သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကို G7 စည်းဝေးပွဲဖိတ်ဖို့ သမ္မတ Trump လိုလား


G7 ထိပ်သီးခေါင်းဆောင်များ ကနေဒါတွင် တွေ့ဆုံကြစဉ်။ (ဇွန် ၈၊ ၂၀၁၈)
G7 ထိပ်သီးခေါင်းဆောင်များ ကနေဒါတွင် တွေ့ဆုံကြစဉ်။ (ဇွန် ၈၊ ၂၀၁၈)

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေရဲ့ G-7 ထိပ်သီးအစည်းအဝေး မှာ ရုရှားနိုင်ငံကို ပြန်ဖိတ်သင့်တယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောပါတယ်။ ထိပ်သီးအစည်းအဝေးတက်ဖို့ ကနေဒါနိုင်ငံကို ထွက်ခွာနီးမှာပဲ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို သမ္မတထရမ့်ပ်က အဲဒီလိုပြောတာပါ။

“ကျနော်ဟာ ရုရှားအတွက် အဆိုးရွားဆုံး အိပ်မက်တခုဖြစ်ပေမဲ့လည်း ဒီအစည်းအဝေးမှာ ရုရှားရှိသင့်ပါတယ်လို့ Marine One ရဟတ်ယာဉ်ပေါ် မတက်ခင် အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်မှာ သမ္မတထရမ့်ပ်က ပြောသွားပါတယ်။

သမ္မတထရမ့်ပ်ရဲ့ အဆိုပြုချက်ကို သူထောက်ခံတယ်လို့ တခြား G-7 ခေါင်းဆောင်တဦးဖြစ်တဲ့ အီတလီဝန်ကြီးချုပ် Giuseppe Conte က Twitter မှာရေးပါတယ်။

ဒါပေမဲ့ ဒီနှစ်အစည်းအဝေးအိမ်ရှင် ကနေဒါဝန်ကြီးချုပ် Justin Trudeau ရဲ့ ပြောခွင့်ရတဦးကတော့ ရုရှားကို ပြန်လက်ခံဖို့ ကနေဒါအနေနဲ့ ကန့်ကွက်ဆဲပဲလို့ ပြောပါတယ်။

အဲဒီပြောဆိုချက်တွေအားလုံးကို ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က တုန့်ပြန်တာမှာတော့ “ရုရှားအနေနဲ့ G-7 မဟုတ်ဘဲ တခြားဖွဲ့စည်းမှုပုံစံတွေကို အာရုံစိုက်ကြည့်နေတယ်” လို့ ပြောတဲ့အကြောင်း ရုရှားအခြေစိုက် Sputnik သတင်းဌာနက ဖော်ပြပါ တယ်။ G-7 ထဲမှာ ၁၉၉၇ ခုနှစ်က ရုရှားကိုထည့်ပြီး နောက်နှစ်မှာ G-8 ဖြစ်သွားပါတယ်။ ဒါပေမဲ့ ယူကရိန်းနိုင်ငံက Crimea ဒေသကို ရုရှားပိုင်နက်ထဲ သွင်းလိုက်ပြီးတဲ့နောက် ၂၀၁၄ ခုနှစ်မှာ ရုရှားကို ဆိုင်းငံ့ထားတာပါ။ မနှစ်ကတော့ ရုရှားက သူတို့ အပြီးတိုင် နုတ်ထွက်တယ်လို့ ကြေညာပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG