သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ COVID-19 ကို Remdesivir နဲ႔ ကုသတဲ့ အေၾကာင္းအရင္း


အေမရိကန္ တကၠဆက္ျပည္နယ္တြင္ ကိုရိုနာဗိုင္းရပ္ေၾကာင့္ေသဆုံးမ်ားသယ္ေဆာင္လာစဥ္ (ႏိုဝင္ဘာလ ၁၆၊၂ဝ၂ဝ)

{{Zawgyi/Unicode}}

ၿပီးခဲ့တဲ့ သတင္းပတ္က WHO ကမၻာ့က်န္းမာေရးအဖြဲ႔ကေန Remdesivir ကို ကိုဗစ္လူနာကုသတဲ့ေနရာမွာ အသံုးမျပဳဖို႔ တားျမစ္ေၾကာင္း ေၾကညာလိုက္ေပမယ့္ အေမရိကန္မွာ ဒီေဆးကို တရား၀င္ ဆက္ၿပီးအသံုးျပဳေနတာပါ။

လက္ရွိ COVID-19 ကုသမႈနဲ႔ ကာကြယ္ေဆး ေနာက္ဆံုးအေျခအေနေတြနဲ႔ပတ္သက္လို႔ အေမရိကန္ ျပည္ေထာင္စု ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးဌာန CDC မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ေဒါက္တာမင္းမင္းစိုး ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္းႏိုင္ ။ ။ အေမရိကန္မွာ COVID-19 ကပ္ေရာဂါကု သေပးေနတဲ့ အဓိက Remdesivir ေဆးကို အခုဒီရက္ပိုင္းမွာ WHO ကမၻာ့က်န္းမာေရးအဖြဲ႔က တားျမစ္ေၾကာင္းေၾကညာလိုက္ပါတယ္။ ဒါဆို အေမရိကန္မွာ COVID-19 ကပ္ေရာဂါကို ဘာေဆးေတြနဲ႔ ကုသေပးေနလဲဆရာ။ ေနာက္ၿပီး Remdesivir ေဆးကို ကန္႔သတ္တားျမစ္ခ်က္အေပၚဘယ္လိုျမင္ပါလဲဆရာ။

ေဒါက္တာမင္းမင္း ။ ။ ကိုဗစ္ကုသတာကေတာ့ လူနာရဲ႕အေျခအေနအေပၚမႈတည္ၿပီး ကု သမႈေတြကမတူပါဘူး။ အမ်ားစုက သာမန္တုပ္ေကြးျဖစ္သလိုမ်ုိး ေခ်ာင္းဆိုး အဖ်ားတက္ ေတာ္ရုံတန္ရုံေဆးေသာက္ေပ်ာက္သြားတာပဲ။ အဲလိုမ်ဳိးဆို အခုနကေျပာတဲ့ Remdesivir ကို ဘာမွစဥ္းစားစရာမလိုပါဘူး။ က်ေနာ္တို႔ေၾကာက္တာက ေဆးရုံတက္ရေလာက္ေအာင္ အသက္ရႈၾကပ္လာၿပီး အဆုပ္ထိခိုက္မူမ်ားလာတာမ်ဳိးဆိုရင္ ကုသရတယ္။ ေဆးရုံတက္တဲ့သူတုိင္းကို Remdesivir ေပးတာမဟုတ္ပါဘူး။ လူနာရဲ႕လိုအပ္ခ်က္ေပၚမႈတည္ၿပီး Anti-Viral Remdesivir ေပးရတာ။ ၿပီးခဲ့တဲ့ (၆) လ (၇) လ ေလာက္က အဲဒီေဆးနဲ႔ကုၾကည့္ေတာ့ ေဆးရုံေတြမွာဘာသြားေတြ႔ရလဲဆိုေတာ့ Anti-Viral ရဲ႕ သေဘာက သူကေပ်ာ့တယ္။ သူရဲ႕အာနိသင္က ေပ်ာ့ေပ်ာ့ပဲထုတ္လို႔ရတယ္။ ျပင္းအားမ်ားရင္ ဗိုင္းရပ္ကိုတင္သာမက လူနာကိုပါသတ္သြားႏိုင္တယ္။ ဒါေၾကာင့္မိုလိုက်ေနာ္တို႔က ကာကြယ္ေဆး Vaccine ကိုေမွ်ာ္ေနၾကရတာ။ သစ္မရခင္မွာ ၀ါးနဲ႔ ကြပ္သလိုေပါ့။ ဒါေၾကာင့္ ကာကြယ္ေဆးမရခင္္မွာ Remdesivir နဲ႔ ထိန္းကု ဖို႔ႀကိဳးစားေနရတာ။ ဒါေပမဲ့ ဒီေဆးက ရာႏႈန္းျပည့္ ကုႏိုင္တာမဟုတ္ပါဘူး။ အဓိကက ေဆးရံုမွာ လူနာအေရအတြက္ ေလ်ာ့ခ်ႏိုင္ေရး ဒီေဆးနဲ႔ ကုတဲ့အခါမွာ လူနာေတြ ျမန္ျမန္ ေဆးရံုးက ဆင္းႏိုင္မယ္။ ဆိုေတာ့ ေနာက္ထပ္ လူနာအသစ္ေတြကို ပိုၿပီးလက္ခံဖို႔ အခြင့္အေရးပိုၿပီးရလာမယ္။ အဲဒီအေနထားနဲ႔ Remdesivir ကို ေရာဂါနဲနဲ ျပင္းထန္မႈရွိတဲ့လူနာေတြကို က်ေနာ္ေပးပါတယ္။

