သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မၾကာခင္ထြက္လာေတာ့မယ့္ COVID-19 ကာကြယ္ေဆး မွ်မွ်တတ ျဖန္႔ျဖဴးဖို႔ လိုအပ္ (WHO အႀကီးအကဲ)


World Health Organization (WHO) Director-General Tedros Adhanom Ghebreyesus

{{Zawgyi/Unicode}}
ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးအတြက္ အတည္ျပဳခ်က္ က်ေတာ့မယ့္အေနထားေတြ႔ေနခ်ိန္မွာပဲ ဒီကာကြယ္ေဆး ျဖန္႔ျဖဴးေရးမွာ တန္းတူညီမ ွ်ျဖစ္ေအာင္ ႏိုင္ငံတကာ အသိုင္းဝို္င္းက လုပ္ေဆာင္ဖုိ႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက တနလၤာေန႔မွာပန္ၾကားလိုက္ပါတယ္။

အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးစီမံခန္႔ခြဲေရးဌာန FDA နဲ႔ ဥေရာပေဆးဝါးဆိုင္ရာ စည္းမ်ဥ္းဥပေဒခ်မွတ္သူေတြ အတည္ျပဳေပးဖုိ႔ တင္သြင္းထားတဲ့ အေမရိကန္ ေဆးကုမၸဏီ Pfizer နဲ႔ ဂ်ာမဏီက BioNTech တို႔ရဲ့ COVID-19 ကာကြယ္ေဆးအပါအဝင္ ဒီေရာဂါကာကြယ္ေဆးထုတ္လုပ္မႈမွာ လတ္တေလာ ေအာင္ျမင္တိုးတက္မႈရွိလာတာအတြက္ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က တနလၤာေန႔ ဂ်နီဗာ သတင္းစာရွင္းလင္းပြဲမွာ ဂုဏ္ျပဳခ်ီးၾကဴးလိုက္ပါတယ္။

ကာကြယ္ေဆးထုတ္တဲ့ သမိုင္းမွာ အခုလို ကာကြယ္ေဆးတမ်ိဳးကို အျမန္ဆံုးထုတ္ႏို္င္တာ ဒါပထမဆံု ျဖစ္ေၾကာင္း ေျပာပါတယ္။ ဒါေပမယ့္ ဒီကာကြယ္ေဆးအသစ္ကို ကမာၻတလႊား ျဖန္႔ေဝရာမွာ တန္းတူညီမ ွ်မႈ ရွိေအာင္ စံအသစ္ သတ္မွတ္ရမွာ ျဖစ္ၿပီး ႏိုင္ငံ့အစိုးရတိုင္းက သူတို႔ႏိုင္ငံအတြက္ပဲ ဦးစားေပးခ်င္မွာ ျဖစ္ေပမယ့္ ဆင္းရဲတဲ့ ႏိုင္ငံေတြမွာပါ ရရွိေအာင္လုပ္ဖို႔လည္း အခုလိုပန္ၾကားခဲ့ပါတယ္။

"ကာကြယ္ေဆး ထုတ္ႏိုင္ဖုိ႔ အေရးတႀကီး လုပ္ေဆာင္ခဲ့ရသလိုပဲ ဒီေဆးကို မ ွ်မ ွ်တတ ျဖန္႔ေဝ ေပးဖို႔လည္း အလားတူ အေရးအႀကီး လုပ္ေဆာင္ရမွာ ျဖစ္ေၾကာင္း ေျပာၾကား ခဲ့တာပါ။
WHO အဖြဲ႔ႀကီးဟာ ဒီႏွစ္ဆန္းပိုင္းမွာပဲ တျခားအဖြဲ႔အစည္း ေတြနဲ႔ပူးေပါင္းၿပီး ဒီေရာဂါအတြက္ အရွိန္ျမွင့္ ေဆာင္ရြက္မယ့္ Access to COVID-19 Tools (ACT) အစီစဥ္ကို ခ်မွတ္ခဲ့သလို COVAX ေခၚ ကာကြယ္ေဆး အားလံုးညီတူညီမ ွ် ရေအာင္ လုပ္ေဆာင္ဖို႔ ပူးေပါင္းေဆာင္ရြက္ တဲ့ အဖြဲ႔ကို ဖြဲ႔စည္းခဲ့တာ ျဖစ္ပါတယ္။ အခုအခါမွာ ဒီအဖြဲ႔ထဲမွာ ႏိုင္ငံေပါင္း ၁၈၇ ႏိုင္ငံ ပါဝင္လာၿပီ ျဖစ္ေၾကာင္းလည္း WHO အႀကီးအကဲက ေျပာပါတယ္။

.............................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် အတည်ပြုချက် ကျတော့မယ့်အနေထားတွေ့နေချိန်မှာပဲ ဒီကာကွယ်ဆေး ဖြန့်ဖြူးရေးမှာ တန်းတူညီမ ျှဖြစ်အောင် နိုင်ငံတကာ အသိုင်းဝိုင်းက လုပ်ဆောင်ဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တနင်္လာနေ့မှာပန်ကြားလိုက်ပါတယ်။

အမေရိကန် အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန FDA နဲ့ ဥရောပဆေးဝါးဆိုင်ရာ စည်းမျဉ်းဥပဒေချမှတ်သူတွေ အတည်ပြုပေးဖို့ တင်သွင်းထားတဲ့ အမေရိကန် ဆေးကုမ္ပဏီ Pfizer နဲ့ ဂျာမဏီက BioNTech တို့ရဲ့ COVID-19 ကာကွယ်ဆေးအပါအဝင် ဒီရောဂါကာကွယ်ဆေးထုတ်လုပ်မှုမှာ လတ်တလော အောင်မြင်တိုးတက်မှုရှိလာတာအတွက် WHO အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့ ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာ ဂုဏ်ပြုချီးကြူးလိုက်ပါတယ်။

ကာကွယ်ဆေးထုတ်တဲ့ သမိုင်းမှာ အခုလို ကာကွယ်ဆေးတမျိုးကို အမြန်ဆုံးထုတ်နိုင်တာ ဒါပထမဆုံ ဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဒီကာကွယ်ဆေးအသစ်ကို ကမ္ဘာတလွှား ဖြန့်ဝေရာမှာ တန်းတူညီမ ျှမှု ရှိအောင် စံအသစ် သတ်မှတ်ရမှာ ဖြစ်ပြီး နိုင်ငံ့အစိုးရတိုင်းက သူတို့နိုင်ငံအတွက်ပဲ ဦးစားပေးချင်မှာ ဖြစ်ပေမယ့် ဆင်းရဲတဲ့ နိုင်ငံတွေမှာပါ ရရှိအောင်လုပ်ဖို့လည်း အခုလိုပန်ကြားခဲ့ပါတယ်။

"ကာကွယ်ဆေး ထုတ်နိုင်ဖို့ အရေးတကြီး လုပ်ဆောင်ခဲ့ရသလိုပဲ ဒီဆေးကို မ ျှမ ျှတတ ဖြန့်ဝေ ပေးဖို့လည်း အလားတူ အရေးအကြီး လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ပြောကြား ခဲ့တာပါ။

WHO အဖွဲ့ကြီးဟာ ဒီနှစ်ဆန်းပိုင်းမှာပဲ တခြားအဖွဲ့အစည်း တွေနဲ့ပူးပေါင်းပြီး ဒီရောဂါအတွက် အရှိန်မြှင့် ဆောင်ရွက်မယ့် Access to COVID-19 Tools (ACT) အစီစဉ်ကို ချမှတ်ခဲ့သလို COVAX ခေါ် ကာကွယ်ဆေး အားလုံးညီတူညီမ ျှ ရအောင် လုပ်ဆောင်ဖို့ ပူးပေါင်းဆောင်ရွက် တဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာ ဒီအဖွဲ့ထဲမှာ နိုင်ငံပေါင်း ၁၈၇ နိုင်ငံ ပါဝင်လာပြီ ဖြစ်ကြောင်းလည်း WHO အကြီးအကဲက ပြောပါတယ်။

XS
SM
MD
LG