[Zawgyi/Unicode]
COVID-19 သုေတသနလုပ္ငန္းေတြနဲ႔ ကာကြယ္ေဆးစမ္းသပ္မႈေတြမွာ သိသိသာသာ တိုးတက္မႈေတြရွိေနတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ၫႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus ကေျပာပါတယ္။
"ကာကြယ္ေဆး စမ္းသပ္မႈေတြမွာ အလားအလာေကာင္းေတြ ရွိတဲ့ သတင္းေတြေၾကာင့္ ကပ္ေရာဂါႀကီးအဆုံးသတ္ဖို႔ ေမွ်ာ္လင့္ခ်က္အလင္းတန္းကို ျမင္ေနရပါၿပီ။ ကာကြယ္ေဆးနဲ႔အတူ တျခားက်န္းမာေရးဆိုင္ရာ စည္းမ်ဥ္းသတ္မွတ္ခ်က္ေတြနဲ႔ ဒီကပ္ေရာဂါႀကီးကို ေက်ာ္လႊားႏိုင္ေတာ့မွာပါ။" လို႔ WHO ၫႊန္ၾကားေရးမွဴးခ်ဳပ္ Tedros က တနလၤာေန႔ သတင္းစာရွင္းလင္းပြဲအတြင္းေျပာၾကားခဲ့တာပါ။
ႏိုင္ငံတကာအေနနဲ႔ ကာကြယ္ေဆး ရယူ၊ ျဖန္႔ျဖဴးႏိုင္ေရး စံႏႈန္းအသစ္ေတြ ခ်မွတ္ထားဖို႔ အေရးတႀကီး လိုအပ္လိမ့္မယ္လို႔လည္း Tedros က ေျပာပါတယ္။
COVID-19 သုေတသနလုပ္ငန္းေတြနဲ႔ ကာကြယ္ေဆး စမ္းသပ္မႈေတြမွာ အလားအလာေကာင္းတဲ့ တိုးတက္မႈေတြရွိေနသလို WHO ရဲ႕ အားေပးကူညီမႈနဲ႔ ေနာက္ထပ္ ကာကြယ္ေဆးေတြကို စမ္းသပ္ ထုတ္လုပ္ သြားႏိုင္ဖို႔ ေမွ်ာ္လင့္တယ္လို႔လည္း WHO သိပၸံပညာရွင္ အႀကီးအကဲ Soumya Swaminathan ကေျပာပါတယ္။
ဒီသီတင္းပတ္ေတြအတြင္း COVID-19 ကူးစက္မႈႏႈန္းသိသိသာသာ ျမင့္တက္လာေနတယ္လို႔လည္း ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ေသာၾကာေန႔က သတိေပးခဲ့ပါတယ္။
[Unicode Version]
COVID-19 သုတေသနနဲ့ ကာကွယ်ဆေးဆိုင်ရာ တိုးတက်မှု WHO ချီးကျူးပြောဆို
COVID-19 သုတေသနလုပ်ငန်းတွေနဲ့ ကာကွယ်ဆေးစမ်းသပ်မှုတွေမှာ သိသိသာသာ တိုးတက်မှုတွေရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကပြောပါတယ်။
"ကာကွယ်ဆေး စမ်းသပ်မှုတွေမှာ အလားအလာကောင်းတွေ ရှိတဲ့ သတင်းတွေကြောင့် ကပ်ရောဂါကြီးအဆုံးသတ်ဖို့ မျှော်လင့်ချက်အလင်းတန်းကို မြင်နေရပါပြီ။ ကာကွယ်ဆေးနဲ့အတူ တခြားကျန်းမာရေးဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့ ဒီကပ်ရောဂါကြီးကို ကျော်လွှားနိုင်တော့မှာပါ။" လို့ WHO ညွှန်ကြားရေးမှူးချုပ် Tedros က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲအတွင်းပြောကြားခဲ့တာပါ။
နိုင်ငံတကာအနေနဲ့ ကာကွယ်ဆေး ရယူ၊ ဖြန့်ဖြူးနိုင်ရေး စံနှုန်းအသစ်တွေ ချမှတ်ထားဖို့ အရေးတကြီး လိုအပ်လိမ့်မယ်လို့လည်း Tedros က ပြောပါတယ်။
COVID-19 သုတေသနလုပ်ငန်းတွေနဲ့ ကာကွယ်ဆေး စမ်းသပ်မှုတွေမှာ အလားအလာကောင်းတဲ့ တိုးတက်မှုတွေရှိနေသလို WHO ရဲ့ အားပေးကူညီမှုနဲ့ နောက်ထပ် ကာကွယ်ဆေးတွေကို စမ်းသပ် ထုတ်လုပ် သွားနိုင်ဖို့ မျှော်လင့်တယ်လို့လည်း WHO သိပ္ပံပညာရှင် အကြီးအကဲ Soumya Swaminathan ကပြောပါတယ်။
ဒီသီတင်းပတ်တွေအတွင်း COVID-19 ကူးစက်မှုနှုန်းသိသိသာသာ မြင့်တက်လာနေတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သောကြာနေ့က သတိပေးခဲ့ပါတယ်။