သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အျငင္းပြား ကၽြန္းစုေတြအနီး တ႐ုတ္ေရယာဥ္ေတြ ဝင္ေရာက္မႈ ဂ်ပန္ကန္႔ကြက္


ဂ်ပန္နဲ႔ တ႐ုတ္ ပုိင္ဆုိင္မႈ အျငင္းပြားေနတဲ့ ကၽြန္းစုမ်ား။ (စက္တင္ဘာ ၂၀၁၂)

(Zawgyi / Unicode)

အေရွ႕တ႐ုတ္ပင္လယ္ျပင္ အတြင္းက ပိုင္ဆိုင္မႈ အျငင္းပြားေနၿပီး ဂ်ပန္ဘက္က သူတို႔ပိုင္တယ္လို႔ ေျပာထားတဲ႔ ကၽြန္းေတြအနီးကို တ႐ုတ္ေရယာဥ္ ၂ စင္း ဝင္လာတယ္လို႔ ဂ်ပန္ ကမ္းေျခေစာင့္တပ္က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ဒီႏွစ္အတြင္း တ႐ုတ္ဘက္က ဂ်ပန္ေရပိုင္နက္ထဲကို ဝင္လာတာ ၂၁ ႀကိမ္တိတိ ရွိၿပီျဖစ္ေၾကာင္း၊ အခုတႀကိမ္ကေတာ့ ၾသဂုတ္လေႏွာင္းပိုင္း ပထမဆံုးအႀကိမ္ ဝင္ေရာက္မႈျဖစ္ေၾကာင္း ဂ်ပန္ ကမ္းေျခေစာင့္တပ္ တာဝန္ရွိသူက ေျပာပါတယ္။

တ႐ုတ္က Diaoyu လို႔ေခၚၿပီး ဂ်ပန္က Senkaku လို႔ေခၚတဲ့ ႏွစ္ႏုိင္ငံပိုင္ဆိုင္မႈ အျငင္းပြားေနတဲ႔ ကၽြန္းစုအနီး ပင္လယ္ျပင္အတြင္း ခ်ဥ္းနင္းဝင္ေရာက္မႈကို ဂ်ပန္ဘက္က ကန္႔ကြက္ထားပါတယ္။

တနဂၤေႏြေန႔ မနက္ ၁၀ နာရီ ၄၅ မိနစ္ေလာက္မွာ တ႐ုတ္ ကမ္းေျခေစာင့္တပ္ဖြဲ႔က ေရယာဥ္ ၂ စင္းက ကၽြန္းစုအနီး ေရျပင္ကို ခ်ဥ္းနင္းဝင္ေရာက္လာၿပီး ဂ်ပန္ ငါးဖမ္းစက္ေလွအနီးကို ခ်ဥ္းကပ္ခဲ့ေၾကာင္း၊ အဲဒီေနရာတဝုိက္ကို ဂ်ပန္ ကမ္းေျခေစာင့္တပ္က ကင္းလွည့္ေရယာဥ္ေတြ တပ္ခ်ထားေၾကာင္း ဂ်ပန္ က်ိဳဒိုသတင္းက ေဖာ္ျပပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏုိင္ငံျခားေရးဌာနကို ႐ုိက္တာ သတင္းေအဂ်င္စီက ဆက္သြယ္ခဲ့ေပမယ့္လည္း တုံ႔ျပန္ေျဖၾကားခ်က္ မရေသးပါဘူး။

တ႐ုတ္ ကာကြယ္ေရးဝန္ႀကီးဌာနကိုလည္း လက္ရွိမွာေတာ့ ဆက္သြယ္လို႔ မရေသးေၾကာင္း ႐ုိက္တာသတင္းက ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

အငြင်းပွား ကျွန်းစုတွေအနီး တရုတ်ရေယာဉ်တွေ ဝင်ရောက်မှု ဂျပန်ကန့်ကွက်

အရှေ့တရုတ်ပင်လယ်ပြင် အတွင်းက ပိုင်ဆိုင်မှု အငြင်းပွားနေပြီး ဂျပန်ဘက်က သူတို့ပိုင်တယ်လို့ ပြောထားတဲ့ ကျွန်းတွေအနီးကို တရုတ်ရေယာဉ် ၂ စင်း ဝင်လာတယ်လို့ ဂျပန် ကမ်းခြေစောင့်တပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒီနှစ်အတွင်း တရုတ်ဘက်က ဂျပန်ရေပိုင်နက်ထဲကို ဝင်လာတာ ၂၁ ကြိမ်တိတိ ရှိပြီဖြစ်ကြောင်း၊ အခုတကြိမ်ကတော့ သြဂုတ်လနှောင်းပိုင်း ပထမဆုံးအကြိမ် ဝင်ရောက်မှုဖြစ်ကြောင်း ဂျပန် ကမ်းခြေစောင့်တပ် တာဝန်ရှိသူက ပြောပါတယ်။

တရုတ်က Diaoyu လို့ခေါ်ပြီး ဂျပန်က Senkaku လို့ခေါ်တဲ့ နှစ်နိုင်ငံပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းစုအနီး ပင်လယ်ပြင်အတွင်း ချဉ်းနင်းဝင်ရောက်မှုကို ဂျပန်ဘက်က ကန့်ကွက်ထားပါတယ်။

တနင်္ဂနွေနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်လောက်မှာ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က ရေယာဉ် ၂ စင်းက ကျွန်းစုအနီး ရေပြင်ကို ချဉ်းနင်းဝင်ရောက်လာပြီး ဂျပန် ငါးဖမ်းစက်လှေအနီးကို ချဉ်းကပ်ခဲ့ကြောင်း၊ အဲဒီနေရာတဝိုက်ကို ဂျပန် ကမ်းခြေစောင့်တပ်က ကင်းလှည့်ရေယာဉ်တွေ တပ်ချထားကြောင်း ဂျပန် ကျိုဒိုသတင်းက ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာနကို ရိုက်တာ သတင်းအေဂျင်စီက ဆက်သွယ်ခဲ့ပေမယ့်လည်း တုံ့ပြန်ဖြေကြားချက် မရသေးပါဘူး။

တရုတ် ကာကွယ်ရေးဝန်ကြီးဌာနကိုလည်း လက်ရှိမှာတော့ ဆက်သွယ်လို့ မရသေးကြောင်း ရိုက်တာသတင်းက ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG