Zawgyi/Unicode
လူကိုယ္တိုင္တက္ေရာက္မယ့္ စက္မႈထိပ္သီး ၇ ႏိုင္ငံ ေခါင္းေဆာင္ေတြရဲ့ G 7 ထိပ္သီးအစည္းေဝး ကို အေမရိကန္ႏုိင္ငံက လက္ခံက်င္းပဖို႔ စဥ္းစားေနတယ္လို႔ သမၼတ ေဒၚနယ္ထရမ့္က ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။ ဒီအစည္းေဝးကို ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ဖ်က္သိမ္းထားတာ ျဖစ္ပါတယ္။
ဒီ G 7 ထိပ္သီးအစည္းေဝးကို အရင္ သတ္မွတ္ထားတဲ့ ရက္အတိုင္းပဲ ဝါရွင္တန္ဒီစီ Camp David မွာျပန္က်င္းပဖို႔ စဥ္းစားေနတယ္လို႔ သမၼတကတြစ္တာမွာ ေရးပါတယ္။ ဒါ့အျပင္ အဖြဲ႔ဝင္ႏုိင္ငံေတြ အေနနဲ႔လည္း သူတို႔ႏိုင္ငံေတြက အေျခေနေတြ စၿပီး ျပန္ေကာင္းလာေနတာ ေၾကာင့္ အခုလို က်င္းပမယ္ ဆိုရင္ အားလံုး နဂိုအေျခေနျပန္ေရာက္ၿပီဆို တာ ျပတဲ့ လကၡဏာေကာင္းတရပ္ ျဖစ္လာမယ္လို႔လည္း ေျပာပါတယ္။
သမၼတထရမ့္က ဝါရွင္တန္ဒီစီနားမွာ ရွိတဲ့ ေမရီလန္းျပည္နယ္က Camp David သမၼတအပန္းေျဖစခန္း မွာ ဇြန္လ ၁၀ ရက္ကေန ၁၂ ရက္အထိ G 7 ထိပ္သီးအစည္းေဝး က်င္းပဖို႔ ကနဦးမွာ စီစဥ္ထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ မတ္လ ႏွစ္ပတ္လည္ အစည္းေဝးကို ကပ္ေရာဂါေၾကာင့္လို႔ ေျပာၿပီး သမၼတက ဖ်က္သိမ္းခဲ့သလို ဗီဒီယိုနဲ႔ အစည္းေဝးက်င္းပဖို႔ ေျပာခဲ့တာပါ။
အေမရိကန္ႏိုင္ငံဟာ ကိုရိုနာဗိုင္းရပ္စ္ အကူးစက္ခံရသူ တသန္းခြဲေက်ာ္နဲ႔ ကမာၻမွာ အမ်ားဆံုး ျဖစ္ေနသလို ေသဆံုးရသူကလည္း ၉၂၀၀၀ ေက်ာ္ရွိေနတာ ျဖစ္ေပမယ့္ ဒီကပ္ေရာဂါေၾကာင့္ အေတာ္ေလးက်ဆင္းေနတဲ့ အေမရိကန္ စီးပြါးေရး ျပန္လည္ႏိုးထလာေအာင္ သမၼတထရမ့္က တြန္းအားေပးေနတာ ျဖစ္ပါတယ္။
အခုေလာေလာဆယ္မွာေတာ့ ကမာၻ႔ေခါင္းေဆာင္ေတြရဲ့ အစည္းေဝးကို ဘယ္လို အျမန္ဆံုး စီစဥ္မယ္ဆိုတာနဲ႔ပတ္သက္ၿပီး သမၼတအိမ္ျဖဴက ဘာမွ ထုတ္မေျပာေသးသလို G 7 စက္မႈ ထိပ္သီးႏိုင္ငံေတြ ဘက္ကလည္း ဘာမွ တုံ႔ျပန္ ေျပာဆိုတာ မရွိေသးပါဘူး။
ဒါ့အျပင္ ဒီ G-7 အဖြဲ႔ဝင္ ၄ ႏိုင္ငံတည္ရွိတဲ့ ဥေရာပ ေဒသက လာေရာက္မယ့္ သူေတြအတြက္ ခရီးသြားတားျမစ္ခ်က္ေတြကို ထရမ့္အစိုးရအဖြဲ႔က ထုတ္ျပန္ထားဆဲပါ။ အေမရိကန္ နဲ႔ G-7 အဖြဲ႔ဝင္ ကေနဒါ ႏုိင္ငံတို႔ ၾကားမွာလည္း မလိုအပ္ရင္ ခရီးမသြားဖို႔ ဇြန္လ ၂၁ ရက္ေန႔ အထိ နယ္စပ္ေဒသကို ပိတ္ထားတာ ျဖစ္ပါတယ္။
[Unicode]
လူကိုယ်တိုင်တက်ရောက်မယ့် စက်မှုထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်တွေရဲ့ G 7 ထိပ်သီးအစည်းဝေး ကို အမေရိကန်နိုင်ငံက လက်ခံကျင်းပဖို့ စဉ်းစားနေတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒီအစည်းဝေးကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဖျက်သိမ်းထားတာ ဖြစ်ပါတယ်။
ဒီ G 7 ထိပ်သီးအစည်းဝေးကို အရင် သတ်မှတ်ထားတဲ့ ရက်အတိုင်းပဲ ဝါရှင်တန်ဒီစီ Camp David မှာပြန်ကျင်းပဖို့ စဉ်းစားနေတယ်လို့ သမ္မတကတွစ်တာမှာ ရေးပါတယ်။ ဒါ့အပြင် အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့လည်း သူတို့နိုင်ငံတွေက အခြေနေတွေ စပြီး ပြန်ကောင်းလာနေတာ ကြောင့် အခုလို ကျင်းပမယ် ဆိုရင် အားလုံး နဂိုအခြေနေပြန်ရောက်ပြီဆို တာ ပြတဲ့ လက္ခဏာကောင်းတရပ် ဖြစ်လာမယ်လို့လည်း ပြောပါတယ်။
သမ္မတထရမ့်က ဝါရှင်တန်ဒီစီနားမှာ ရှိတဲ့ မေရီလန်းပြည်နယ်က Camp David သမ္မတအပန်းဖြေစခန်း မှာ ဇွန်လ ၁၀ ရက်ကနေ ၁၂ ရက်အထိ G 7 ထိပ်သီးအစည်းဝေး ကျင်းပဖို့ ကနဦးမှာ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် မတ်လ နှစ်ပတ်လည် အစည်းဝေးကို ကပ်ရောဂါကြောင့်လို့ ပြောပြီး သမ္မတက ဖျက်သိမ်းခဲ့သလို ဗီဒီယိုနဲ့ အစည်းဝေးကျင်းပဖို့ ပြောခဲ့တာပါ။
အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူ တသန်းခွဲကျော်နဲ့ ကမ္ဘာမှာ အများဆုံး ဖြစ်နေသလို သေဆုံးရသူကလည်း ၉၂၀၀၀ ကျော်ရှိနေတာ ဖြစ်ပေမယ့် ဒီကပ်ရောဂါကြောင့် အတော်လေးကျဆင်းနေတဲ့ အမေရိကန် စီးပွါးရေး ပြန်လည်နိုးထလာအောင် သမ္မတထရမ့်က တွန်းအားပေးနေတာ ဖြစ်ပါတယ်။
အခုလောလောဆယ်မှာတော့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အစည်းဝေးကို ဘယ်လို အမြန်ဆုံး စီစဉ်မယ်ဆိုတာနဲ့ပတ်သက်ပြီး သမ္မတအိမ်ဖြူက ဘာမှ ထုတ်မပြောသေးသလို G 7 စက်မှု ထိပ်သီးနိုင်ငံတွေ ဘက်ကလည်း ဘာမှ တုံ့ပြန် ပြောဆိုတာ မရှိသေးပါဘူး။
ဒါ့အပြင် ဒီ G-7 အဖွဲ့ဝင် ၄ နိုင်ငံတည်ရှိတဲ့ ဥရောပ ဒေသက လာရောက်မယ့် သူတွေအတွက် ခရီးသွားတားမြစ်ချက်တွေကို ထရမ့်အစိုးရအဖွဲ့က ထုတ်ပြန်ထားဆဲပါ။ အမေရိကန် နဲ့ G-7 အဖွဲ့ဝင် ကနေဒါ နိုင်ငံတို့ ကြားမှာလည်း မလိုအပ်ရင် ခရီးမသွားဖို့ ဇွန်လ ၂၁ ရက်နေ့ အထိ နယ်စပ်ဒေသကို ပိတ်ထားတာ ဖြစ်ပါတယ်။