သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ နဲ႔ ဂ်ပန္ ဝန္ႀကီး ၂ ဦး တိုက်ိဳမွာ ေတြ႕ဆံု


တရုတ္ ႏုိင္ငံျခားေရး ၀န္ႀကီး Wang Yi နဲ႔ ဂ်ပန္ ႏုိင္ငံျခားေရး ၀န္ႀကီး Toshimitsu Motegi တို႔ ေတြ႔ဆံု

(Zawgyi/Unicode)

တရုတ္ ႏုိင္ငံျခားေရး ၀န္ႀကီး Wang Yi နဲ႔ ဂ်ပန္ ႏုိင္ငံျခားေရး ၀န္ႀကီး Toshimitsu Motegi တို႔ ဂ်ပန္ႏုိင္ငံ ၿမိဳ႕ေတာ္ တိုက်ိဳမွာ အဂၤါေန႔က ေတြ႔ဆံုၿပီး တရုတ္ရဲ႕ ၾသဇာႀကီးလာမႈေၾကာင့္ ေဒသတြင္း စိုးရိမ္မႈ၊ ႏွစ္ႏုိင္ငံ စီးပြားေရး ေဆာင္ရြက္ခ်က္ေတြနဲ႔ COVID19 ကိစၥ၊ အပါအ၀င္ ကိစၥရပ္ အမ်ားအျပား ေဆြးေႏြးခဲ႔ၾကပါတယ္။

တရုတ္နဲ႔ ဂ်ပန္ ႏုိင္ငံျခားေရး ၀န္ႀကီးတို႔ရဲ႕ အခု ေတြ႔ဆံုမႈဟာ ဆိုရင္ ဂ်ပန္ ၀န္ႀကီးခ်ဳပ္ Yoshihide Suga ၀န္ႀကီးခ်ဳပ္ အျဖစ္ စၿပီး တာ၀န္ယူခဲ႔တဲ႔ စက္တင္ဘာလ ေနာက္ပိုင္း ပထမဆံုး အႀကိမ္ အဆင့္ျမင့္ အရာရွိႀကီးမ်ား ေတြ႔ဆံုမႈ ျဖစ္ပါတယ္။ COVID-19 ကပ္ေဘးေၾကာင့္ ႏွစ္ႏုိင္ငံ သံခင္းတမန္ခင္းမွာ လူပုဂၢိဳလ္ခ်င္း ေတြ႔ဆံုမႈေတြ အဟန္႔အတား ျဖစ္ေစပါတယ္။ ႏုိင္ငံျခားေရး ၀န္ႀကီး ၂ ဦးရဲ႕ ေဆြးေႏြးမႈေတြေနာက္ လုပ္တဲ႔ သတင္းစာရွင္းလင္းတာမွာေတာ့ ႏွစ္ဘက္ သံတမန္ေတြၾကား သေဘာတူညီခ်က္ အေတာ္မ်ားမ်ား ရေပမယ္႔ အေရွ႕တရုတ္ ပင္လယ္ အေရးနဲ႔ ပတ္သက္တဲ႔ ေဒသတြင္း လံုၿခံဳေရး ကိစၥကေတာ့ မေျပမလည္ ဆက္ရွိေနဆဲ အေျခအေနဆိုတာလည္း ရွင္းရွင္းလင္းလင္း ထြက္ေပၚလာပါတယ္။

Senkaku ကြ်န္းအနီး ေရျပင္ အေရး ဂ်ပန္ရဲ႕ အေနအထားကို ရွင္းျပခဲ႔ၿပီး တရုတ္ဘက္က အျပဳသေဘာ ေဆာင္ရြက္ဖို႔လည္း အျပင္းအထန္ တိုက္တြန္းေၾကာင္း၊ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဆက္လက္ ေဆြးေႏြးသြားမွာလည္း ျဖစ္တယ္လို႔ ဂ်ပန္ ႏုိင္ငံျခားေရး ၀န္ႀကီးက ေျပာဆိုခဲ႔ပါတယ္။ အေရွ႕တရုတ္ ပင္လယ္ျပင္ အတြင္းက ပိုင္ဆိုင္မႈ အျငင္းပြားေနတဲ႔ ကြ်န္းကို ဂ်ပန္က Senkaku လို႔ ေခၚၿပီး တရုတ္က Diaoyu လို႔ ေခၚတာပါ။

တရုတ္နုိင္ငံျခားေရး ၀န္ႀကီး Wang Yi က Diaoyu ကြ်န္းရဲ႕ အေျခအေနကို ၀န္ႀကီး Motegi လည္း ရွင္းျပသြားေၾကာင္း၊ ဒိုင္အိုးယု အနီးက အေျခအေနေတြကို တရုတ္ဘက္ကလည္း ေစာင့္ၾကည့္ေနေၾကာင္း ေျပာဆိုသြားတာပါ။ ဂ်ပန္ ငါးဖမ္းသေဘာၤတခ်ိဳ႕က ဒီ အျငင္းပြားေရျပင္ကို အႀကိမ္ႀကိမ္ ၀င္ေရာက္လာေနၿပီး တရုတ္ဘက္ကလည္း ေရြးခ်ယ္စရာ မရွိဘဲ လိုအပ္သလို တံု႔ုျပန္ေနရတာ ျဖစ္ေၾကာင္း ဒါက အေျခခံ အေျခအေနပါလို႔လည္း တရုတ္ႏုိင္ငံျခားေရး ၀န္ႀကီးက ေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

တရုတ် နဲ့ ဂျပန် ဝန်ကြီး ၂ ဦး တိုကျိုမှာ တွေ့ဆုံ

(Unicode)

တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Yi နဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Toshimitsu Motegi တို့ ဂျပန်နိုင်ငံ မြို့တော် တိုကျိုမှာ အင်္ဂါနေ့က တွေ့ဆုံပြီး တရုတ်ရဲ့ သြဇာကြီးလာမှုကြောင့် ဒေသတွင်း စိုးရိမ်မှု၊ နှစ်နိုင်ငံ စီးပွားရေး ဆောင်ရွက်ချက်တွေနဲ့ COVID19 ကိစ္စ၊ အပါအဝင် ကိစ္စရပ် အများအပြား ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်နဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးတို့ရဲ့ အခု တွေ့ဆုံမှုဟာ ဆိုရင် ဂျပန် ဝန်ကြီးချုပ် Yoshihide Suga ဝန်ကြီးချုပ် အဖြစ် စပြီး တာဝန်ယူခဲ့တဲ့ စက်တင်ဘာလ နောက်ပိုင်း ပထမဆုံး အကြိမ် အဆင့်မြင့် အရာရှိကြီးများ တွေ့ဆုံမှု ဖြစ်ပါတယ်။ COVID-19 ကပ်ဘေးကြောင့် နှစ်နိုင်ငံ သံခင်းတမန်ခင်းမှာ လူပုဂ္ဂိုလ်ချင်း တွေ့ဆုံမှုတွေ အဟန့်အတား ဖြစ်စေပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး ၂ ဦးရဲ့ ဆွေးနွေးမှုတွေနောက် လုပ်တဲ့ သတင်းစာရှင်းလင်းတာမှာတော့ နှစ်ဘက် သံတမန်တွေကြား သဘောတူညီချက် အတော်များများ ရပေမယ့် အရှေ့တရုတ် ပင်လယ် အရေးနဲ့ ပတ်သက်တဲ့ ဒေသတွင်း လုံခြုံရေး ကိစ္စကတော့ မပြေမလည် ဆက်ရှိနေဆဲ အခြေအနေဆိုတာလည်း ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာပါတယ်။

Senkaku ကျွန်းအနီး ရေပြင် အရေး ဂျပန်ရဲ့ အနေအထားကို ရှင်းပြခဲ့ပြီး တရုတ်ဘက်က အပြုသဘော ဆောင်ရွက်ဖို့လည်း အပြင်းအထန် တိုက်တွန်းကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးသွားမှာလည်း ဖြစ်တယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ အရှေ့တရုတ် ပင်လယ်ပြင် အတွင်းက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းကို ဂျပန်က Senkaku လို့ ခေါ်ပြီး တရုတ်က Diaoyu လို့ ခေါ်တာပါ။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က Diaoyu ကျွန်းရဲ့ အခြေအနေကို ဝန်ကြီး Motegi လည်း ရှင်းပြသွားကြောင်း၊ ဒိုင်အိုးယု အနီးက အခြေအနေတွေကို တရုတ်ဘက်ကလည်း စောင့်ကြည့်နေကြောင်း ပြောဆိုသွားတာပါ။ ဂျပန် ငါးဖမ်းသဘောၤတချို့က ဒီ အငြင်းပွားရေပြင်ကို အကြိမ်ကြိမ် ဝင်ရောက်လာနေပြီး တရုတ်ဘက်ကလည်း ရွေးချယ်စရာ မရှိဘဲ လိုအပ်သလို တုံ့ပြန်နေရတာ ဖြစ်ကြောင်း ဒါက အခြေခံ အခြေအနေပါလို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုသွားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG