သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္-ဂ်ပန္ လြတ္လပ္ေသာ ကုန္သြယ္ေရးသေဘာတူညီခ်က္ ခ်ဳပ္ဆို


ၿဗိတိန္ႏုိင္ငံရွိ Nissan ကားထုတ္လုပ္ေရးစက္႐ုံ။ (ႏုိဝင္ဘာ ၉၊ ၂၀၁၁)

(Zawgyi / Unicode)

ဂ်ပန္နဲ႔ ၿဗိတိန္ႏို္င္ငံတို႔ဟာ သမုိင္းဝင္ လြတ္လပ္တဲ့ ကုန္သြယ္ေရး သေဘာတူစာခ်ဳပ္ကို ေသာၾကာေန႔က လက္မွတ္ထုိးလိုက္ၾကပါတယ္။ ဒါဟာ ဥေရာပသမဂၢထဲက ၿဗိတိန္ႏုိင္ငံ ႏုတ္ထြက္ခဲ့ၿပီးေနာက္ပိုင္း ပထမဦးဆုံး ခ်ဳပ္ဆိုလိုက္တဲ့ အေရးပါဆုံးစာခ်ဳပ္လည္း ျဖစ္ပါတယ္။

ဒီစာခ်ဳပ္အရ ၿဗိတိန္က ဂ်ပန္ကို သြင္းေနတဲ့ Yorkshire သိုးသားေတြအေပၚ အခြန္အတုပ္ ေလွ်ာ့ခ်ေပးမွာ ျဖစ္သလို ဂ်ပန္ Nissan ကားစက္႐ုံထုတ္ ကားအပိုပစၥည္းနဲ႔ ပတ္သက္တဲ့ အခြန္ေတြကိုလည္း ေလွ်ာ့ခ်သြားေရးအျပင္ အျခားကုန္ပစၥည္းေတြေပၚ အခြန္ေလွ်ာ့ခ်သြားမွာ ျဖစ္ပါတယ္။

ၿဗိတိန္လုပ္ ကုတ္အက်ႌ၊ ႐ွဴးဖိနပ္နဲ႔ Stilton cheese ေတြ၊ ဘီစကစ္ေတြ၊ ၿဗိတိန္ဝက္သားေတြ ဂ်ပန္မွာ ေစ်းခ်ဳိခ်ဳိနဲ႔ ဝယ္စားႏိုင္ေတာ့မွာပါ။

ၿဗိတိန္-ဂ်ပန္ ကုန္သြယ္ေရး သေဘာတူစာခ်ဳပ္သစ္ ခ်ဳပ္ဆိုပဲြကိုေတာ့ တိုက်ဳိၿမဳိ႕မွာ ျပဳလုပ္ခဲ့ၿပီး ၿဗိတိန္ ႏိုင္ငံတကာကုန္သြယ္ေရးဝန္ႀကီး Liz Truss နဲ႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi တို႔ တက္ေရာက္ လက္မွတ္ထုိးခဲ့ၾကတာပါ။

ဒီကုန္သြယ္ေရး သေဘာတူညီခ်က္အရ ဂ်ပန္-ၿဗိတိန္ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ ၁၉.၅ ဘီလ်ံဖိုးအထိ ျမင့္တက္လာဖြယ္ရွိတယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ၿဗိတိန္က အခုလို ဂ်ပန္နဲ႔ ကုန္သြယ္ေရး ျမႇင့္တင္လိုက္တယ္ ဆိုေပမယ့္လည္း ၿဗိတိန္ဟာ EU ဥေရာပသမဂၢကေန ႏုတ္ထြက္ခဲ့လို႔ နစ္နာသြားရတဲ့ ကုန္သြယ္ေရးပမာဏကို ျပန္မီဖို႔ကေတာ့ အလွမ္းကြာေဝးေနဆဲ ျဖစ္ပါတယ္။

ၿဗိတိန္ႏိုင္ငံဟာ အျခားႏိုင္ငံေတြနဲ႔လည္း ကုန္သြယ္ေရး သေဘာတူခ်က္ရဖို႔ ႀကဳိးပမ္းေနၿပီး အထူးသျဖင့္ အေမရကန္ျပည္ေထာင္စုနဲ႔ သေဘာတူညီမႈရဖို႔ ႀကဳိးပမ္းေနေပမယ့္ ႏွစ္ႏိုင္ငံၾကား ေဆြးေႏြးမႈေတြ ေရွ႕မတုိးႏိုင္ေသးဘဲ ၾကန္႔ၾကာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ဗြိတိန်-ဂျပန် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် ချုပ်ဆို

ဂျပန်နဲ့ ဗြိတိန်နိုင်ငံတို့ဟာ သမိုင်းဝင် လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူစာချုပ်ကို သောကြာနေ့က လက်မှတ်ထိုးလိုက်ကြပါတယ်။ ဒါဟာ ဥရောပသမဂ္ဂထဲက ဗြိတိန်နိုင်ငံ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံး ချုပ်ဆိုလိုက်တဲ့ အရေးပါဆုံးစာချုပ်လည်း ဖြစ်ပါတယ်။

ဒီစာချုပ်အရ ဗြိတိန်က ဂျပန်ကို သွင်းနေတဲ့ Yorkshire သိုးသားတွေအပေါ် အခွန်အတုပ် လျှော့ချပေးမှာ ဖြစ်သလို ဂျပန် Nissan ကားစက်ရုံထုတ် ကားအပိုပစ္စည်းနဲ့ ပတ်သက်တဲ့ အခွန်တွေကိုလည်း လျှော့ချသွားရေးအပြင် အခြားကုန်ပစ္စည်းတွေပေါ် အခွန်လျှော့ချသွားမှာ ဖြစ်ပါတယ်။

ဗြိတိန်လုပ် ကုတ်အင်္ကျီ၊ ရှူးဖိနပ်နဲ့ Stilton cheese တွေ၊ ဘီစကစ်တွေ၊ ဗြိတိန်ဝက်သားတွေ ဂျပန်မှာ ဈေးချိုချိုနဲ့ ဝယ်စားနိုင်တော့မှာပါ။

ဗြိတိန်-ဂျပန် ကုန်သွယ်ရေး သဘောတူစာချုပ်သစ် ချုပ်ဆိုပွဲကိုတော့ တိုကျိုမြို့မှာ ပြုလုပ်ခဲ့ပြီး ဗြိတိန် နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး Liz Truss နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi တို့ တက်ရောက် လက်မှတ်ထိုးခဲ့ကြတာပါ။

ဒီကုန်သွယ်ရေး သဘောတူညီချက်အရ ဂျပန်-ဗြိတိန် နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉.၅ ဘီလျံဖိုးအထိ မြင့်တက်လာဖွယ်ရှိတယ်လို့ မျှော်လင့်ထားပါတယ်။ ဗြိတိန်က အခုလို ဂျပန်နဲ့ ကုန်သွယ်ရေး မြှင့်တင်လိုက်တယ် ဆိုပေမယ့်လည်း ဗြိတိန်ဟာ EU ဥရောပသမဂ္ဂကနေ နုတ်ထွက်ခဲ့လို့ နစ်နာသွားရတဲ့ ကုန်သွယ်ရေးပမာဏကို ပြန်မီဖို့ကတော့ အလှမ်းကွာဝေးနေဆဲ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံဟာ အခြားနိုင်ငံတွေနဲ့လည်း ကုန်သွယ်ရေး သဘောတူချက်ရဖို့ ကြိုးပမ်းနေပြီး အထူးသဖြင့် အမေရကန်ပြည်ထောင်စုနဲ့ သဘောတူညီမှုရဖို့ ကြိုးပမ်းနေပေမယ့် နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ ရှေ့မတိုးနိုင်သေးဘဲ ကြန့်ကြာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG