကြောင့် သမ္မတ တဦးအနေနဲ့ ကျင့်ဝတ်အရ မလုပ်သင့်ဘူးလို့ ဝေဖန်မှုတွေ ရှိခဲ့တာပါ။

Doral အပန်းဖြေစခန်းမှာ လုပ်မယ့်ကိစ္စအပေါ် အတိုက်အခံလုပ် ဝေဖန်တဲ့အတွက် သတင်းမီဒီယာတွေကိုရော ဒီမိုကရက်တွေကိုပါ သမ္မတ Trump က တုံ့ပြန်ပြစ်တင်ခဲ့ပါတယ်။

မိုင်ယာမီလေယာဉ်ကွင်းနဲ့နီးပြီး အင်မတန်ကျယ်ဝန်းတဲ့ Trump National Doral ဟာ အစည်းအဝေးလုပ်ဖို့ ကိုယ်စားလှယ်တွေ တည်းခိုဖို့ လွယ်လင့်တကူနဲ့ အင်မတန် အဆင်ပြေ ကောင်းမွန်တဲ့နေရာ ဖြစ်တယ်လို့ သမ္မတ Trump က သူ့ Twitter အကောင့်ကနေ ရေးခဲ့ပါတယ်။ ဒါဟာ စီးပွားရေးအကျိုးအမြတ်အတွက် ရည်ရွယ်တာမဟုတ်သလို အမေရိကန်ပြည်ထောင်စု အတွက်လည်း အကုန်အကျရှိမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒီအပေါ် ဝေဖန်တဲ့ သတင်းမီဒီယာတွေနဲ့ ဒီမိုကရက်တွေဟာ ရန်လိုသူတွေဆိုတဲ့ အသုံးနဲ့ သမ္မတ Trump က Twitter အကောင့်ကနေ ဝေဖန် ရေးခဲ့ပါတယ်။

ဒီအစီအစဉ်နဲ့ပတ်သက်လို့ ရီပတ်ဘလစ်ကန်ပါတီထဲက တချို့လည်း ဝေဖန်တာတွေ ရှိခဲ့ပါတယ်။ ၂၀၂၀ စက်မှု ၇ နိုင်ငံ ထိပ်သီးစည်းဝေးပွဲအတွက် မေရီလန်းပြည်နယ်က Camp David သမ္မတ အပန်းဖြေစခန်း အပါအဝင် အခြားနေရာတွေကိုလည်း စဉ်းစားထားတယ်လို့ သမ္မတ Trump က Twitter မှာ ရေးခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG