သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ တိုက္ခိုက္မႈ အႏၱရာယ္ သတိေပးခ်က္ ၿဗိတိန္အဆင္႔တိုး 


(Zawgyi/Unicode)

ၿဗိတိန္ႏုိင္ငံတြင္း အၾကမ္းဖက္ ၀ါဒစြဲ ၿခိမ္းေျခာက္မႈအဆင့္ တုိးျမွင့္ေၾကာင္း ျပည္ထဲေရး ၀န္ႀကီးက အဂၤါေန႔မွာ ေၾကညာပါတယ္။ ျပင္သစ္နဲ႔ ၾသစႀတီးယား ႏုိင္ငံေတြမွာ လတ္တေလာ အၾကမ္းဖက္၀ါဒီ တိုက္ခုိက္မႈေတြ ရွိလာၿပီးေနာက္မွာ ၿဗိတိန္ႏုိင္ငံတြင္း အၾကမ္းဖက္၀ါဒစြဲ ၿခိမ္းေျခာက္မႈကို အရင္က အၾကမ္းဖက္ တိုက္ခုိက္မႈ ျဖစ္နုိင္ေျခ ရွိတဲ႔ အဆင့္ substantial သတ္မွတ္ခ်က္ကေန အၾကမ္းဖက္ ၀ါဒစြဲ တို္က္ခိုက္မႈ ျဖစ္ႏုိင္ေျခ မ်ားတဲ႔ အဆင္႔ severe ကို တိုးျမွင့္ သတ္မွတ္လုိက္တာ ျဖစ္ပါတယ္။

ၿဗိတိန္ ေထာက္လွမ္းေရး ေအဂ်င္စီ MI5 ရဲ႕ သတ္မွတ္ခ်က္အရ severe အဆင့္ သတိေပးခ်က္ ကေတာ့ အၾကမ္းဖက္ ၀ါဒီ တိုက္ခုုိက္မႈ ျဖစ္ႏုိင္ေျခမ်ားတယ္လို႔ ေဖာ္ျပထားတာပါ။ ဒီ သတ္မွတ္ခ်က္ဟာ ဆိုရင္ ၿဗိတိန္ႏုိင္ငံတြင္း ၿခိမ္းေျခာက္မႈ အႏၱရာယ္ သတိေပးခ်က္ အဆင့္ ၅ ခုမွာ စတုတၳေျမာက္ အဆင့္လည္း ျဖစ္ပါတယ္။

ျပင္သစ္ႏုိင္ငံ Nice ၿမိဳ႕မွာ ေခ်ခ်င္းႏြယ္ဖြား အစြန္းေရာက္၀ါဒီ တဦးရဲ႕ ဓားနဲ႔ တိုက္ခုိက္မႈ၊ ေနာက္ ၾသစႀတီးယား ႏုိင္ငံ Vienna မွာ တနလာၤေန႔ ေႏွာင္းပိုင္းက ဂ်ီဟဒ္ တိုက္ခုိက္ေရး သမား အျဖစ္ ျပစ္မႈထင္ရွားစီရင္ခံခဲ႔ရသူ ဆိုတဲ႔ လက္နက္ကိုင္ အမ်ိဳးသားက လူ ၄ ဦးကို ပစ္ခတ္ခဲ႔မႈ ေနာက္ပိုင္း ၿဗိတိန္ ေထာက္လွမ္းေရး အဖြဲ႔ MI5 ရဲ႕ အၾကမ္းဖက္ေရးရာ ဆန္းစစ္မႈ ပူးတြဲ စင္တာ JTAC က အၾကမ္းဖက္ ၀ါဒစြဲ ၿခိမ္းေျခာက္မႈ အဆင့္ သတ္မွတ္ခ်က္ကို တိုးျမွင့္လုိက္တာ ျဖစ္ေၾကာင္း ျပည္ထဲေရး ၀န္ႀကီး Priti Patel က လန္ဒန္မွာ သတင္းေထာက္ေတြကို ေျပာဆိုပါတယ္။

အခု သတိေပးခ်က္ဟာ ျပည္သူေတြ စိုးရိမ္ဖို႔ မဟုတ္ဘဲ သတိထားဖို႔ ျဖစ္တယ္လုိ႔လည္း ၀န္ႀကး Patel က ေျပာပါတယ္။ ႀကိဳတင္ သတိထားေဆာင္ရြက္မႈ အျဖစ္ သတိေပးတာ ျဖစ္ေၾကာင္းလည္း ၀န္ႀကီးက ဆက္ေျပာပါတယ္။ ေထာက္လွမ္းေရးနဲ႔ ရဲတပ္ဖြဲ႔တို႔က ႏုိင္ငံတ၀န္းမွာ ႀကိဳတင္ ကာကြယ္ေရး ေဆာင္ရြက္ခ်က္ေတြ လုပ္သြားဖို႔ ရွိေၾကာင္းလည္း ေျပာပါတယ္။ ျပည္သူေတြ အေနနဲ႔ သတိရွိၾကဖို႔နဲ႔ သံသယ ျဖစ္ဖြယ္ လႈပ္ရွားမႈေတြ႔ရင္ ရဲကို အေၾကာင္းၾကားဖို႔လည္း ၀န္ႀကီး Patel က တြစ္တာ လူမႈကြန္ရက္ကေန တိုက္တြန္း ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္



...............

အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ် သတိပေးချက် ဗြိတိန်အဆင့်တိုး

(Unicode)

ဗြိတိန်နိုင်ငံတွင်း အကြမ်းဖက် ဝါဒစွဲ ခြိမ်းခြောက်မှုအဆင့် တိုးမြှင့်ကြောင်း ပြည်ထဲရေး ဝန်ကြီးက အင်္ဂါနေ့မှာ ကြေညာပါတယ်။ ပြင်သစ်နဲ့ သြစတြီးယား နိုင်ငံတွေမှာ လတ်တလော အကြမ်းဖက်ဝါဒီ တိုက်ခိုက်မှုတွေ ရှိလာပြီးနောက်မှာ ဗြိတိန်နိုင်ငံတွင်း အကြမ်းဖက်ဝါဒစွဲ ခြိမ်းခြောက်မှုကို အရင်က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်နိုင်ခြေ ရှိတဲ့ အဆင့် substantial သတ်မှတ်ချက်ကနေ အကြမ်းဖက် ဝါဒစွဲ တိုက်ခိုက်မှု ဖြစ်နိုင်ခြေ များတဲ့ အဆင့် severe ကို တိုးမြှင့် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ဗြိတိန် ထောက်လှမ်းရေး အေဂျင်စီ MI5 ရဲ့ သတ်မှတ်ချက်အရ severe အဆင့် သတိပေးချက် ကတော့ အကြမ်းဖက် ဝါဒီ တိုက်ခိုက်မှု ဖြစ်နိုင်ခြေများတယ်လို့ ဖော်ပြထားတာပါ။ ဒီ သတ်မှတ်ချက်ဟာ ဆိုရင် ဗြိတိန်နိုင်ငံတွင်း ခြိမ်းခြောက်မှု အန္တရာယ် သတိပေးချက် အဆင့် ၅ ခုမှာ စတုတ္ထမြောက် အဆင့်လည်း ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ Nice မြို့မှာ ချေချင်းနွယ်ဖွား အစွန်းရောက်ဝါဒီ တဦးရဲ့ ဓားနဲ့ တိုက်ခိုက်မှု၊ နောက် သြစတြီးယား နိုင်ငံ Vienna မှာ တနလာၤနေ့ နှောင်းပိုင်းက ဂျီဟဒ် တိုက်ခိုက်ရေး သမား အဖြစ် ပြစ်မှုထင်ရှားစီရင်ခံခဲ့ရသူ ဆိုတဲ့ လက်နက်ကိုင် အမျိုးသားက လူ ၄ ဦးကို ပစ်ခတ်ခဲ့မှု နောက်ပိုင်း ဗြိတိန် ထောက်လှမ်းရေး အဖွဲ့ MI5 ရဲ့ အကြမ်းဖက်ရေးရာ ဆန်းစစ်မှု ပူးတွဲ စင်တာ JTAC က အကြမ်းဖက် ဝါဒစွဲ ခြိမ်းခြောက်မှု အဆင့် သတ်မှတ်ချက်ကို တိုးမြှင့်လိုက်တာ ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး Priti Patel က လန်ဒန်မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။

အခု သတိပေးချက်ဟာ ပြည်သူတွေ စိုးရိမ်ဖို့ မဟုတ်ဘဲ သတိထားဖို့ ဖြစ်တယ်လို့လည်း ဝန်ကြး Patel က ပြောပါတယ်။ ကြိုတင် သတိထားဆောင်ရွက်မှု အဖြစ် သတိပေးတာ ဖြစ်ကြောင်းလည်း ဝန်ကြီးက ဆက်ပြောပါတယ်။ ထောက်လှမ်းရေးနဲ့ ရဲတပ်ဖွဲ့တို့က နိုင်ငံတဝန်းမှာ ကြိုတင် ကာကွယ်ရေး ဆောင်ရွက်ချက်တွေ လုပ်သွားဖို့ ရှိကြောင်းလည်း ပြောပါတယ်။ ပြည်သူတွေ အနေနဲ့ သတိရှိကြဖို့နဲ့ သံသယ ဖြစ်ဖွယ် လှုပ်ရှားမှုတွေ့ရင် ရဲကို အကြောင်းကြားဖို့လည်း ဝန်ကြီး Patel က တွစ်တာ လူမှုကွန်ရက်ကနေ တိုက်တွန်း ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG