သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည်ကခွဲထွက်ရေး စစ်သွေးကြွအဖွဲ့ကို အကြမ်းဖက်စာရင်းမှ ကန်ပယ်ဖျက် 


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန

(Zawgyi/Unicode)

အရှေ့တာကစ္စတန် အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ (ETIM) လို့ ခေါ်တဲ့ တရုတ်ခွဲထွက်ရေးအဖွဲ့ကို အမေရိကန် ပြည်ထောင်စုက အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားရာကနေ ပြန်လည် ပယ်ဖျက်ပေးလိုက်ပါတယ်။

အဲဒီအဖွဲ့ဟာ တရုတ်နိုင်ငံ Xinjiang ပြည်နယ်က Uighurs မူဆလင် လူနည်းစုတွေ အတွက် တိုက်ပွဲ ဝင်နေတာလို့ ကြေညာထား ပြီး အာဖဂန် နစ္စတန် နိုင်ငံအတွင်း လှုပ်ရှားနေတယ်လို့ စွပ်စွဲခံထားရတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကတော့ အဲဒီ အဖွဲ့ဟာ တရုတ်နိုင်ငံ အနောက်ပိုင်းက Uighurs မူဆလင် ၁၀ သန်း နေထိုင်ပြီး သဘာဝရင်းမြစ် ကြွယ်ဝတဲ့ Xinjiang ပြည်နယ်ထဲ အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဖို့ ကြံစည်နေတယ်ဆိုပြီး စွပ်စွဲထားတာ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ၊ ပြည်ပရောက် Uighurs တွေနဲ့ အနောက်နိုင်ငံတွေက တရုတ်တို့ Uighurs မူဆလင်တွေကို ထိန်းသိမ်းရေး စခန်းတွေမှာ ဖိနှိပ်ချုပ်ခြယ်ထားရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရှိန်တိုးမြှင့် ဝေဖန်ဖိအားပေး လာနေ တာပါ။ တရုတ်တို့ကတော့ အစွန်းရောက် အစ္စလာမ် အယူအဆကို တိုက်ဖျက်ဖို့ အခုလို လုပ်ရတာလို့ ပြောပါတယ်။

ကြာသပတေးနေ့ကထုတ်ပြန်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့ ရက်စွဲ တပ်ထားတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ရဲ့ ကြေညာချက်မှာတော့ အရှေ့ တာကစ္စတန် အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ (ETIM) ကို အကြမ်းဖက် အဖွဲ့စာရင်းထဲကနေ ပယ်ဖျက်လိုက် ပြီလို့ ဖော်ပြထားပါတယ်။

အမေရိကန်တို့က အဲဒီ အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ၂၀၀၃ ခုနှစ်ကတည်းက တရားဝင် ထည့်သွင်း သတ်မှတ်ထားတာပါ။

ETIM အဖွဲ့ကို အကြမ်းဖက် စာရင်းကနေ ထုတ်ပယ်လိုက်တဲ့ အမေရိကန်တို့ရဲ့ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin က ရှုတ်ချလိုက်ပြီး အဲဒီ အဖွဲ့ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အကြမ်းဖက်အဖွဲ့အစည်းစာရင်းထဲ မှာ ပါဝင်တယ်လို့ ပြောပါတယ်။

အာဖဂန် နစ္စတန်နိုင်ငံထဲ ETIM အဖွဲ့ဝင် တိုက်ခိုက်ရေးသမား ၁၀၀ ဝန်းကျင် ရှိတယ်လို့ အမေရိကန်တို့က ခန့်မှန်းထားပါတယ်။ ဇူလိုင်လတုန်းကတော့ ကုလသမဂ္ဂက တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ အာဖဂန်နစ္စတန် Badakhshan ပြည်နယ်ထဲက အဖွဲ့ ၂ ခုနဲ့ဆက်နွယ် တဲ့ ETIM အဖွဲ့ဝင် ၅၀၀ လောက်ရှိတယ်လို့ အစီရင်ခံစာထားပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)









XS
SM
MD
LG