သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ်သစ်နဲ့ တရုတ်သမ္မတတို့ တယ်လီဖုန်းနဲ့ ဆွေးနွေး


(Zawgyi/Unicode)

ဒေသတွင်းနဲ့ နိုင်ငံတကာမှာ တည်ငြိမ်မှု ရရှိစေရေး ဂျပန်နဲ့ တရုတ် ၂ နိုင်ငံအကြား အဆင့်မြင့် ဆွေးနွေး ပွဲတွေ လုပ်ဆောင်သွားဖို့ တရုတ် သမ္မတ Xi Jinping နဲ့ သဘောတူညီခဲ့တယ်လို့ဂျပန် ဝန်ကြီးချုပ်သစ် Yoshihide Suga က ပြောပါတယ်။

“ ဂျပန်နဲ့ တရုတ် ဆက်ဆံရေး တည်ငြိမ်ဖို့က နှစ်နိုင်ငံ အတွက်သာမကဘူး အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအတွက်လည်း အရေး ကြီးကြောင်းကို သမ္မတ ရှီဂျင်းပင်းကို ပြောခဲ့ကြောင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နှစ်နိုင်ငံက အဆင့်မြင့် ပုဂ္ဂိုလ်တွေအကြား နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီခဲ့ကြောင်း” ဂျပန်ဝန်ကြီးချုပ် Suga က NHK သတင်းဌာနကို ပြောကြားသွားတာ ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်သစ် Yoshihide Suga က သောကြာနေ့က တရုတ် သမ္မတ ရှီနဲ့ ပထမဦးဆုံးအကြိမ်ဖြစ် က တယ်လီဖုန်းနဲ့ ဆက်သွယ်စကား ပြောခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို စကားပြောရာမှာ တရုတ် သမ္မတ Xi က ဂျပန်နဲ့ တရုတ် နှစ်နိုင်ငံအကြား ကျယ်ပြောတဲ့ ဘုံ အကျိုး စီးပွား ရှိသလို ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်လည်း ကြီးကြီးမားမားရှိနေကြောင်း၊ ဒါကြောင့် ကုန်ပစ္စည်း ထောက်ပို့ရေးဖြစ်စဉ် Supply chain တည်ငြိမ်ဖို့အရေးနဲ့ ပွင့်လင်းတဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို နှစ်နိုင်ငံ ပူးတွဲ ထိန်းသိမ်းသွားဖို့ မျှော်လင့်မိတယ်လို့ ပြောကြောင်း တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက ပြောပါတယ်။

ဒီလထဲ ဂျပန် ဝန်ကြီးချုပ်သစ် ဖြစ်လာသူ Suga က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်း ကတဆင့် စကားပြောခဲ့ပါသေးတယ်။ ဝန်ကြီးချုပ် Suga အနေနဲ့ လတ်တလော ဆက်ဆံရေး တင်းမာနေတဲ့ အမေရိကန်နဲ့ တရုတ် နိုင်ငံ နှစ်နိုင်ငံစလုံးနဲ့ ဆက်ဆံရေး ပြေလည်အောင် ဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံက တရုတ်နိုင်ငံနဲ့ အရှေ့တရုတ်ပင်လယ်ထဲက ကျွန်းတွေ ပိုင်ဆိုင်မှုနဲ့ နယ်မြေ အငြင်းပွား မှု ရှိနေသလို ဒေသတွင်း တရုတ်နိုင်ငံက စစ်ရေး လှုပ်ရှားမှု တိုးမြှင့်ပြုလုပ်နေတဲံအပေါ်စိုးရိမ်မှုလည်း ရှိနေတာပါ။

ဒီနှစ် အစောပိုင်းက တရုတ် သမ္မတ Xi Jinping ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ရှိပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးစဉ် ဖျက်သိမ်းလိုက်ရပါတယ်။ သောကြာနေ့က စကားပြောရာမှာ တရုတ်သမ္မတ ဂျပန်နိုင်ငံကို လာလည်ရေးကိစ္စကိုတော့ မဆွေးနွေး ဖြစ်ဘူးလို့ ဝန်ကြီးချုပ် Suga က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်



..............

(Unicode)







XS
SM
MD
LG