သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်မြစ်ညာ မိုးဇလ အခြေအနေ မြစ်အောက်ပိုင်းနိုင်ငံများသို့ တရုတ် ပုံမှန်ဖြန့်ဝေမည်


Sông Mekong đoạn đi qua Nakhon Phanom, Thái Lan, ngày 24/07/2019.
Sông Mekong đoạn đi qua Nakhon Phanom, Thái Lan, ngày 24/07/2019.

(Zawgyi/Unicode)

မဲခေါင်မြစ် အထက်ပိုင်းက မြစ်ရေနဲ့ မိုးရေချိန် တိုင်းတာချက်တွေကို တနှစ်ပတ်လုံး မဲခေါင်မြစ် ကော်မရှင်ကို ပေးဖို့ တရုတ်က သဘောတူလိုက်ပါပြီ။ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေ ပါတဲ့ မဲခေါင်မြစ် ကော်မရှင်နဲ့ တရုတ်နိုင်ငံတို့ကြား တရားဝင် သဘောတူညီချက်ကို အောက်တိုဘာလ ၂၂ ရက်နေ့ ကြာသပတေးနေ့က လက်မှတ်ထိုးခဲ့တာပါ။

ပြီးခဲ့တဲ့ ၁၈ နှစ်တာ ကာလအတွင်း မဲခေါင်မြစ် အထက်ပိုင်း ယူနန်ပြည်ထဲက မိုးရေချိန်နဲ့ မြစ်ရေ တိုင်းတာရေး စခန်း ၂ ခုက ရတဲ့ အချက်အလက်တွေကို ဇွန်လကနေ အောက်တိုဘာလ အတွင်း မဲခေါင်မြစ် ကော်မရှင်ကို ပေးနေတာပါ။ အခု သဘောတူညီချက်သစ် အရ မဲခေါင် အထက်ပိုင်း မိုးရေချိန် ၊ မြစ်ရေ အဆင့် တိုင်းတာချက်တွေကို တရုတ်ဘက်က တရက်ကို ၂ ကြိမ်နဲ့ တနှစ်ပတ်လုံး ပေးရမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့က မဲခေါင်မြစ်ကော်မရှင်နဲ့ တရုတ်ကြား မဲခေါင်မြစ်ကြောင်း ဆိုင်ရာ အချက်အလက် မျှဝေရေး သဘောတူညီချက် ရခဲ့တဲ့ အစည်းအဝေးကို မြန်မာလည်း တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ မဲခေါင်မြစ် ကော်မရှင်မှာ မပါဝင်ပါဘူး။

တရုတ်ဘက်က မဲခေါင်မြစ်ကြောင်းဆိုင်ရာ အချက်အလက်တွေ တနှစ်ပတ်လုံးပေးမယ့် အချက်ကြောင့် မဲခေါင်မြစ်ကြောင်း အောက်ပိုင်းနိုင်ငံတွေမှာ ပျက်စီးဆုံးရှုံးမှု များနိုင်တဲ့ ရုတ်တရက် မြစ်ရေကြီးမှု၊ မြစ်ရေ လျော့ကျမှုလို ကိစ္စတွေကို ကြိုပြီး တွက်ချက်နိုင်ရေး အထောက်အကူ ဖြစ်နိုင်ပေမယ့်လည်း တရုတ်ဘက် အချက်အလက် ရတာ နောက်ကျတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အတွင်း မဲခေါင်းမြစ် အောက်ပိုင်း နိုင်ငံတွေမှာ ဆိုးဆိုးရွားရွား မိုးခေါင်ရေရှားမှုဟာဆိုရင် တရုတ်နိုင်ငံတွင်းက ဆည်တွေကြောင့်လို့ အမေရိကန် သုတေသနလုပ်ငန်းကြီး Eyes on Earth က ကောက်ချက်ချထားတာပါ။ တရုတ်ဘက်ကတော့ ဒီပြောဆိုချက်ကို ငြင်းပါတယ်။ မဲခေါင်မြစ် အထက်ပိုင်းမျာလည်း ပုံမှန်ထက် မိုးရေချိန် လျော့နည်းခဲ့တယ်လို့ ချေပ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)






XS
SM
MD
LG