(Zawgyi / Unicode)
ဂ်ပန္ႏုိင္ငံ ေတာင္ပိုင္းကို ျပင္းထန္စြာ တိုက္ခတ္ေနတဲ့ အင္အားျပင္း တိုင္ဖုန္းမုန္တုိင္းေၾကာင့္ ေဒသခံျပည္သူ ၁.၈ သန္းကို ေဘးလြတ္ရာ ေျပာင္းေရႊ႕ၾကဖို႔ ဂ်ပန္အစိုးရက တနဂၤေႏြေန႔မွာ အမိန္႔ထုတ္ထားပါတယ္။
ေလျပင္းေရာ မုိးပါ တပါတည္း တိုက္ခတ္လာတဲ့ Haishen တုိင္ဖုန္းမုန္တုိင္းဟာ တနဂၤေႏြေန႔က ဂ်ပန္ေတာင္ဘက္ ေအာက္ပိုင္းက ကၽြန္းေတြကို ျဖတ္သန္းရင္း ေတာင္ပိုင္း က်ဴ႐ွဴးကၽြန္းကို ခ်ဥ္းကပ္လာခ်ိန္မွာ တစစ အားေပ်ာ့သြားပါတယ္။
ဒါေပမယ့္လည္း ဒီမုန္တိုင္းအရွိန္က စံခ်ိန္တင္ေလာက္တဲ့ မုိးသည္းထန္မႈနဲ႔ ေျမၿပိဳတာေတြ ရွိလာႏိုင္ေၾကာင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးကလည္း သတိေပးထားပါတယ္။ အဲဒီေဒသက ေထာင္ခ်ီတဲ့ ေနအိမ္ေတြ လွ်ပ္စစ္မီး ျပတ္ေတာက္ေနပါတယ္။
Haishen တုိင္ဖုန္းမုန္တုိင္းဟာ ဂ်ပန္ကၽြန္းေတြကိုျဖတ္ၿပီး ကိုရီးယားကၽြန္းစြယ္ဘက္ ဦးတည္သြားႏိုင္ေၾကာင္း ဂ်ပန္မိုးဇလဌာနက ေျပာပါတယ္။ ေျမာက္ကုိရီးယားႏိုင္ငံဟာ ၿပီးခဲ့တဲ့ သီတင္းပတ္က ဝင္ေရာက္ခဲ့တဲ့ Maysak တိုင္ဖုန္းဒဏ္ကို ခုခ်ိန္ထိ ခံေနရဆဲ ျဖစ္ပါတယ္။
------------------------
(Unicode)
ဂျပန် တိုင်ဖုန်းမုန်တိုင်း အားပျော့သွားပေမယ့် စံချိန်တင်မိုးကြီးပြီး မြေပြိုတာတွေ ရှိနိုင်
ဂျပန်နိုင်ငံ တောင်ပိုင်းကို ပြင်းထန်စွာ တိုက်ခတ်နေတဲ့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းကြောင့် ဒေသခံပြည်သူ ၁.၈ သန်းကို ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ ဂျပန်အစိုးရက တနင်္ဂနွေနေ့မှာ အမိန့်ထုတ်ထားပါတယ်။
လေပြင်းရော မိုးပါ တပါတည်း တိုက်ခတ်လာတဲ့ Haishen တိုင်ဖုန်းမုန်တိုင်းဟာ တနင်္ဂနွေနေ့က ဂျပန်တောင်ဘက် အောက်ပိုင်းက ကျွန်းတွေကို ဖြတ်သန်းရင်း တောင်ပိုင်း ကျူရှူးကျွန်းကို ချဉ်းကပ်လာချိန်မှာ တစစ အားပျော့သွားပါတယ်။
ဒါပေမယ့်လည်း ဒီမုန်တိုင်းအရှိန်က စံချိန်တင်လောက်တဲ့ မိုးသည်းထန်မှုနဲ့ မြေပြိုတာတွေ ရှိလာနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း သတိပေးထားပါတယ်။ အဲဒီဒေသက ထောင်ချီတဲ့ နေအိမ်တွေ လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။
Haishen တိုင်ဖုန်းမုန်တိုင်းဟာ ဂျပန်ကျွန်းတွေကိုဖြတ်ပြီး ကိုရီးယားကျွန်းစွယ်ဘက် ဦးတည်သွားနိုင်ကြောင်း ဂျပန်မိုးဇလဌာနက ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဝင်ရောက်ခဲ့တဲ့ Maysak တိုင်ဖုန်းဒဏ်ကို ခုချိန်ထိ ခံနေရဆဲ ဖြစ်ပါတယ်။