မအင္ၾကင္းႏိုင္ ။ ။ ကာကြယ္ေဆးေတြထြက္လာမယ့္ အေနအထားေရာဆရာ။ Pfizer တို႔ Moderna တို႔ရဲ႕ေျပာဆိုခ်က္အရ သူတို႔ထုတ္လုပ္မဲ့ေဆးေတြက ထိေရာက္မႈ (၉၅)ရာခိုင္ႏႈန္းေက်ာ္ေတာင္ရွိေနတယ္ဆိုေတာ့ ေမွ်ာ္လင့္ခ်က္က ဘယ္လိုရွိပါလဲ။

ေဒါက္တာမင္းမင္းစိုး ။ ။ ေမွ်ာ္လင့္ခ်က္က အားရစရာေကာင္းပါတယ္။ တစ္အခ်က္က လူေတြကို ဆိုးက်ဳိးမျဖစ္ေစဘူး။ ႏွစ္အခ်က္က (၉၅)ရာခိုင္ႏႈန္းထိေရာက္တယ္လို႔ေျပာပါတယ္။Pfizer က အစားအစာနဲ႔ ေဆးဝါးထုတ္လုပ္မႈႀကီးၾကပ္ေရးအဖြဲ႔ FDA ကို ေသာၾကာေန႔က တင္လိုက္ပါၿပီ။ ၿပီးရင္ ေရာဂါထိန္းခ်ဳပ္ေရးဌာန CDC နဲ႔ တႏိုင္ငံလုံးက က်န္းမာေရးဌာနေတြ၊ ဆရာဝန္ေတြနဲ႔ဖြဲ႔စည္းထားတဲ့ Vaccine Advisory Committee ကာကြယ္ေဆး ဆိုင္ရာ အႀကံေပးေကာ္မတီ က ျပန္သုံးသပ္မယ္။ အဲဒီလုိအဖြဲ႔စည္းေတြက ေၾကနပ္ခြင့္ျပဳတယ္ဆိုရင္ေတာ့ ကာကြယ္ေဆးကိုျဖန္႔ေဝေတာ့မွာေပါ့။ အဲဒီလိုပါပဲ Moderna ကာကြယ္ေဆးလည္း ခြင့္ျပဳမိန္႔တင္ေတာ့မယ္ထင္ပါတယ္။

မအင္ၾကင္းႏိုင္ ။. ။ အခုဆိုရင္ အေမရိကန္မွာ COVID-19 ကပ္ေရာဂါေၾကာင့္ ေသဆုံးသူက (၂)သိန္းေက်ာ္ေနၿပီ။ ဒါကိုေက်ာ္လႊားႏိုင္ဖို႔ဘယ္လိုေမွ်ာ္လင့္ခ်က္ေတြရွိႏိုင္မလဲ။

ေဒါက္တာ မင္းမင္းစိုး ။ ။ ကာကြယ္ေဆးက FDA ခြင့္ျပဳမိန္႔ရၿပီဆိုတာနဲ႔ စထုတ္ေတာ့မယ္။ ခ်က္ခ်င္းႀကီးအမ်ားႀကီးထုတ္မရတဲ့အတြက္ အခ်ိန္ေပးရပါမယ္။ တကမၻာလုံးအတြက္ဆိုရင္ ေရွ႕ႏွစ္ေဆာင္းရာသီအထိအခ်ိန္ေပးရမယ္လို႔ျမင္ပါတယ္။ ေဆာင္းရာသီဆိုရင္ ကိုဗစ္ကူးစက္မႈႏႈန္းကလည္း ပိုျမင့္လာတယ္။ ဒါေၾကာင့္ ေရွ႕ႏွစ္ ေဆာင္းရာသီမတိုင္ခင္ ကာကြယ္ေဆးထိုးႏိုင္ရင္ေတာ့ အေကာင္းဆုံးပဲ။ အမ်ားစုမွာ ကာကြယ္ေဆးထိုးႏိုင္ရင္ အမ်ားႀကီးအႏၱရာယ္ေလ်ာ့သြားပါၿပီ။ ဗိုင္းရပ္အေနနဲ႔ အသက္ရွင္ဖို႔သိပ္မလြယ္ေတာ့ဘူး။ ဥပမာ- ကာကြယ္ေဆးထိုးထားသူက အေယာက္ (၇၀)၊ မထိုးထားတဲ့သူက အေယာက္ (၃၀) ဆိုရင္ ဒါသိပ္ေၾကာက္စရာမလိုေတာ့ဘူး။ လူအမ်ားကာကြယ္ေဆးထိုးလိုက္ရင္ ဒီကပ္ေရာဂါႀကီးက တေျဖးေျဖးေပ်ာက္သြားမွာပါ။

အေမရိကန္ ျပည္ေထာင္စု ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးဌာန CDC မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ေဒါက္တာမင္းမင္းစိုး ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းခဲ့တာပါ။

...................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}
ပြီးခဲ့တဲ့ သတင်းပတ်က WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ Remdesivir ကို ကိုဗစ်လူနာကုသတဲ့နေရာမှာ အသုံးမပြုဖို့ တားမြစ်ကြောင်း ကြေညာလိုက်ပေမယ့် အမေရိကန်မှာ ဒီဆေးကို တရားဝင် ဆက်ပြီးအသုံးပြုနေတာပါ။

လက်ရှိ COVID-19 ကုသမှုနဲ့ ကာကွယ်ဆေး နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု ကူးစက်ရောဂါထိန်းချုပ်ရေးဌာန CDC မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာမင်းမင်းစိုး ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ အမေရိကန်မှာ COVID-19 ကပ်ရောဂါကု သပေးနေတဲ့ အဓိက Remdesivir ဆေးကို အခုဒီရက်ပိုင်းမှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တားမြစ်ကြောင်းကြေညာလိုက်ပါတယ်။ ဒါဆို အမေရိကန်မှာ COVID-19 ကပ်ရောဂါကို ဘာဆေးတွေနဲ့ ကုသပေးနေလဲဆရာ။ နောက်ပြီး Remdesivir ဆေးကို ကန့်သတ်တားမြစ်ချက်အပေါ်ဘယ်လိုမြင်ပါလဲဆရာ။

ဒေါက်တာမင်းမင်း ။ ။ ကိုဗစ်ကုသတာကတော့ လူနာရဲ့အခြေအနေအပေါ်မှုတည်ပြီး ကု သမှုတွေကမတူပါဘူး။ အများစုက သာမန်တုပ်ကွေးဖြစ်သလိုမျိုး ချောင်းဆိုး အဖျားတက် တော်ရုံတန်ရုံဆေးသောက်ပျောက်သွားတာပဲ။ အဲလိုမျိုးဆို အခုနကပြောတဲ့ Remdesivir ကို ဘာမှစဉ်းစားစရာမလိုပါဘူး။ ကျနော်တို့ကြောက်တာက ဆေးရုံတက်ရလောက်အောင် အသက်ရှုကြပ်လာပြီး အဆုပ်ထိခိုက်မူများလာတာမျိုးဆိုရင် ကုသရတယ်။ ဆေးရုံတက်တဲ့သူတိုင်းကို Remdesivir ပေးတာမဟုတ်ပါဘူး။ လူနာရဲ့လိုအပ်ချက်ပေါ်မှုတည်ပြီး Anti-Viral Remdesivir ပေးရတာ။ ပြီးခဲ့တဲ့ (၆) လ (၇) လ လောက်က အဲဒီဆေးနဲ့ကုကြည့်တော့ ဆေးရုံတွေမှာဘာသွားတွေ့ရလဲဆိုတော့ Anti-Viral ရဲ့ သဘောက သူကပျော့တယ်။ သူရဲ့အာနိသင်က ပျော့ပျော့ပဲထုတ်လို့ရတယ်။ ပြင်းအားများရင် ဗိုင်းရပ်ကိုတင်သာမက လူနာကိုပါသတ်သွားနိုင်တယ်။ ဒါကြောင့်မိုလိုကျနော်တို့က ကာကွယ်ဆေး Vaccine ကိုမျှော်နေကြရတာ။ သစ်မရခင်မှာ ဝါးနဲ့ ကွပ်သလိုပေါ့။ ဒါကြောင့် ကာကွယ်ဆေးမရခင်မှာ Remdesivir နဲ့ ထိန်းကု ဖို့ကြိုးစားနေရတာ။ ဒါပေမဲ့ ဒီဆေးက ရာနှုန်းပြည့် ကုနိုင်တာမဟုတ်ပါဘူး။ အဓိကက ဆေးရုံမှာ လူနာအရေအတွက် လျော့ချနိုင်ရေး ဒီဆေးနဲ့ ကုတဲ့အခါမှာ လူနာတွေ မြန်မြန် ဆေးရုံးက ဆင်းနိုင်မယ်။ ဆိုတော့ နောက်ထပ် လူနာအသစ်တွေကို ပိုပြီးလက်ခံဖို့ အခွင့်အရေးပိုပြီးရလာမယ်။ အဲဒီအနေထားနဲ့ Remdesivir ကို ရောဂါနဲနဲ ပြင်းထန်မှုရှိတဲ့လူနာတွေကို ကျနော်ပေးပါတယ်။

