သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေတာင္တ႐ုတ္ပင္လယ္တြင္း အျငင္းပြားေရျပင္မွာ ဖိလစ္ပိုင္ စြမ္းအင္ရွာဖို႔ဆံုးျဖတ္


ဖိလစ္ပိုင္ႏိုင္ငံ စြမ္းအင္၀န္ႀကီး Alfonso Cusi

[Zawgyi/Unicode]

ေတာင္တ႐ုတ္ပင္လယ္တြင္း ေရနံနဲ႔ ဓာတ္ေငြ႔ရွာေဖြ တူးေဖာ္ေရးလုပ္ငန္းေတြ ၆ ႏွစ္ၾကာ ယာယီတားျမစ္ထားတဲ့ အမိန္႔ကို ဖိလစ္ပိုင္အစိုးရက ရုပ္သိမ္းလိုက္တာဟာ ကိုယ့္တႏုိင္ငံရဲ႕သေဘာထားနဲ႔ ဆံုးျဖတ္ခဲ့တာျဖစ္ေၾကာင္း ဖိလစ္ပိုင္စြမ္းအင္၀န္ႀကီးက ေသာၾကာေန႔မွာေျပာပါတယ္။

ေတာင္တရုတ္ပင္လယ္တြင္း စြမ္းအင္ရွာေဖြေရးလုပ္ငန္းေတြကို ဖိလစ္ပိုင္ႏုိင္ငံနဲ႔ ပူးေပါင္းလုပ္ကိုင္ႏုိင္ဖို႔ ေမ ွ်ာ္လင့္ေၾကာင္း တရုတ္ႏုိင္ငံျခားေရးဌာနေျပာခြင့္ရသူ Zhap Lijan က ေျပာထားခ်ိန္မွာပဲ ဖိလစ္ပိုင္အစိုးရရဲ ႔ ဆုံးျဖတ္ခ်က္ ထြက္ေပၚလာတာပါ။

ပိုင္ဆိုင္မႈအျငင္းပြားေနတဲ့ ေရျပင္မွာ စြမ္းအင္ရွာေဖြေရး ပူးတြဲလုပ္ေဆာင္ႏုိင္ေျခဆိုင္ရာ ႏွစ္ႏုိင္ငံ နားလည္မႈစာခၽြန္လႊာကို အခုဆံုးျဖတ္ခ်က္က ထိခိုက္ေစမွာမဟုတ္ဘူးလုိ႔ စြမ္းအင္၀န္ႀကီး Alfonso Cusi ကသတင္းေထာက္ေတြကိုေ ျပာပါတယ္။

တရုတ္နဲ႔ ေရျပင္ပိုင္နက္အျငင္းပြားမႈေတြေၾကာင့္ စြမ္းအင္ရွာေဖြေရးလုပ္ငန္းေတြရပ္ထားဖို႔ ၂၀၁၄ ခုႏွစ္မွာခ်မွတ္ခဲ့တဲ့ အမိန္႔ကို သမၼတ ရိုဒရီကို ဒူတာေတးက ရုပ္သိမ္းလိုက္တဲ့အတြက္ စြမ္းအင္ရွာေဖြေရးလုပ္ငန္းေတြ ျပန္စဖို႔နဲ႔ စြမ္းအင္၀န္ႀကီးဌာနအေနနဲ႔ လုပ္ငန္းစာခ်ဳပ္ေတြ ထုတ္ေပးႏုိုင္ဖို႔ လမ္းပြင့္သြားေစပါတယ္။ စြမ္းအင္ရင္းျမစ္ေတြ ေပါၾကြယ္လွတဲ့ ေတာင္တရုတ္ပင္လယ္ေရျပင္နယ္နိမိတ္ကို သူပိုင္အျဖစ္ တရုတ္ရဲ ႔တင္ျပခ်က္ကို ကုလသမဂၢ အျပည္ျပည္ဆုို္င္ရာ ခုံသမာဓိအဖြဲ႔က ၂၀၁၆ ခုႏွစ္မွာ ပယ္ခ်ခဲ့တဲ့အေပၚ သမၼတ ဒူတာေတးက ၿပီးခဲ့တဲ့လမွာ အျပင္းထန္ဆုံး ကာကြယ္ေျပာဆိုၿပီးတဲ့ေနာက္ ေရနံရွာေဖြေရး ယာယီတားျမစ္မိန္႔ကို ခုလို ရပ္နားလိုက္တာလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားရေပြင်မှာ ဖိလစ်ပိုင် စွမ်းအင်ရှာဖို့ဆုံးဖြတ်

တောင်တရုတ်ပင်လယ်တွင်း ရေနံနဲ့ ဓာတ်ငွေ့ရှာဖွေ တူးဖော်ရေးလုပ်ငန်းတွေ ၆ နှစ်ကြာ ယာယီတားမြစ်ထားတဲ့ အမိန့်ကို ဖိလစ်ပိုင်အစိုးရက ရုပ်သိမ်းလိုက်တာဟာ ကိုယ့်တနိုင်ငံရဲ့သဘောထားနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဖိလစ်ပိုင်စွမ်းအင်ဝန်ကြီးက သောကြာနေ့မှာပြောပါတယ်။

တောင်တရုတ်ပင်လယ်တွင်း စွမ်းအင်ရှာဖွေရေးလုပ်ငန်းတွေကို ဖိလစ်ပိုင်နိုင်ငံနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ မေ ျှာ်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Zhap Lijan က ပြောထားချိန်မှာပဲ ဖိလစ်ပိုင်အစိုးရရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပြင်မှာ စွမ်းအင်ရှာဖွေရေး ပူးတွဲလုပ်ဆောင်နိုင်ခြေဆိုင်ရာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကို အခုဆုံးဖြတ်ချက်က ထိခိုက်စေမှာမဟုတ်ဘူးလို့ စွမ်းအင်ဝန်ကြီး Alfonso Cusi ကသတင်းထောက်တွေကိုေ ပြာပါတယ်။

တရုတ်နဲ့ ရေပြင်ပိုင်နက်အငြင်းပွားမှုတွေကြောင့် စွမ်းအင်ရှာဖွေရေးလုပ်ငန်းတွေရပ်ထားဖို့ ၂၀၁၄ ခုနှစ်မှာချမှတ်ခဲ့တဲ့ အမိန့်ကို သမ္မတ ရိုဒရီကို ဒူတာတေးက ရုပ်သိမ်းလိုက်တဲ့အတွက် စွမ်းအင်ရှာဖွေရေးလုပ်ငန်းတွေ ပြန်စဖို့နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းစာချုပ်တွေ ထုတ်ပေးနိုင်ဖို့ လမ်းပွင့်သွားစေပါတယ်။ စွမ်းအင်ရင်းမြစ်တွေ ပေါကြွယ်လှတဲ့ တောင်တရုတ်ပင်လယ်ရေပြင်နယ်နိမိတ်ကို သူပိုင်အဖြစ် တရုတ်ရဲ့တင်ပြချက်ကို ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ခုံသမာဓိအဖွဲ့က ၂၀၁၆ ခုနှစ်မှာ ပယ်ချခဲ့တဲ့အပေါ် သမ္မတ ဒူတာတေးက ပြီးခဲ့တဲ့လမှာ အပြင်းထန်ဆုံး ကာကွယ်ပြောဆိုပြီးတဲ့နောက် ရေနံရှာဖွေရေး ယာယီတားမြစ်မိန့်ကို ခုလို ရပ်နားလိုက်တာလည်းဖြစ်ပါတယ်။

XS
SM
MD
LG