သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္မွာ ျပည္တြင္း COVID-19 ကူးစက္သူ ႏွစ္ဦးေတြ႔


တရုတ္ႏိုင္ငံ Shanghai ၿမိဳ႕မွာ ကိုဗစ္ေရာဂါရွိ မရွိ စစ္ေဆးေပးဖို႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ႏိုဝင္ဘာ ၂၂၊ ၂၀၂၀)

[Zawgyi/Unicode]

အာရွတလႊား COVID – 19 ကူးစက္မႈေတြ ျမင့္တက္ေနဆဲျဖစ္ၿပီး တ႐ုတ္ႏိုင္ငံ Shanghai နဲ႔ Tianjin ၿမိဳ႕ေတြမွာ ဒီကေန႔ ျပည္တြင္း ကူးစက္သူ ႏွစ္ ဦး ရွိပါတယ္။ ကူးစက္သူ တေယာက္ႏွစ္ေယာက္ကေန ပိုမ်ားလာမွာကို စိုးရိမ္တဲ့အတြက္ ထိန္းခ်ဳပ္မႈေတြကို လုပ္ေနပါတယ္။ ျပည္ပကျပန္လာသူေတြထဲ ေရာဂါကူးစက္သူ ၂၀ ေလာက္ရွိပါတယ္။ တႏိုင္ငံလုံးအခုထိ ကူးစက္သူေပါင္း ၈၆,၄၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၄၆၀၀ ေက်ာ္ရွိပါတယ္။ Shangha ၿမိဳ႕ Pudong ေလဆိပ္မွာလည္း အလုပ္သမား ၁၈,၀၀၀ နီးပါးကို ေရာဂါစစ္ေဆးခဲ့ၿပီး Fedex ပစၥည္းပို႔ဝန္ေဆာင္လုပ္ငန္း အလုပ္သမား တဦးေရာဂါကူးစက္ေနတာေတြ႕ရပါတယ္။ မၾကာေသးခင္ရက္ေတြကလည္း ေလဆိပ္ UPS ဝန္ထမ္း ၃ ေယာက္ COVID – 19 ကူးစက္တာကို ေတြ႕ရွိထားတာပါ။ ေသာၾကာေန႔ကတည္းကေန အခုထိ Shanghai ၿမိဳ႕မွာ ျပည္တြင္းကူးစက္သူ ၈ ေယာက္ရွိပါတယ္။

ဖိလစ္ပိုင္မွာ ေနာင္ႏွစ္အတြင္း လူသန္း ၆၀ ေလာက္ကို COVID – 19 ကာကြယ္ေဆးထိုးေပးႏိုင္ဖို႔ ရည္မွန္းထားပါတယ္။ ၿဗိတိန္ အေျခစိုက္ AstraZeneca ေဆးကုမၸဏီက ေဆး သန္း ၂၀ ေရာင္းခ်ေပးဖို႔ သေဘာတူထားၿပီး ကာကြယ္ေဆးေတြ ေနာက္ႏွစ္အေစာပိုင္းေလာက္ကို ရဖို႔အေမရိကန္ Pfizer ေဆးကုမၸဏီအပါအဝင္ အေနာက္ႏိုင္ငံက ကုမၸဏီေတြ၊ တ႐ုတ္ေဆးကုမၸဏီေတြနဲ႔ ညႇိႏႈိင္းေနတယ္လို႔ ေျပာပါတယ္။ အခုထိ ဖိလစ္ပိုင္မွာ ကူးစက္သူေပါင္း ၄၂၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၈,၁၀၀ ေက်ာ္ရွိပါတယ္။

အိႏၵိယမွာ ဒီကေန႔ ကူးစက္သူ အသစ္ ၃၇,၉၀၀ ေက်ာ္နဲ႔ ေသဆုံးသူက ၄၈၀ ရွိပါတယ္။ အခုထိ ေရာဂါကူးစက္သူေပါင္း ၉.၁ သန္းနဲ႔ ေသဆုံးသူက ၁၃၄,၂၀၀ ေက်ာ္ရွိပါတယ္။ ၿမိဳ႕ႀကီးေတြမွာ ကူးစက္မႈႏႈန္းတက္ေနေသးတာေၾကာင့္ တင္းၾကပ္တဲ့ စည္းမ်ဥ္းကန္႔သတ္ခ်က္ေတြခ်မွတ္ေနပါတယ္။ ျပည္နယ္တခ်ိဳ႕က ၿမိဳ႕ေတြမွာ ညမထြက္ရ အမိန္႔ထုတ္ျပန္ဖို႔နဲ႔ ေက်ာင္းေတြကို ဆက္ၿပီးပိတ္ထားဖို႔ ျပည္နယ္အစိုးရေတြက ဆုံးျဖတ္ထားပါတယ္။

တ႐ုတ္မွာ ျပည္တြင္း COVID-19 ကူးစက္သူ ႏွစ္ဦးေတြ႔
please wait

No media source currently available

0:00 0:01:20 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်မှာ ပြည်တွင်း COVID-19 ကူးစက်သူ နှစ်ဦးတွေ့

အာရှတလွှား COVID – 19 ကူးစက်မှုတွေ မြင့်တက်နေဆဲဖြစ်ပြီး တရုတ်နိုင်ငံ Shanghai နဲ့ Tianjin မြို့တွေမှာ ဒီကနေ့ ပြည်တွင်း ကူးစက်သူ နှစ် ဦး ရှိပါတယ်။ ကူးစက်သူ တယောက်နှစ်ယောက်ကနေ ပိုများလာမှာကို စိုးရိမ်တဲ့အတွက် ထိန်းချုပ်မှုတွေကို လုပ်နေပါတယ်။ ပြည်ပကပြန်လာသူတွေထဲ ရောဂါကူးစက်သူ ၂၀ လောက်ရှိပါတယ်။ တနိုင်ငံလုံးအခုထိ ကူးစက်သူပေါင်း ၈၆,၄၀၀ ကျော်နဲ့ သေဆုံးသူ ၄၆၀၀ ကျော်ရှိပါတယ်။ Shangha မြို့ Pudong လေဆိပ်မှာလည်း အလုပ်သမား ၁၈,၀၀၀ နီးပါးကို ရောဂါစစ်ဆေးခဲ့ပြီး Fedex ပစ္စည်းပို့ဝန်ဆောင်လုပ်ငန်း အလုပ်သမား တဦးရောဂါကူးစက်နေတာတွေ့ရပါတယ်။ မကြာသေးခင်ရက်တွေကလည်း လေဆိပ် UPS ဝန်ထမ်း ၃ ယောက် COVID – 19 ကူးစက်တာကို တွေ့ရှိထားတာပါ။ သောကြာနေ့ကတည်းကနေ အခုထိ Shanghai မြို့မှာ ပြည်တွင်းကူးစက်သူ ၈ ယောက်ရှိပါတယ်။

ဖိလစ်ပိုင်မှာ နောင်နှစ်အတွင်း လူသန်း ၆၀ လောက်ကို COVID – 19 ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဗြိတိန် အခြေစိုက် AstraZeneca ဆေးကုမ္ပဏီက ဆေး သန်း ၂၀ ရောင်းချပေးဖို့ သဘောတူထားပြီး ကာကွယ်ဆေးတွေ နောက်နှစ်အစောပိုင်းလောက်ကို ရဖို့အမေရိကန် Pfizer ဆေးကုမ္ပဏီအပါအဝင် အနောက်နိုင်ငံက ကုမ္ပဏီတွေ၊ တရုတ်ဆေးကုမ္ပဏီတွေနဲ့ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။ အခုထိ ဖိလစ်ပိုင်မှာ ကူးစက်သူပေါင်း ၄၂၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၈,၁၀၀ ကျော်ရှိပါတယ်။

အိန္ဒိယမှာ ဒီကနေ့ ကူးစက်သူ အသစ် ၃၇,၉၀၀ ကျော်နဲ့ သေဆုံးသူက ၄၈၀ ရှိပါတယ်။ အခုထိ ရောဂါကူးစက်သူပေါင်း ၉.၁ သန်းနဲ့ သေဆုံးသူက ၁၃၄,၂၀၀ ကျော်ရှိပါတယ်။ မြို့ကြီးတွေမှာ ကူးစက်မှုနှုန်းတက်နေသေးတာကြောင့် တင်းကြပ်တဲ့ စည်းမျဉ်းကန့်သတ်ချက်တွေချမှတ်နေပါတယ်။ ပြည်နယ်တချို့က မြို့တွေမှာ ညမထွက်ရ အမိန့်ထုတ်ပြန်ဖို့နဲ့ ကျောင်းတွေကို ဆက်ပြီးပိတ်ထားဖို့ ပြည်နယ်အစိုးရတွေက ဆုံးဖြတ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG