သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်မှာနေသူတွေ တရုတ်ပြည်ဝင်ခွင့်ပိတ်


လန်ဒန်မြို့ China Town တနေရာ
လန်ဒန်မြို့ China Town တနေရာ

(Zawgyi/Unicode)

တရုတ်နိုင်ငံက ဗြိတိန်နိုင်ငံအတွင်း နေထိုင်တဲ့ ပြည်ပ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ အများစုကို နိုင်ငံတွင်းဝင်ခွင့်ပိတ်ပင်လိုက် ပါတယ်။ ဗြိတိန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုနှုန်း ထပ်မံ မြင့်တက်လာနေမှုအပေါ် တုန့်ပြန် ဆောင်ရွက်လိုက် တာပါ။ သံတမန် ဝန်ထမ်းတွေနဲ့ တစ်ချို့လူတွေကလွဲလို့ နိုဝင်ဘာလ ၃ ရက်နေ့ မတိုင်ခင်က ဗြိတိန်နိုင်ငံတွင်း နေထိုင်ခွင့် ရရှိထား သူတွေနဲ့ ဗီဇာ ရရှိ ထားတဲ့သူတွေအားလုံး ပိတ်ပင်တဲ့အထဲ ပါဝင်ပါတယ်။

အရေးပေါ်အခြေအနေအရ တရုတ်နိုင်ငံအတွင်း မဖြစ်မနေ ဝင်ရောက်ဖို့ လိုအပ်သူတွေအတွက်တော့ အထူး ဗီဇာ လျှောက်ဖို့ လိုအပ် မှာ ဖြစ်ပါတယ်။

အခုလို နိုင်ငံတွင်း ဝင်ခွင့် ပိတ်ပင် ရပ်ဆိုင်းထားတာကို အခြေအနေပေါ် မူတည်ပြီး ပြင်ဆင်ပြောင်းလဲပေးသွားမယ်လို့ လန်ဒန်မြို့က တရုတ်သံရုံးက ပြောပါတယ်။

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ တရုတ်နိုင်ငံမှာ ပြည်ပဝင်ရောက်လာသူတွေဆီက ကူးစက်မှု တွေတော့ တွေ့ရှိနေရပါသေးတယ်။ ကြာသပတေးနေ့ကတော့ နောက်ထပ် ကူးစက်ခံရသူ အယောက် ၂၀ ရှိခဲ့ပါတယ်။

တရုတ် နိုင်ငံကို လာရောက်တဲ့ သူတွေအနေနဲ့ ၂ ပတ်ကြာ သီးသန့် ခွဲခြား နေထိုင် quarantine လုပ်ဖို့ လိုအပ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)






XS
SM
MD
LG