သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္အစိုးရလွ်ဳိ႕၀ွက္လုပ္ရပ္နဲ႔ ပတ္သက္သူတခ်ိဳ႕ ကန္ဖမ္းဆီး


(Zawgyi/Unicode)

တရုတ္အစိုးရရဲ႕ လွ်ဳိ႕၀ွက္အစီအစဥ္မွာ ပါ၀င္ပတ္သက္ေနတဲ့ လူ (၅)ဦးကို ဗုဒၶဟူးေန႔မွာ FBI အေမရိကန္ ဗဟိုစံုစမ္းစစ္ေဆးေရး ဗ်ဴရို က ဖမ္းဆီးလိုက္ပါတယ္။တရုတ္ရဲ႕ အက်င့္ပ်က္ျခစားမႈတိုက္ဖ်က္ေရး Fox Hunt စစ္ဆင္ေရးဆိုတဲ့ေခါင္းစဥ္နဲ႔ အေမရိကန္ကေန တရုတ္ကို ျပန္လာၾကဖို႔ လူေတြကုိ လႈံေဆာ္စည္းရံုးတဲ့အစီအစဥ္ရ သူတို႔ ငါးဦးဟာ တရုတ္ ျမဴနီစပယ္ အရာရွိေဟာင္းနဲ႔ အေမရိကန္ျပည္ေထာင္စုမွာ ေနထိုင္တဲ့ သူ႔မိသားစုကို တရုတ္ကို ျပန္ဖို႔ အတင္းအက်ပ္ျပဳလုပ္ခဲ့မႈမွာ ပါ၀င္ပတ္သက္ေနသူေတြျဖစ္ပါတယ္။

နယူးဂ်ာဆီ၊ နယူးေရာက္၊ ကာလီဖိုးနီးယား စတဲ့ျပည္နယ္ေတြမွာ ေနထိုင္ၾကတဲ့ အေမရိကန္ႏိုင္ငံသားတဦးအပါအ၀င္ အမ်ဳိးသားငါးဦးကို ဗုဒၶဟူးေန႔ နံနက္ခင္းအေစာပိုင္းမွာ ဖမ္းဆီးခဲ့တယ္လို႔ FBI အရာရွိေတြက ေျပာပါတယ္။ အဲဒီ လွ်ဳိ႕၀ွက္ႀကံစည္တဲ့ အစီအစဥ္နဲ႔ ပတ္သက္ေနတဲ့ အျခားသူ သံုးဦးကေတာ့ တရုတ္ႏိုင္ငံမွာ ဆက္ၿပီးရွိေနဆဲျဖစ္ပါတယ္။

သူတို႔ငါးဦးကို တရုတ္အစိုးရရဲ႕တရားမ၀င္ေထာက္လွမ္းေရးသမားေတြအျဖစ္ ေဆာင္ရြက္ခဲ့မႈနဲ႔ တရားစဲြဆိုထားေၾကာင္း အေမရိကန္ တရားေရးဌာနက ေျပာပါတယ္။

Fox Hunt စစ္ဆင္ေရးအစိတ္အပိုင္းအျဖစ္ အေမရိကန္ျပည္ေထာင္စုမွာ ေနထုိင္သူေတြကို ေႏွာင့္ယွက္၊ၿခိမ္းေျခာက္၊ အၾကပ္ကိုင္မႈေတြျပဳလုပ္ၿပီး တရုတ္ႏိုင္ငံကို ျပန္လာဖို႔ စည္းရံုးလႈပ္ရွားမႈမွာ သူတို႔ေတြ ပါ၀င္ခဲ့ေၾကာင္း စြပ္စဲြခံထားရတာျဖစ္ပါတယ္။

တ႐ုတ္သမၼတရွီက်င့္ဖ်င္ရဲ႕အဂတိလိုက္စားမႈတိုက္ဖ်က္ေရးအစီအစဥ္အျဖစ္ ၂၀၁၄ခုနွစ္မွာ Fox Hunt စစ္ဆင္ေရးကို စတင္ခဲ့တာျဖစ္ပါတယ္။ဒီအစီအစဥ္ရဲ႕ ရည္႐ြယ္ခ်က္မွာ နိုင္ငံျခားကိုထြက္ေျပးသြားတဲ့ေထာင္ေပါင္းမ်ားစြာေသာ အက်င့္ပ်က္ခ်စားထားတဲ့ တ႐ုတ္အရာရွိေတြနဲ႔ စီးပြားေရးသမားေတြကို ဖမ္းဆီးဖို႔ျဖစ္ပါတယ္။

အေမရိကန္အာဏာပိုင္ေတြကေတာ ဒီ Fox Hunt စစ္ဆင္ေရးဟာ ကမၻာတလႊားမွာရွိတဲ့ တရုတ္အတိုက္အခံေတြအေပၚ ပစ္မွတ္ထားဖို႔ ရည္ရြယ္တဲ့ ဥပေဒေဘာင္ကိုေက်ာ္လြန္တဲ့ ေနရပ္ျပန္ပို႔ေရး ႀကိဳးပမ္းမႈျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္



............
(Unicode)
တရုတ်အစိုးရရဲ့ လျှို့ဝှက်အစီအစဉ်မှာ ပါဝင်ပတ်သက်နေတဲ့ လူ (၅)ဦးကို ဗုဒ္ဓဟူးနေ့မှာ FBI အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရို က ဖမ်းဆီးလိုက်ပါတယ်။တရုတ်ရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးFox Hunt စစ်ဆင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်ကနေ တရုတ်ကို ပြန်လာကြဖို့ လူတွေကို လှုံဆော်စည်းရုံးတဲ့အစီအစဉ်ရ သူတို့ ငါးဦးဟာ တရုတ် မြူနီစပယ် အရာရှိဟောင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ သူ့မိသားစုကို တရုတ်ကို ပြန်ဖို့ အတင်းအကျပ်ပြုလုပ်ခဲ့မှုမှာ ပါဝင်ပတ်သက်နေသူတွေဖြစ်ပါတယ်။

နယူးဂျာဆီ၊ နယူးရောက်၊ ကာလီဖိုးနီးယား စတဲ့ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ အမေရိကန်နိုင်ငံသားတဦးအပါအဝင် အမျိုးသားငါးဦးကို ဗုဒ္ဓဟူးနေ့ နံနက်ခင်းအစောပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ FBI အရာရှိတွေက ပြောပါတယ်။ အဲဒီ လျှို့ဝှက်ကြံစည်တဲ့ အစီအစဉ်နဲ့ ပတ်သက်နေတဲ့ အခြားသူ သုံးဦးကတော့ တရုတ်နိုင်ငံမှာ ဆက်ပြီးရှိနေဆဲဖြစ်ပါတယ်။
သူတို့ငါးဦးကို တရုတ်အစိုးရရဲ့တရားမဝင်ထောက်လှမ်းရေးသမားတွေအဖြစ် ဆောင်ရွက်ခဲ့မှုနဲ့ တရားစွဲဆိုထားကြောင်း အမေရိကန် တရားရေးဌာနက ပြောပါတယ်။
Fox Hunt စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် အမေရိကန်ပြည်ထောင်စုမှာ နေထိုင်သူတွေကို နှောင့်ယှက်၊ခြိမ်းခြောက်၊ အကြပ်ကိုင်မှုတွေပြုလုပ်ပြီး တရုတ်နိုင်ငံကို ပြန်လာဖို့ စည်းရုံးလှုပ်ရှားမှုမှာ သူတို့တွေ ပါဝင်ခဲ့ကြောင်း စွပ်စွဲခံထားရတာဖြစ်ပါတယ်။

တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေးအစီအစဉ်အဖြစ် ၂၀၁၄ခုနှစ်မှာ Fox Hunt စစ်ဆင်ရေးကို စတင်ခဲ့တာဖြစ်ပါတယ်။ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်မှာ နိုင်ငံခြားကိုထွက်ပြေးသွားတဲ့ထောင်ပေါင်းများစွာသော အကျင့်ပျက်ချစားထားတဲ့ တရုတ်အရာရှိတွေနဲ့ စီးပွားရေးသမားတွေကို ဖမ်းဆီးဖို့ဖြစ်ပါတယ်။

အမေရိကန်အာဏာပိုင်တွေကတော ဒီ Fox Hunt စစ်ဆင်ရေးဟာ ကမ္ဘာတလွှားမှာရှိတဲ့ တရုတ်အတိုက်အခံတွေအပေါ် ပစ်မှတ်ထားဖို့ ရည်ရွယ်တဲ့ ဥပဒေဘောင်ကိုကျော်လွန်တဲ့ နေရပ်ပြန်ပို့ရေး ကြိုးပမ်းမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG