(Zawgyi/Unicode)
ၿဗိတိန္နိုင္ငံမွာ တစ္နိုင္ငံလုံး အတိုင္းအတာနဲ႔ ေလးပတ္ၾကာ အသြားအလာ ပိတ္ပင္မႈ lockdown ခ်မွတ္ေၾကာင္း ၿဗိတိန္ ပါလီမန္က ဗုဒၶဟူးေန႔က သေဘာတူ အတည္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။ ေထာက္ခံမဲ ၅၁၆ မဲ ကန္႔ကြက္မဲ ၃၈ မဲနဲ႔ အတည္ျပဳလိုက္တာပါ။
ၾကာသပေတးေန႔ မနက္ ၁ နာရီကစၿပီး မျဖစ္မေန ဖြင့္ဖို႔ မလိုအပ္တဲ့ စီးပြားေရး လုပ္ငန္းေတြကို ပိတ္ရမွာ ျဖစ္ပါတယ္။ အဲဒီ အထဲ အရက္ဆိုင္ pub ေတြ၊ စားေသာက္ဆိုင္၊ ဆံသဆိုင္၊ ေဂါက္ကြင္း၊ အားကစား႐ုံ Gyms ၊ ေရကူးကန္၊ ေဖ်ာ္ေျဖေရး႐ုံေတြနဲ႔ အားကစား ကြင္းေတြကို အနည္းဆုံး ဒီဇင္ဘာလ ၂ ရက္ေန႔အထိ ပိတ္ထားရမွာ ျဖစ္ပါတယ္။
ၿဗိတိန္နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ တစ္ေန႔ကို ၂၀, ၀၀၀ ေက်ာက္ရွိေနတာ ျဖစ္ပါတယ္။ သိပၸံ ပညာရွင္ေတြကလည္း ထိေရာက္ တဲ့ အေရးယူမႈေတြ မလုပ္ေဆာင္ဘူးဆိုရင္ လူ ၈၀, ၀၀၀ ေသဆုံးႏႈန္းအျဖစ္ကို ေရာက္ရွိသြားနိုင္တယ္လို႔လည္း သတိေပးထားပါတယ္။
တစ္ခ်ိန္တည္းမွဦပဲ ၿဗိတိန္နိုင္ငံက စမ္းသပ္ေနဆဲ အလားအလာေကာင္းမြန္တဲ့ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးႏွစ္မ်ိဳးရဲ့ ထိေရာက္မႈနဲ႔ ေဘးအႏၲရာယ္ ကင္းရွင္းမႈ ဆိုင္ရာ အခ်က္အလက္ေတြကို ဒီဇင္ဘာလအေစာပိုင္းေလာက္မွာ သိရလိမ့္မယ္လို႔ ၿဗိတိန္ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရး အဖြဲ႕ ဥကၠဌ Kate Bingham က ေျပာပါတယ္။
........
တနိုင်ငံလုံး Lockdown ချရေး ဗြိတိန်ပါလီမန် အတည်ပြု
(Unicode)
ဗြိတိန်နိုင်ငံမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လေးပတ်ကြာ အသွားအလာ ပိတ်ပင်မှု lockdown ချမှတ်ကြောင်း ဗြိတိန် ပါလီမန်က ဗုဒ္ဓဟူးနေ့က သဘောတူ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ထောက်ခံမဲ ၅၁၆ မဲ ကန့်ကွက်မဲ ၃၈ မဲနဲ့ အတည်ပြုလိုက်တာပါ။
ကြာသပတေးနေ့ မနက် ၁ နာရီကစပြီး မဖြစ်မနေ ဖွင့်ဖို့ မလိုအပ်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ရမှာ ဖြစ်ပါတယ်။ အဲဒီ အထဲ အရက်ဆိုင် pub တွေ၊ စားသောက်ဆိုင်၊ ဆံသဆိုင်၊ ဂေါက်ကွင်း၊ အားကစားရုံ Gyms ၊ ရေကူးကန်၊ ဖျော်ဖြေရေးရုံတွေနဲ့ အားကစား ကွင်းတွေကို အနည်းဆုံး ဒီဇင်ဘာလ ၂ ရက်နေ့အထိ ပိတ်ထားရမှာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တစ်နေ့ကို ၂၀, ၀၀၀ ကျောက်ရှိနေတာ ဖြစ်ပါတယ်။ သိပ္ပံ ပညာရှင်တွေကလည်း ထိရောက် တဲ့ အရေးယူမှုတွေ မလုပ်ဆောင်ဘူးဆိုရင် လူ ၈၀, ၀၀၀ သေဆုံးနှုန်းအဖြစ်ကို ရောက်ရှိသွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
တစ်ချိန်တည်းမှဦပဲ ဗြိတိန်နိုင်ငံက စမ်းသပ်နေဆဲ အလားအလာကောင်းမွန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနှစ်မျိုးရဲ့ ထိရောက်မှုနဲ့ ဘေးအန္တရာယ် ကင်းရှင်းမှု ဆိုင်ရာ အချက်အလက်တွေကို ဒီဇင်ဘာလအစောပိုင်းလောက်မှာ သိရလိမ့်မယ်လို့ ဗြိတိန်ကိုရိုနာ ဗိုင်းရပ်စ် တိုက်ဖျက်ရေး အဖွဲ့ ဥက္ကဌ Kate Binghamက ပြောပါတယ်။