သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ရူပေဗဒႏိုဘဲလ္ဆု နဲ႔ တြင္းနက္ႀကီး


2020 Nobel Prize in Physics

Black Holes လို႔ေခၚတဲ့ တြင္းနက္ႀကီးေတြနဲ႔ ပတ္သက္ၿပီး နားလည္လာေအာင္ သက္ေသျပခဲ့သူ ၃ ဦးျဖစ္တဲ့ ၿဗိတိန္ သိပၸံ ပညာရွင္ Sir Roger Penrose ၊ ဂ်ာမန္လူမ်ိဳး ပါေမာကၡ Reinhard Genzel နဲ႔ အေမရိကန္ ပါေမာကၡ Andrea Ghez ၃ ဦးကို ၂၀၂၀ အတြက္ ရူပေဗဒ ႏိုဘဲလ္ဆု ပူးတြဲခ်ီးျမွင့္ခဲ့ပါတယ္။

၂၀၂၀ ရူပေဗဒႏိုဘဲလ္ဆု နဲ႔ တြင္းနက္ႀကီး
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

(Zawgyi)

Black Holes လို႔ေခၚတဲ့ တြင္းနက္ႀကီးေတြနဲ႔ ပတ္သက္ၿပီး နားလည္လာေအာင္ သက္ေသျပခဲ့သူ ၃ ဦးျဖစ္တဲ့ ၿဗိတိန္ သိပၸံ ပညာရွင္ Sir Roger Penrose ၊ ဂ်ာမန္လူမ်ိဳး ပါေမာကၡ Reinhard Genzel နဲ႔ အေမရိကန္ ပါေမာကၡ Andrea Ghez ၃ ဦးကို ၂၀၂၀ အတြက္ ရူပေဗဒ ႏိုဘဲလ္ဆု ပူးတြဲခ်ီးျမွင့္ခဲ့ပါတယ္။ ဒီ တြင္းနက္ႀကီးဟာ နဂါးေငြ႔တန္း အလယ္မွာ ရွိေနတယ္ ဆိုတာကို သူတို႔သက္ေသျပႏိုင္ခဲ့ၾကတယ္လို႔ နာဆာ သိပၸံပညာရွင္ ေဒါက္တာပေဒသာတင္က ေျပာပါတယ္။

ေဒါက္တာ ပေဒသာတင္။. ။“ တြင္းနက္ႀကီးလို႔ ေခၚတဲ့ black holes ေတြနဲ႔ပတ္သက္ၿပီး ဒီတေခါက္လည္း ႏိုဘဲလ္ဆု ထပ္ရၾကတယ္။ ဒီဆုကို ၂ ခု အတြက္ ေပးလုိက္တယ္။ တခုက သီအိုရီနဲ႔ ပတ္သက္တဲ့ဟာ။ အဲဒါကေတာ့ ပါေမာကၡ Roger Penrose ပါ။ Oxford တကၠသိုလ္က အလြန္တရာမွ နံမယ္ႀကီးတဲ့ ပါေမာကၡပါ။ သူကေတာ့ တြင္းနက္ႀကီးေတြ အေၾကာင္း ေလ့လာတာနဲ႔ ပတ္သက္တဲ့ သီအိုရီနဲ႔ ရတာ။ ေနာက္တပိုင္းကေတာ့ ပါေမာကၡ ၂ ဦး တဦးက Max Planck Institute ဂ်ာမဏီကပါ။ သူ႔နံမယ္ကေတာ့ Reinhard Genzel လို႔ ေခၚပါတယ္။ ေနာက္တေယာက္က Andrea Ghez ဆိုတာ အမ်ိဳးသမီးပါ။ သူက ကယ္လီဖိုးနီးယား ျပည္နယ္ တကၠသိုလ္ UCLA ေပါ့ေနာ္။ သူတို႔ ၂ ေယာက္ကို တြဲ ေပးပါတယ္။”

ေမး။. ။“ဒီတြင္းနက္ႀကီးနဲ႔ ပတ္သက္ၿပီးေတာ့ သီအိုရီနဲ႔ ရတဲ့ ပါေမာကၡ အေၾကာင္း ေျပာျပေပးပါ။ သူ႔ကို ဘာေၾကာင့္ ေပးရတာလဲ ဆိုတာ၊”

ေဒါက္တာပေဒသာတင္။. ။“ပါေမာကၡ Roger Penrose ရတာက သီအိုရီနဲ႔ ပတ္သက္ၿပီး ရတာပါ။ ၁၉ ၃၀ ေလာက္ကတည္းကေန special theory of relativity အထူးႏႈိင္းရ ရူပေဗဒသီအိုရီကို သိပၸံပညာရွင္ Albert Einstein က ျပဳစုခဲ့ပါတယ္။ အဲဒီ သီအိုရီအရ ဆိုရင္ အလြန္တရာမွ သိပ္သည္းတဲ့ ျဒပ္အစိုင္အခဲ ဥပမာ ေနလိုဟာမ်ိဳး၊ ေနထက္ အဆမတန္ မ်ားရမယ္။ အဲဒီေလာက္ သိပ္သည္းတဲ့ ဟာႀကီးေတြ ပ်က္သုဥ္း သြားတဲ့ အခါ က်ရင္ အလြန္တရာမွ သိပ္သည္းတဲ့ ေနရာ တခု ဖန္တီး သလို ျဖစ္သြားမယ္ ဆိုတာ သူက ေျပာခဲ့တယ္။ ဒါေပမယ့္ သူက Albert Einstein က တြင္းနက္ႀကီးေတြ ရွိတယ္ သူမေဟာခဲ့ဘူး။

ဒါေပမယ့္ ၁၉ ၆၅ ခုႏွစ္မွာ အဲဒီ ပါေမာကၡ Roger Penrose က အိုင္စတိုင္းရဲ့ ခုန ႏႈိင္းရသီအိုရီကို အသံုးခ်ၿပီးေတာ့ သူက သခ်ၤာ ပါေမာကၡလည္း ျဖစ္တဲ့ အတြက္ သူက သခ်ၤာနည္း တမ်ိဳးနဲ႔ တြက္ပံုတြက္နည္း တခု သခ်ၤာနည္းတခုကို ေဖၚလိုက္တယ္။ အဲဒီလို ေဖၚလိုက္တဲ့ ဟာေပၚမူတည္ၿပီး တြင္းနက္ႀကီးေတြ ရွိႏိုင္တယ္ ဆိုတဲ့ဟာကို တြက္ျပခဲ့ပါတယ္။ အဲဒီကတည္းက။ ဒါေပမယ့္ အဲဒီတုန္းက ဒီႏိုဘဲလ္ဆုကို ခ်က္ခ်င္း မရဘူး။

ဒါေပမယ့္သူ႔ရဲ့သီအိုရီ၊ ဒီတြက္ခ်က္ပံု တြက္ခ်က္နည္းက ရူပေဗဒသခ်ၤာကို သံုးၿပီး တြက္တဲ့နည္းနဲ႔ အသံုးခ်ၿပီးေတာ့ ေနာက္ပိုင္းမွာ Stephan Hawking တို႔ ဘာတို႔က ဒါကို သံုးၿပီး တြင္းနက္ႀကီးေတြ အေၾကာင္း၊ စၾကာဝဌာႀကီး ဘယ္အခ်ိန္ကစၿပီး ေပၚေပါက္လာသလဲ ဆိုတာေတြကို ေလ့လာဖို႔ သီအိုရီ အေျခခံ ရသြားတယ္။ အဲဒါ ဆိုေတာ့ အခု ၂၀၂၀ သူ႔အသက္ ၉ ၀ ရွိပါၿပီ။ အဲဒီ အခါ က်ေတာ့မွရတာပါ။ ေပးသင့္တယ္ထင္ပါတယ္။ သူထိုက္ထိုက္တန္တန္ ရတာပါ။”

ေမး။. ။“ေနာက္ ၂ ေယာက္ကေရာ၊ တကယ္လက္ေတြ႔ ျပသခဲ့တဲ့ ၂ ေယာက္ကေရာ”

ေဒါက္တာပေဒသာတင္။. ။“လက္ေတြ႔ ျပတဲ့ ပါေမာကၡက ၂ ေယာက္ေပါ့ေနာ္။ Max Planck က ပါေမာကၡရယ္၊ UCLA က အမ်ိဳးသမီးပါေမာကၡရယ္ကေတာ့၊ သူတို႔ ၂ ဦးတြဲၿပီးေတာ့။. ေနစၾကာဝဌာႀကီးက ဘယ္မွာ ရွိသလဲ ဆိုရင္ ဒီ နဂါးေငြ႔တန္းႀကီးေပါ့ေနာ္။ milky way လို႔ ေခၚပါတယ္။ စၾကၤာဝဌာႀကီးထဲမွာ ဒီလို နဂါးေငြ႔တန္း မ်ိဳးေပါင္း သန္း ေထာင္ေပါင္းမ်ားစြာ ရွိတယ္။ ဒါေပမယ့္ က်ေနာ္တို႔ရဲ့ ေနစၾကၤာဝဌာ ရွိတဲ့ နဂါးေငြ႔တန္းႀကီးရဲ့ အလယ္မွာ အဲဒီေလာက္ကို သိပ္သည္းဆ မ်ားတဲ့ ၾကယ္စုႀကီးေတြ၊ အဲဒါႀကီးေတြ ေပါ့ေနာ္။ အဲလို အရွိန္အဟုန္ မ်ားစြာနဲ႔ အလင္းရဲ့ အလ်င္နီးပါး ေလာက္နဲ႔ လည္ေနၿပီ ဆိုလို႔ရွိရင္ တခ်ိန္မွာ သူဘာျဖစ္သြားသလဲ ဆိုေတာ့ တခ်ိန္မွာ ဒီၾကယ္ႀကီးေတြ ပ်က္သုဥ္းသြားတယ္။ က်ေနာ္တို႔ ေနၾကယ္ထက္ အဆေပါင္း ေထာင္ေပါင္းမ်ားစြာ ႀကီးရပါတယ္။

အဲဒီေတာ့ သိပ္သည္းဆ သိပ္မ်ားသြားတဲ့ အခ်ိန္မွာ ဘာျဖစ္လဲ ဆိုေတာ့တြင္းနက္ႀကီးေတြ ေပၚလာတယ္။ အဲဒီလို တြင္းနက္ႀကီးေတြ ေပၚလာတာကို ရိုးရိုး မ်က္လံုးနဲ႔ မျမင္ရဘူး။ ရိုးရိုး အေဝးၾကည့္မွန္ေျပာင္းနဲ႔ လည္း မျမင္ရဘူး။ သူက ဘယ္လို ေရာင္ျခည္မ်ိဳး ထုတ္သလဲ ဆိုေတာ့ X-ray ေရာင္ျခည္တို႔ မိုက္ခရိုေဝ့ဖ္ ေရာင္ျခည္တို႔။ အဲဒါေတြနဲ႔ တိုင္းတာတဲ့ စက္ေတြနဲ႔ သူတို႔က အႏွစ္ ၃၀ ေလာက္ တုိင္းၿပီးတဲ့ အခါက်ေတာ့ ဒီ နဂါးေငြ႔တန္းႀကီးရဲ့ အလယ္မွာ ဒီဟာမ်ိဳးႀကီးေတြ ရွိေနၿပီဆိုတာ ျပတဲ့ သုေတသန လုပ္တဲ့ အတြက္ သူတုိ႔ကို ေပးတာ ျဖစ္ပါတယ္။

က်ေနာ္တို႔ရဲ့ အနႏၱ စၾကၤာဝဌာထဲမွာ ရွိတဲ့ နဂါးေငြ႔တန္း ကေလးတင္၊ ဒီနဂါးေငြ႔တန္းရဲ့ အရြယ္အစား ဘယ္ေလာက္ ႀကီးသလဲ ဆိုရင္ က်ေနာ္တို႔ရဲ့ ေနစၾကၤာဝဌာက လက္တလံုး အထူေလာက္ပဲ ရွိမယ္ ဆိုရင္ ဒီနဂါးေငြ႔တန္းက မိုင္ ၂၀၀၀ ရွိတယ္။ အဲဒီလို နဂါးေငြ႔တန္းေပါင္း သန္းေထာင္ေပါင္း ေျမာက္မ်ားစြာရွိတဲ့ စၾကၤာဝဌာႀကီး။ အဲဒီေတာ့ စဥ္းစားၾကည့္ေပေတာ့ ဘယ္ေလာက္ ႀကီးသလဲ ဆိုတာ။”

ေမး။ ။“ တြင္းနက္ႀကီးနဲ႔ ပတ္သက္ၿပီးေတာ့ ဘာလို႔ ဒီေလာက္ေတာင္ လူအမ်ားႀကီးကို ႏိုဘဲလ္ ဆုေပးတာလဲ။ ဘာေၾကာင့္ ဒီေလာက္ အေရးႀကီးရတာ ပါလဲ။”

ေဒါက္တာ ပေဒသာတင္။. ။“က်ေနာ့္အျမင္အရ ေျပာရလို႔ရွိရင္ ဒီတြင္းနက္ႀကီးကို ေလ့လာတာက တပိုင္းေပါ့ေနာ္။ အဓိကက ဘာလဲ ဆိုလို႔ရွိရင္ က်ေနာ္တို႔ လူသားေတြ ဘယ္လို ျဖစ္လာသလဲ။ ဘယ္အခ်ိန္ကတည္းက လူသားေတြ အသက္ရွင္တဲ့ ဇီဝေတြ ျဖစ္လာသလဲ။ ဒီဇီဝေတြ မျဖစ္ခင္မွာ ဒီ တိမ္တိုက္ႀကီးေတြနဲ႔ ဒီစၾကၤာဝဌာႀကီးေတြ ဘယ္လိုေပၚလာသလဲ။ ဒါသိခ်င္တာေပါ့ေနာ္။

အဲဒီေတာ့ အဲဒီဟာကို ေလ့လာတဲ့အတြက္ ကမာၻႀကီး ဘယ္တုန္းက စခဲ့သလဲ။ လူသားေတြ ဘယ္တုန္းက စခဲ့သလဲ။ ဒါမွမဟုတ္လို႔ရွိရင္ ဒီစၾကၤာဝဌာႀကီး ဘယ္တုန္းကစခဲ့သလဲ။ ဒီစၾကၤာဝဌာႀကီး မစခင္ မွာေရာ အခ်ိန္ ဆိုတာ ရွိသလာ။ T= 0 အခ်ိန္စ ျဖစ္တဲ့ အခ်ိန္ဟာ ဘယ္တုန္းကလဲ။ ေနာက္ၿပီး ဒီစၾကၤာဝဌာႀကီး စခဲ့တဲ့ဟာ big bang သီအိုရီ ဆိုပါစို႔ေနာ္။ ဒီ ေပါက္ကြဲမႈႀကီးနဲ႔ ျဖစ္ခဲ့တယ္ ဆိုတဲ့ သီအိုရီ။ အဲဒါေတြ ေပါ့ေနာ္။ လူရဲ့ စူးစမ္းခ်င္စိတ္၊ ဘာေၾကာင့္ ျဖစ္လဲ ဆိုတာကို သိခ်င္တဲ့စိတ္ကေန လႈံ႕ေဆာ္ ၿပီးေတာ့မွ ဒါေတြကို သုေတသနလုပ္ ၾကတာလို႔ က်ေနာ္ျမင္ပါတယ္။”

“အဲဒီေတာ့ လူေတြရဲ့ သုေတသန လုပ္ခ်င္စိတ္ကို ပိုၿပီးေတာ့ အားသန္ေအာင္ လုပ္ေပးတာ ေပါ့ေနာ္။”

“ ဟုတ္ပါတယ္။ ဒါကအဓိကပါ။”

ေဒါက္တာ ပေဒသာတင္ပါ။ ႐ူပေဗဒ ႏိုဘဲယ္ဆု ရသူ ၃ ဦးအတြက္ ေ႐ႊတံဆိပ္အျပင္ အေမရိကန္ ေဒၚလာ ၁.၁ သန္းကို ဆုခ်ီးျမွင့္တဲ့ ဆြီဒင္ ေတာ္ဝင္ အကယ္ဒမီက ေပးအပ္ခဲ့တယ္ ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာ က႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

(UNICODE)

Black Holes လို့ခေါ်တဲ့ တွင်းနက်ကြီးတွေနဲ့ ပတ်သက်ပြီး နားလည်လာအောင် သက်သေပြခဲ့သူ ၃ ဦးဖြစ်တဲ့ ဗြိတိန် သိပ္ပံ ပညာရှင် Sir Roger Penrose ၊ ဂျာမန်လူမျိုး ပါမောက္ခ Reinhard Genzel နဲ့ အမေရိကန် ပါမောက္ခ Andrea Ghez ၃ ဦးကို ၂၀၂၀ အတွက် ရူပဗေဒ နိုဘဲလ်ဆု ပူးတွဲချီးမြှင့်ခဲ့ပါတယ်။ ဒီ တွင်းနက်ကြီးဟာ နဂါးငွေ့တန်း အလယ်မှာ ရှိနေတယ် ဆိုတာကို သူတို့သက်သေပြနိုင်ခဲ့ကြတယ်လို့ နာဆာ သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပါတယ်။

ဒေါက်တာ ပဒေသာတင်။. ။“ တွင်းနက်ကြီးလို့ ခေါ်တဲ့ black holes တွေနဲ့ပတ်သက်ပြီး ဒီတခေါက်လည်း နိုဘဲလ်ဆု ထပ်ရကြတယ်။ ဒီဆုကို ၂ ခု အတွက် ပေးလိုက်တယ်။ တခုက သီအိုရီနဲ့ ပတ်သက်တဲ့ဟာ။ အဲဒါကတော့ ပါမောက္ခ Roger Penrose ပါ။ Oxford တက္ကသိုလ်က အလွန်တရာမှ နံမယ်ကြီးတဲ့ ပါမောက္ခပါ။ သူကတော့ တွင်းနက်ကြီးတွေ အကြောင်း လေ့လာတာနဲ့ ပတ်သက်တဲ့ သီအိုရီနဲ့ ရတာ။ နောက်တပိုင်းကတော့ ပါမောက္ခ ၂ ဦး တဦးက Max Planck Institute ဂျာမဏီကပါ။ သူ့နံမယ်ကတော့ Reinhard Genzel လို့ ခေါ်ပါတယ်။ နောက်တယောက်က Andrea Ghez ဆိုတာ အမျိုးသမီးပါ။ သူက ကယ်လီဖိုးနီးယား ပြည်နယ် တက္ကသိုလ် UCLA ပေါ့နော်။ သူတို့ ၂ ယောက်ကို တွဲ ပေးပါတယ်။”

မေး။. ။“ဒီတွင်းနက်ကြီးနဲ့ ပတ်သက်ပြီးတော့ သီအိုရီနဲ့ ရတဲ့ ပါမောက္ခ အကြောင်း ပြောပြပေးပါ။ သူ့ကို ဘာကြောင့် ပေးရတာလဲ ဆိုတာ၊”

ဒေါက်တာပဒေသာတင်။. ။“ပါမောက္ခ Roger Penrose ရတာက သီအိုရီနဲ့ ပတ်သက်ပြီး ရတာပါ။ ၁၉ ၃၀ လောက်ကတည်းကနေ special theory of relativity အထူးနှိုင်းရ ရူပဗေဒသီအိုရီကို သိပ္ပံပညာရှင် Albert Einstein က ပြုစုခဲ့ပါတယ်။ အဲဒီ သီအိုရီအရ ဆိုရင် အလွန်တရာမှ သိပ်သည်းတဲ့ ဒြပ်အစိုင်အခဲ ဥပမာ နေလိုဟာမျိုး၊ နေထက် အဆမတန် များရမယ်။ အဲဒီလောက် သိပ်သည်းတဲ့ ဟာကြီးတွေ ပျက်သုဉ်း သွားတဲ့ အခါ ကျရင် အလွန်တရာမှ သိပ်သည်းတဲ့ နေရာ တခု ဖန်တီး သလို ဖြစ်သွားမယ် ဆိုတာ သူက ပြောခဲ့တယ်။ ဒါပေမယ့် သူက Albert Einstein က တွင်းနက်ကြီးတွေ ရှိတယ် သူမဟောခဲ့ဘူး။

ဒါပေမယ့် ၁၉ ၆၅ ခုနှစ်မှာ အဲဒီ ပါမောက္ခ Roger Penrose က အိုင်စတိုင်းရဲ့ ခုန နှိုင်းရသီအိုရီကို အသုံးချပြီးတော့ သူက သင်္ချာ ပါမောက္ခလည်း ဖြစ်တဲ့ အတွက် သူက သင်္ချာနည်း တမျိုးနဲ့ တွက်ပုံတွက်နည်း တခု သင်္ချာနည်းတခုကို ဖေါ်လိုက်တယ်။ အဲဒီလို ဖေါ်လိုက်တဲ့ ဟာပေါ်မူတည်ပြီး တွင်းနက်ကြီးတွေ ရှိနိုင်တယ် ဆိုတဲ့ဟာကို တွက်ပြခဲ့ပါတယ်။ အဲဒီကတည်းက။ ဒါပေမယ့် အဲဒီတုန်းက ဒီနိုဘဲလ်ဆုကို ချက်ချင်း မရဘူး။

ဒါပေမယ့်သူ့ရဲ့သီအိုရီ၊ ဒီတွက်ချက်ပုံ တွက်ချက်နည်းက ရူပဗေဒသင်္ချာကို သုံးပြီး တွက်တဲ့နည်းနဲ့ အသုံးချပြီးတော့ နောက်ပိုင်းမှာ Stephan Hawking တို့ ဘာတို့က ဒါကို သုံးပြီး တွင်းနက်ကြီးတွေ အကြောင်း၊ စကြာဝဌာကြီး ဘယ်အချိန်ကစပြီး ပေါ်ပေါက်လာသလဲ ဆိုတာတွေကို လေ့လာဖို့ သီအိုရီ အခြေခံ ရသွားတယ်။ အဲဒါ ဆိုတော့ အခု ၂၀၂၀ သူ့အသက် ၉ ၀ ရှိပါပြီ။ အဲဒီ အခါ ကျတော့မှရတာပါ။ ပေးသင့်တယ်ထင်ပါတယ်။ သူထိုက်ထိုက်တန်တန် ရတာပါ။”

မေး။. ။“နောက် ၂ ယောက်ကရော၊ တကယ်လက်တွေ့ ပြသခဲ့တဲ့ ၂ ယောက်ကရော”

ဒေါက်တာပဒေသာတင်။. ။“လက်တွေ့ ပြတဲ့ ပါမောက္ခက ၂ ယောက်ပေါ့နော်။ Max Planck က ပါမောက္ခရယ်၊ UCLA က အမျိုးသမီးပါမောက္ခရယ်ကတော့၊ သူတို့ ၂ ဦးတွဲပြီးတော့။. နေစကြာဝဌာကြီးက ဘယ်မှာ ရှိသလဲ ဆိုရင် ဒီ နဂါးငွေ့တန်းကြီးပေါ့နော်။ milky way လို့ ခေါ်ပါတယ်။ စင်္ကြာဝဌာကြီးထဲမှာ ဒီလို နဂါးငွေ့တန်း မျိုးပေါင်း သန်း ထောင်ပေါင်းများစွာ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ နေစင်္ကြာဝဌာ ရှိတဲ့ နဂါးငွေ့တန်းကြီးရဲ့ အလယ်မှာ အဲဒီလောက်ကို သိပ်သည်းဆ များတဲ့ ကြယ်စုကြီးတွေ၊ အဲဒါကြီးတွေ ပေါ့နော်။ အဲလို အရှိန်အဟုန် များစွာနဲ့ အလင်းရဲ့ အလျင်နီးပါး လောက်နဲ့ လည်နေပြီ ဆိုလို့ရှိရင် တချိန်မှာ သူဘာဖြစ်သွားသလဲ ဆိုတော့ တချိန်မှာ ဒီကြယ်ကြီးတွေ ပျက်သုဉ်းသွားတယ်။ ကျနော်တို့ နေကြယ်ထက် အဆပေါင်း ထောင်ပေါင်းများစွာ ကြီးရပါတယ်။

အဲဒီတော့ သိပ်သည်းဆ သိပ်များသွားတဲ့ အချိန်မှာ ဘာဖြစ်လဲ ဆိုတော့တွင်းနက်ကြီးတွေ ပေါ်လာတယ်။ အဲဒီလို တွင်းနက်ကြီးတွေ ပေါ်လာတာကို ရိုးရိုး မျက်လုံးနဲ့ မမြင်ရဘူး။ ရိုးရိုး အဝေးကြည့်မှန်ပြောင်းနဲ့ လည်း မမြင်ရဘူး။ သူက ဘယ်လို ရောင်ခြည်မျိုး ထုတ်သလဲ ဆိုတော့ X-ray ရောင်ခြည်တို့ မိုက်ခရိုဝေ့ဖ် ရောင်ခြည်တို့။ အဲဒါတွေနဲ့ တိုင်းတာတဲ့ စက်တွေနဲ့ သူတို့က အနှစ် ၃၀ လောက် တိုင်းပြီးတဲ့ အခါကျတော့ ဒီ နဂါးငွေ့တန်းကြီးရဲ့ အလယ်မှာ ဒီဟာမျိုးကြီးတွေ ရှိနေပြီဆိုတာ ပြတဲ့ သုတေသန လုပ်တဲ့ အတွက် သူတို့ကို ပေးတာ ဖြစ်ပါတယ်။

ကျနော်တို့ရဲ့ အနန္တ စင်္ကြာဝဌာထဲမှာ ရှိတဲ့ နဂါးငွေ့တန်း ကလေးတင်၊ ဒီနဂါးငွေ့တန်းရဲ့ အရွယ်အစား ဘယ်လောက် ကြီးသလဲ ဆိုရင် ကျနော်တို့ရဲ့ နေစင်္ကြာဝဌာက လက်တလုံး အထူလောက်ပဲ ရှိမယ် ဆိုရင် ဒီနဂါးငွေ့တန်းက မိုင် ၂၀၀၀ ရှိတယ်။ အဲဒီလို နဂါးငွေ့တန်းပေါင်း သန်းထောင်ပေါင်း မြောက်များစွာရှိတဲ့ စင်္ကြာဝဌာကြီး။ အဲဒီတော့ စဉ်းစားကြည့်ပေတော့ ဘယ်လောက် ကြီးသလဲ ဆိုတာ။”

မေး။ ။“ဒါဆိုတော့ တွင်းနက်ကြီးနဲ့ ပတ်သက်ပြီးတော့ ဘာလို့ ဒီလောက်တောင် လူအများကြီးကို နိုဘဲလ် ဆုပေးတာလဲ။ ဘာကြောင့် ဒီလောက် အရေးကြီးရတာ ပါလဲ။”

ဒေါက်တာ ပဒေသာတင်။. ။“ကျနော့်အမြင်အရ ပြောရလို့ရှိရင် ဒီတွင်းနက်ကြီးကို လေ့လာတာက တပိုင်းပေါ့နော်။ အဓိကက ဘာလဲ ဆိုလို့ရှိရင် ကျနော်တို့ လူသားတွေ ဘယ်လို ဖြစ်လာသလဲ။ ဘယ်အချိန်ကတည်းက လူသားတွေ အသက်ရှင်တဲ့ ဇီဝတွေ ဖြစ်လာသလဲ။ ဒီဇီဝတွေ မဖြစ်ခင်မှာ ဒီ တိမ်တိုက်ကြီးတွေနဲ့ ဒီစင်္ကြာဝဌာကြီးတွေ ဘယ်လိုပေါ်လာသလဲ။ ဒါသိချင်တာပေါ့နော်။
အဲဒီတော့ အဲဒီဟာကို လေ့လာတဲ့အတွက် ကမ္ဘာကြီး ဘယ်တုန်းက စခဲ့သလဲ။ လူသားတွေ ဘယ်တုန်းက စခဲ့သလဲ။ ဒါမှမဟုတ်လို့ရှိရင် ဒီစင်္ကြာဝဌာကြီး ဘယ်တုန်းကစခဲ့သလဲ။ ဒီစင်္ကြာဝဌာကြီး မစခင် မှာရော အချိန် ဆိုတာ ရှိသလာ။ T= 0 အချိန်စ ဖြစ်တဲ့ အချိန်ဟာ ဘယ်တုန်းကလဲ။ နောက်ပြီး ဒီစင်္ကြာဝဌာကြီး စခဲ့တဲ့ဟာ big bang သီအိုရီ ဆိုပါစို့နော်။ ဒီ ပေါက်ကွဲမှုကြီးနဲ့ ဖြစ်ခဲ့တယ် ဆိုတဲ့ သီအိုရီ။ အဲဒါတွေ ပေါ့နော်။ လူရဲ့ စူးစမ်းချင်စိတ်၊ ဘာကြောင့် ဖြစ်လဲ ဆိုတာကို သိချင်တဲ့စိတ်ကနေ လှုံ့ဆော် ပြီးတော့မှ ဒါတွေကို သုတေသနလုပ် ကြတာလို့ ကျနော်မြင်ပါတယ်။”

“အဲဒီတော့ လူတွေရဲ့ သုတေသန လုပ်ချင်စိတ်ကို ပိုပြီးတော့ အားသန်အောင် လုပ်ပေးတာ ပေါ့နော်။”

“ ဟုတ်ပါတယ်။ ဒါကအဓိကပါ။”

ဒေါက်တာ ပဒေသာတင်ပါ။ ရူပဗေဒ နိုဘဲယ်ဆု ရသူ ၃ ဦးအတွက် ရွှေတံဆိပ်အပြင် အမေရိကန် ဒေါ်လာ ၁.၁ သန်းကို ဆုချီးမြှင့်တဲ့ ဆွီဒင် တော်ဝင် အကယ်ဒမီက ပေးအပ်ခဲ့တယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG