သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ကိုေဝဖန္ဖို႔ ဂ်ပန္ နဲ႔ ေတာင္ကိုရီးယားကို ကန္တိုက္တြန္း


(Zawgyi/Unicode)

တ႐ုတ္နိုင္ငံက လူနည္းစု မူဆလင္ေတြကို ဖိႏွိပ္ဆက္ဆံေနတာနဲ႔ ေဟာင္ေကာင္နဲ႔ ထိုင္ဝမ္တို႔အေပၚ ျပဳမူဆက္ဆံေနမႈေတြအေပၚ ေဝဖန္ေျပာၾကားၾကဖို႔ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားနိုင္ငံေတြကို အေမရိကန္နိုင္ငံက တိုက္တြန္းလိုက္ပါတယ္။

ဂ်ပန္နဲ႔ ေတာင္ကိုရီးယားနိုင္ငံေတြက တ႐ုတ္တို႔ အားေပးေထာက္ခံတဲ့ ေဒသတြင္း ဘက္စုံ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ (RCEP) ကို ဒီ သီတင္းပတ္အကုန္မွာ လက္မွတ္ေရးထိုးခါနီးမွာ အေမရိကန္ ဒုတိယ လက္ေထာက္ နိုင္ငံျခား ေရး ဝန္ႀကီး Marc Knapper က အခုလို တဲ့တိုး တိုက္တြန္းလိုက္တာလည္း ျဖစ္ပါတယ္။ ေဒသတြင္း ဘက္စုံ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ (RCEP) ဟာ ကမၻာမွာ အႀကီးဆုံး လြတ္လပ္တဲ့ ကုန္သြယ္ေရး သေဘာတူညီခ်က္ တစ္ခု ျဖစ္လာနိုင္တာပါ။

ေတာင္ကိုရီးယား၊ ဂ်ပန္၊ ထိုင္ဝမ္နဲ႔ အေရွ႕ေတာင္အာရွနိုင္ငံေတြ အေနနဲ႔ အေမရိကန္ ျပည္ေထာင္စုနဲ႔ အတူလက္တြဲ အလုပ္လုပ္ၾကဖို႔ နဲ႔ ျပည္သူေတြရဲ့ ပုဂၢလိက သတင္းအခ်က္အလက္ေတြ တ႐ုတ္တို႔ လက္ကို ေရာက္မသြားဖို႔ အေရးႀကီးေၾကာင္းလည္း Marc Knapper က ေျပာပါတယ္။

Brookings Institution က အြန္လိုင္းက ျပဳလုပ္တဲ့ ေဆြးေႏြးပြဲမွာ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားဆိုင္ရာ ဒုလက္ေထာက္ဝန္ႀကီးျဖစ္သူ Knapper က အဲဒီ ႏွစ္နိုင္ငံနဲ႔ တ႐ုတ္တို႔အၾကား စီးပြားဆက္ဆံေရးမွာ သိမ္ေမြ႕ ႏူးညံ့တဲ့ အေနအထား ရွိတာကို နားလည္တယ္လို႔ လည္း ေျပာပါတယ္။

ကုန္သြယ္ စီးပြား ဆက္ဆံေရး ရွိေနတဲ့ အခ်က္ကို လစ္လ်ဴရႈၿပီး တ႐ုတ္နိုင္ငံရဲ့ ဆိုးရြားတဲ့ ျပဳမူခ်က္ေတြအေပၚ ေဝဖန္ေျပာၾကား ရမွာ ျဖစ္သလို အေမရိကန္နိုင္ငံလိုပဲ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားနိုင္ငံေတြကလည္း ဒီမိုကေရစီနဲ႔ လြတ္လပ္မႈေတြကို ကိုယ္စားျပဳၿပီး တ႐ုတ္နိုင္ငံကို ေဝဖန္ေျပာၾကားဖို႔ တာဝန္ရွိုတယ္လို႔လည္း Knapper က ေျပာပါတယ္။

အေမရိကန္နဲ႔ တ႐ုတ္တို႔ရဲ့ ကုန္သြယ္စစ္ပြဲနဲ႔ သမၼတ ေဒၚနယ္ထရမ့္ရဲ့ အေမရိကန္သာ ပထမ မူဝါဒကို က်င့္သုံးၿပီး အရင္ သမၼတ Barack Obama ရဲ့ အာရွကို ဗဟိုျပဳေရး Pivot Asia မူဝါဒကို အေလးမေပးေတာ့တာေၾကာင့္ ေဒသတြင္း ဘက္စုံ စီးပြားေရး ပူးေပါင္း ေဆာင္ရြက္မႈ (RECP) အယူအဆ ႀကီးထြားလာဖို႔ အခြင့္အေရး ရေစခဲ့တာျဖစ္ေၾကာင္း ရိုက္တာသတင္းက ေျပာပါတယ္။​

တိုက္႐ိုက္ လင့္ခ္


.................

(Unicode)

တရုတ်နိုင်ငံက လူနည်းစု မူဆလင်တွေကို ဖိနှိပ်ဆက်ဆံနေတာနဲ့ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့အပေါ် ပြုမူဆက်ဆံနေမှုတွေအပေါ် ဝေဖန်ပြောကြားကြဖို့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို အမေရိကန်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက တရုတ်တို့ အားပေးထောက်ခံတဲ့ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ကို ဒီ သီတင်းပတ်အကုန်မှာ လက်မှတ်ရေးထိုးခါနီးမှာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြား ရေး ဝန်ကြီး Marc Knapper က အခုလို တဲ့တိုး တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ဟာ ကမ္ဘာမှာ အကြီးဆုံး လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် တစ်ခု ဖြစ်လာနိုင်တာပါ။

တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အတူလက်တွဲ အလုပ်လုပ်ကြဖို့ နဲ့ ပြည်သူတွေရဲ့ ပုဂ္ဂလိက သတင်းအချက်အလက်တွေ တရုတ်တို့ လက်ကို ရောက်မသွားဖို့ အရေးကြီးကြောင်းလည်း Marc Knapper က ပြောပါတယ်။

Brookings Institution က အွန်လိုင်းက ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဂျပန်နဲ့ တောင်ကိုရီးယားဆိုင်ရာ ဒုလက်ထောက်ဝန်ကြီးဖြစ်သူ Knapperက အဲဒီ နှစ်နိုင်ငံနဲ့ တရုတ်တို့အကြား စီးပွားဆက်ဆံရေးမှာ သိမ်မွေ့ နူးညံ့တဲ့ အနေအထား ရှိတာကို နားလည်တယ်လို့ လည်း ပြောပါတယ်။

ကုန်သွယ် စီးပွား ဆက်ဆံရေး ရှိနေတဲ့ အချက်ကို လစ်လျူရှုပြီး တရုတ်နိုင်ငံရဲ့ ဆိုးရွားတဲ့ ပြုမူချက်တွေအပေါ် ဝေဖန်ပြောကြား ရမှာ ဖြစ်သလို အမေရိကန်နိုင်ငံလိုပဲ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကလည်း ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေကို ကိုယ်စားပြုပြီး တရုတ်နိုင်ငံကို ဝေဖန်ပြောကြားဖို့ တာဝန်ရှိုတယ်လို့လည်း Knapper က ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်စစ်ပွဲနဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်သာ ပထမ မူဝါဒကို ကျင့်သုံးပြီး အရင် သမ္မတ Barack Obama ရဲ့ အာရှကို ဗဟိုပြုရေး Pivot Asia မူဝါဒကို အလေးမပေးတော့တာကြောင့် ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (RECP) အယူအဆ ကြီးထွားလာဖို့ အခွင့်အရေး ရစေခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG