သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္မွာရက္ရွည္ေနထုိင္ခြင့္ရထားသူေတြကုိ ေအာက္တုိဘာမွာ ျပန္၀င္ခြင့္ျပဳမည္


(Zawgyi/Unicode)

ဂ်ပန္နိုင္ငံမွာ ရက္ရွည္ ေနထိုင္ခြင့္ရရွိထားသူ နိုင္ငံျခားသားေတြကို ေအာက္တိုဘာလကစၿပီး ဂ်ပန္နိုင္ငံအတြင္း ျပန္လည္ ဝင္ေရာက္ ခြင့္ ျပဳမယ္လို႔ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ Yoshihide Suga က ေသာၾကာေန႔က ေၾကညာလိုက္ပါတယ္။ အဲဒီလို ျပန္လည္ ဝင္ေရာက္ ခြင့္ျပဳမယ့္ သူေတြထဲ ေက်ာင္းသားေတြပါဝင္မွာ ျဖစ္ေပမယ့္ ခရီးသြား ဧည့္သည္ေတြကိုေတာ့ ဝင္ခြင့္ျပဳဦးမွာ မဟုတ္ပါဘူး။

ဂ်ပန္ ဝန္ႀကီးခ်ဳပ္ရဲ့ ေၾကညာခ်က္ဟာ ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရး ကန္႔သတ္ခ်က္ေတြကို သိသိသာသာ ေလၽွာ့ခ်ေပးလိုက္တာ ကို ျပသလိုက္တာလည္း ျဖစ္ပါတယ္။

စီးပြားေရး ျပန္လည္ ဦးေမာ့လာေစဖို႔ နိုင္ငံတကာ ခရီးသြားလာမႈကို ျပန္ဖြင့္ေပးဖို႔က မျဖစ္မေန လုပ္ရမယ့္ကိစၥတစ္ခုျဖစ္တယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ Suga က ေျပာပါတယ္။

အခုလို တားျမစ္ခ်က္ေတြ ေျဖေလၽွာ့ေပးတာက ဂ်ပန္နိုင္ငံအတြင္း တကၠသိုလ္ေတြ ေႏြဦး ရာသီ ျပန္ဖြင့္ခါနီးအခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။

ဒါ့အျပင္ အခု သီတင္းပတ္ေတြအတြင္း ဂ်ပန္နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း က်ဆင္းေနသလို ေလဆိပ္ေတြမွာလည္း ေရာဂါ စမ္းသပ္ စစ္ေဆးေတြကိုလည္း တိုးျမႇင့္ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

အခု အစီအစဥ္အရ ဂ်ပန္နိုင္ငံအတြင္း တေန႔တာ ဝင္ေရာက္ခြင့္ျပဳမယ့္ နိုင္ငံျခားသားဦးေရကို ၁၀၀၀ အထိသာ ကန္႔သတ္ထားမွာ ျဖစ္ပါတယ္။

ဂ်ပန္နိုင္ငံက ေလာေလာဆယ္ နိုင္ငံေပါင္း ၁၅၉ နိုင္ငံက နိုင္ငံသားေတြ ဂ်ပန္နိုင္ငံတြင္း ဝင္ေရာက္ခြင့္ကို ပိတ္ပင္ထားတာပါ။ ၁၄ ရက္အတြင္း အဲဒီ နိုင္ငံေတြကိုသြားေရာက္ၿပီး ဂ်ပန္နိုင္ငံကို ေရာက္လာသူေတြကိုလည္း ဝင္ေရာက္ခြင့္မျပဳပါဘူး။

ဒါေပမဲ့ နိုင္ငံျခားသားေတြ ဝင္ေရာက္ခြင့္ကို တျဖည္ျဖည္းခ်င္း ခြင့္ျပဳေနရာမွာ ဂ်ပန္နိုင္ငံတြင္း အျမဲတမ္းေနထိုင္ခြင့္ရသူ နိုင္ငံျခားသားေတြကို စက္တင္ဘာလအတြင္း ျပန္လည္ ဝင္ေရာက္ခြင့္ျပဳခဲ့ပါတယ္။

ျပည္ပမွာ ႏွစ္ၾကာေနထိုင္ေနသူ နိုင္ငံသားေတြနဲ႔ စကၤာပူနဲ႔ ထိုင္းနိုင္ငံ အပါအဝင္ တစ္ခ်ိဳ႕ အာရွနိုင္ငံေတြ နိုင္ငံျခားသား ရက္ရွည္ ေနထိုင္ခြင့္ရထားသူေတြကို ျပန္လည္ ဝင္ေရာက္ခြင့္ ျပဳထားသလို အစိုးရေတြက ေစလႊတ္တဲ့ နိုင္ငံျခားသား ပညာေတာ္ သင္ေတြကိုလည္း ဝင္ေရာက္ခြင့္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ဂျပန်မှာရက်ရှည်နေထိုင်ခွင့်ရထားသူတွေကို အောက်တိုဘာမှာ ပြန်ဝင်ခွင့်ပြုမည်
(Unicode)

ဂျပန်နိုင်ငံမှာ ရက်ရှည် နေထိုင်ခွင့်ရရှိထားသူ နိုင်ငံခြားသားတွေကို အောက်တိုဘာလကစပြီး ဂျပန်နိုင်ငံအတွင်း ပြန်လည် ဝင်ရောက် ခွင့် ပြုမယ်လို့ ဂျပန် ဝန်ကြီးချုပ် Yoshihide Suga က သောကြာနေ့က ကြေညာလိုက်ပါတယ်။ အဲဒီလို ပြန်လည် ဝင်ရောက် ခွင့်ပြုမယ့် သူတွေထဲ ကျောင်းသားတွေပါဝင်မှာ ဖြစ်ပေမယ့် ခရီးသွား ဧည့်သည်တွေကိုတော့ ဝင်ခွင့်ပြုဦးမှာ မဟုတ်ပါဘူး။

ဂျပန် ဝန်ကြီးချုပ်ရဲ့ ကြေညာချက်ဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကန့်သတ်ချက်တွေကို သိသိသာသာ လျှော့ချပေးလိုက်တာ ကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

စီးပွားရေး ပြန်လည် ဦးမော့လာစေဖို့ နိုင်ငံတကာ ခရီးသွားလာမှုကို ပြန်ဖွင့်ပေးဖို့က မဖြစ်မနေ လုပ်ရမယ့်ကိစ္စတစ်ခုဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် Suga က ပြောပါတယ်။

အခုလို တားမြစ်ချက်တွေ ဖြေလျှော့ပေးတာက ဂျပန်နိုင်ငံအတွင်း တက္ကသိုလ်တွေ နွေဦး ရာသီ ပြန်ဖွင့်ခါနီးအချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒါ့အပြင် အခု သီတင်းပတ်တွေအတွင်း ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ကျဆင်းနေသလို လေဆိပ်တွေမှာလည်း ရောဂါ စမ်းသပ် စစ်ဆေးတွေကိုလည်း တိုးမြှင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အခု အစီအစဉ်အရ ဂျပန်နိုင်ငံအတွင်း တနေ့တာ ဝင်ရောက်ခွင့်ပြုမယ့် နိုင်ငံခြားသားဦးရေကို ၁၀၀၀ အထိသာ ကန့်သတ်ထားမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက လောလောဆယ် နိုင်ငံပေါင်း ၁၅၉ နိုင်ငံက နိုင်ငံသားတွေ ဂျပန်နိုင်ငံတွင်း ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားတာပါ။ ၁၄ ရက်အတွင်း အဲဒီ နိုင်ငံတွေကိုသွားရောက်ပြီး ဂျပန်နိုင်ငံကို ရောက်လာသူတွေကိုလည်း ဝင်ရောက်ခွင့်မပြုပါဘူး။

ဒါပေမဲ့ နိုင်ငံခြားသားတွေ ဝင်ရောက်ခွင့်ကို တဖြည်ဖြည်းချင်း ခွင့်ပြုနေရာမှာ ဂျပန်နိုင်ငံတွင်း အမြဲတမ်းနေထိုင်ခွင့်ရသူ နိုင်ငံခြားသားတွေကို စက်တင်ဘာလအတွင်း ပြန်လည် ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။

ပြည်ပမှာ နှစ်ကြာနေထိုင်နေသူ နိုင်ငံသားတွေနဲ့ စင်္ကာပူနဲ့ ထိုင်းနိုင်ငံ အပါအဝင် တစ်ချို့ အာရှနိုင်ငံတွေ နိုင်ငံခြားသား ရက်ရှည် နေထိုင်ခွင့်ရထားသူတွေကို ပြန်လည် ဝင်ရောက်ခွင့် ပြုထားသလို အစိုးရတွေက စေလွှတ်တဲ့ နိုင်ငံခြားသား ပညာတော် သင်တွေကိုလည်း ဝင်ရောက်ခွင့်ပြုထားပါတယ်။

XS
SM
MD
LG