မအင်ကြင်းနိုင် ။ ။ ကာကွယ်ဆေးတွေထွက်လာမယ့် အနေအထားရောဆရာ။ Pfizer တို့ Moderna တို့ရဲ့ပြောဆိုချက်အရ သူတို့ထုတ်လုပ်မဲ့ဆေးတွေက ထိရောက်မှု (၉၅)ရာခိုင်နှုန်းကျော်တောင်ရှိနေတယ်ဆိုတော့ မျှော်လင့်ချက်က ဘယ်လိုရှိပါလဲ။

ဒေါက်တာမင်းမင်းစိုး ။ ။ မျှော်လင့်ချက်က အားရစရာကောင်းပါတယ်။ တစ်အချက်က လူတွေကို ဆိုးကျိုးမဖြစ်စေဘူး။ နှစ်အချက်က (၉၅)ရာခိုင်နှုန်းထိရောက်တယ်လို့ပြောပါတယ်။Pfizer က အစားအစာနဲ့ ဆေးဝါးထုတ်လုပ်မှုကြီးကြပ်ရေးအဖွဲ့ FDA ကို သောကြာနေ့က တင်လိုက်ပါပြီ။ ပြီးရင် ရောဂါထိန်းချုပ်ရေးဌာန CDC နဲ့ တနိုင်ငံလုံးက ကျန်းမာရေးဌာနတွေ၊ ဆရာဝန်တွေနဲ့ဖွဲ့စည်းထားတဲ့ Vaccine Advisory Committee ကာကွယ်ဆေး ဆိုင်ရာ အကြံပေးကော်မတီ က ပြန်သုံးသပ်မယ်။ အဲဒီလိုအဖွဲ့စည်းတွေက ကြေနပ်ခွင့်ပြုတယ်ဆိုရင်တော့ ကာကွယ်ဆေးကိုဖြန့်ဝေတော့မှာပေါ့။ အဲဒီလိုပါပဲ Moderna ကာကွယ်ဆေးလည်း ခွင့်ပြုမိန့်တင်တော့မယ်ထင်ပါတယ်။

မအင်ကြင်းနိုင် ။. ။ အခုဆိုရင် အမေရိကန်မှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူက (၂)သိန်းကျော်နေပြီ။ ဒါကိုကျော်လွှားနိုင်ဖို့ဘယ်လိုမျှော်လင့်ချက်တွေရှိနိုင်မလဲ။

ဒေါက်တာ မင်းမင်းစိုး ။ ။ ကာကွယ်ဆေးက FDA ခွင့်ပြုမိန့်ရပြီဆိုတာနဲ့ စထုတ်တော့မယ်။ ချက်ချင်းကြီးအများကြီးထုတ်မရတဲ့အတွက် အချိန်ပေးရပါမယ်။ တကမ္ဘာလုံးအတွက်ဆိုရင် ရှေ့နှစ်ဆောင်းရာသီအထိအချိန်ပေးရမယ်လို့မြင်ပါတယ်။ ဆောင်းရာသီဆိုရင် ကိုဗစ်ကူးစက်မှုနှုန်းကလည်း ပိုမြင့်လာတယ်။ ဒါကြောင့် ရှေ့နှစ် ဆောင်းရာသီမတိုင်ခင် ကာကွယ်ဆေးထိုးနိုင်ရင်တော့ အကောင်းဆုံးပဲ။ အများစုမှာ ကာကွယ်ဆေးထိုးနိုင်ရင် အများကြီးအန္တရာယ်လျော့သွားပါပြီ။ ဗိုင်းရပ်အနေနဲ့ အသက်ရှင်ဖို့သိပ်မလွယ်တော့ဘူး။ ဥပမာ- ကာကွယ်ဆေးထိုးထားသူက အယောက် (၇၀)၊ မထိုးထားတဲ့သူက အယောက် (၃၀) ဆိုရင် ဒါသိပ်ကြောက်စရာမလိုတော့ဘူး။ လူအများကာကွယ်ဆေးထိုးလိုက်ရင် ဒီကပ်ရောဂါကြီးက တဖြေးဖြေးပျောက်သွားမှာပါ။

အမေရိကန် ပြည်ထောင်စု ကူးစက်ရောဂါထိန်းချုပ်ရေးဌာန CDC မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာမင်းမင်းစိုး ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG